Wednesday, January 6, 2010

အမြဲပွားတိုး ကုသိုလ် ခြောက်မျိုး


အပြစ်ကင်း၍ ကောင်းကျိုးချမ်းသာ အဖြာဖြာကို ဖြစ်စေသည့် အလုပ်သည် “ကုသိုလ်အလုပ်” ဖြစ်၏။

‘ကုသလံ အနဝဇ္ဇ သုခ ဝိပါက လက္ခဏံ’ဟု လာ၏။

ကုသိုလ်သည် စိတ်ကို ဖြူစင်စေသောကြောင့် ‘ပုည’လည်း မည်၏။

ကုသိုလ်ကို အကျဉ်းချုပ်လိုက်လျှင် “ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်”ဟူ၍ သုံးမျိုး ရှိ၏။

ဒါနကုသိုလ်နှင့် ပတ်သက်ပြီး တစ်ကြိမ်တစ်ခါ ပြုလုပ်လျှင် “ကုသိုလ်တွေ အမြဲတိုးပွားနေသည့် ဒါနကုသိုလ် ခြောက်မျိုး” (ထာဝရဒါန ၆-မျိုး) ကို သဒ္ဓါကြည်လင် ပါရမီရှင်များ အထူး သိရှိအပ်လှ၏။

ယင်းကုသိုလ် ခြောက်မျိုးကို ရွှေ့ပြောင်း၍ မရသော ပစ္စည်းဝတ္ထုများကို လှူဒါန်းသော ကုသိုလ်မျိုး ဖြစ်သောကြောင့် ‘ထာဝရကုသိုလ်’ဟု ခေါ်၏။

ထိုကုသိုလ်ခြောက်မျိုးမှာ -
၁။ အရာမ်ဥယျာဉ် ခြံမြေကို လှူဒါန်းခြင်း။
၂။ သစ်ပင်များ၊ သစ်တောများကို စိုက်ပျိုး လှူဒါန်းခြင်း။
၃။ လမ်း တံတား ဆောက်လုပ် လှူဒါန်းခြင်း။
၎။ ရေအိုးစင် ရေအေးစက် လှူဒါန်းခြင်း။
၅။ ရေတွင်း ရေကန် လှူဒါန်းခြင်း။
၆။ ကျောင်း ဇရပ် ဆေးရုံ စာသင်ကျောင်း ဓမ္မာရုံများ လှူဒါန်းခြင်း ဟူ၍ ကျမ်းဂန်များ၌ ဖော်ပြထား၏။
(သံ၊ ၁၊ ၃၀၊ ၃၁။)


“အရာမ်သစ်ပင်၊ ရေအိုးစင်နှင့်
ထို့ပြင်ရေတွင်း၊ ခင်းသည့်တံတား
ကျောင်းကားတစ်ခု၊ ခြောက်စုဒါန
စိုက်ပျိုးရ၍၊ ဒိဝရတ္တိ
အောက်မေ့မိက၊ ညနေ့မချာ
ပွားသည်သာဟု
သုံးရွာလူ့ဘ၊ ညွှန်ပြရွှေနှုတ်
ကျမ်းသံယုတ်မှာ၊ တိုက်ရိုက်လာသည်
သေခါမမှား နတ်ရွာလား။”
(သုံးပုံတံချူကျမ်း၊ ၂၃-၂၄)


ယခုအခါ လောကချမ်းသာစေတီတော်မြတ်ကြီး တည်ရှိတော်မူရာ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့ မဟာစည် သတိပဋ္ဌာန်ရိပ်သာ၌ ခြံမြေအသစ် နှစ်ဧကကို တိုးချဲ့ ဝယ်ယူထားရာ အစဉ် ထာဝရ ကုသိုလ်တွေကို ပွားတိုးစေမည့် ထာဝရဒါနဖြစ်သော “ဥယျာဉ်ခြံမြေ”ကို တစ်ပေပတ်လည် မြေတစ်ကွက်လျှင် ဒေါ်လာ ၁၀၀ ဖြင့် လှူဒါန်းနိုင်ကြပါပြီ။


လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးကိုလည်း ၂၀၁၀ ခုနှစ်တွင် စတင် အုတ်မြစ်ချ တည်ဆောက်တော့မည်ဖြစ်ရာ တစ်စုလျှင် ၁၀ ဒေါ်လာဖြင့် မိမိတို့ သဒ္ဓါစွမ်းအားရှိသလောက် ထာဝရဒါနဖြစ်သော ကျောင်း ဇရပ် ဓမ္မာရုံအလှူကြီးကိုလည်း လှူဒါန်းနိုင်ကြပါပြီ။

ဤနေရာဌာနသို့ ဘုရားဖူးလာရောက်ကြသူများ၊ တရားအားထုတ်ရန် လာရောက်ကြသူများကြောင့် မိမိတို့မှာ ကုသိုလ်ကောင်းမှုများ အမြဲတိုးပွားနေမည်ဖြစ်သဖြင့် ယင်းကုသိုလ်အားများကြောင့် ဘဝသံသရာထဲမှာ ချမ်းချမ်းသာသာ ကျင်လည်ကြရမည် ဖြစ်ပါသည်။

ပါရမီကုသိုလ်များ ပြည့်စုံသောအခါ မဂ်ဉာဏ် ဖိုလ်ဉာဏ် တရားထူး တရားမြတ်များကို ရရှိပြီး ဒုက္ခခပ်သိမ်း အေးငြိမ်းရာ မြတ်နိဗ္ဗာန်ကို ဧကန် မုချ ရရှိ မျက်မှောက်ပြုနိုင်ကြမည် အမှန် ဖြစ်ပါသတည်း။

+++++

လှူဒါန်းနိုင်သော အလှူဒါနများ

၁။ ဓမ္မာရုံအလှူ = တစ်စုလျှင် ၁၀ ဒေါ်လာ (မိမိတို့ ဆန္ဒအလိုက် အစုများစွာ လှူဒါန်းနိုင်ပါသည်။)
၂။ ခြံမြေအသစ် မြေတစ်ကွက် = ဒေါ်လာ ၁၀၀
၃။ ခြံစည်းရိုး ငါးပေ တစ်ခန်း = ဒေါ်လာ ၁၀၀
၎။ ခြံစည်းရိုး သစ်ပင်ကြီး တစ်ပင် = ဒေါ်လာ ၂၀၀
၅။ ခြံစည်းရိုး သစ်ပင်အသေး တစ်ပင် = ဒေါ်လာ ၅၀


လှူဒါန်းနိုင်သော ဌာနများ

America Burma Buddhist Association Inc.
619 Bergen Street
Brooklyn, NY 11235
USA
Phone: (718) 622-8019

America Burma Buddhist Association Inc.
63 Gordon’s Corner Road
Manalapan, NJ 07726
USA
Phone: (732) 446-1552

Please make your donation check payable to ABBA.
Online donation is also available at www.mahasiusa.org.

1 comment:

Unknown said...

nice web 'n' blog, we have to watching for that. Thanks.