Sunday, January 24, 2016

Sunday, January 17, 2016

ကောကခွေးမုဆိုး၊ ကျောက်သွေးသမား၏ဆရာ အရှင်တိဿ နှင့် စရဏတစ်ဆယ့်ငါးပါး

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ ၁၆-ရက် စနေနေ့ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃ နာရီခွဲ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဂါထာအမှတ် ၁၂၅ - ကောကခွေးမုဆိုးဝတ္ထုနှင့် ဂါထာအမှတ် ၁၂၆ - ကျောက်သွေးသမား၏ဆရာ အရှင်တိဿ မထေရ်ဝတ္ထုတို့ကို ပို့ချပေးလေသည်။

ညနေ ၅ နာရီခွဲ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် `စရဏတစ်ဆယ့်ငါးပါးတရားတော်´ဖြင့် ဓမ္မဒါနပြု၏။

Sunday, January 10, 2016

ကုက္ကုဋမိတ္တငှက်မုဆိုးနှင့် ဘုရားပေးတဲ့ မကြောက်ဆေး

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ ၉-ရက် စနေနေ့ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်ပေး၏။

မွန်းလွဲ ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ အမှတ် ၁၂၄-ကုက္ကုဋမိတ္တနေသာဒ၀တ္ထုကို ပို့ချပေး၏။

ဓမ္မပဒသင်တန်းအပြီး ခေတ္တနားချိန်တွင် ဘုရားခန်း၌ ဆင်ယင်ထားသော တန်ဆောင်တိုင်နှင့် နှစ်သစ် ရောင်စုံမီးများကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းကြ၏။

ပြီးသော် ဘော်စတွန်ကျောင်းသို့ ခေတ္တ ကြွရောက်နေသာ ဆရာတော် ဦးပညာဇောတ ပြန်လည် ရောက်ရှိနေသဖြင့် အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချပေးသည်။

အဘိဓမ္မာသင်တန်းပြီးသော် ဘုရားခန်း သန့်ရှင်းရေးကုသိုလ် ယူကြပြန်၏။ ညနေ ၇-နာရီတွင် လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက `ဘုရားပေးတဲ့ မကြောက်ဆေး´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

Sunday, January 3, 2016

နှစ်သစ် (၂၀၁၆) ဆုတောင်း မေတ္တာပို့သပွဲ (၃-ဇန်န၀ါရီ-၂၀၁၆)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)၏ ၂၀၁၆-ခုနှစ် နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲကို အသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ ၃-ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်ကျင်းပ၏။

ကိုသက်တင်ထူးနှင့် မလိန်းလိန်း မိသားစုက ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား အာပူလျှာပူနှင့် မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။

မွန်းလွဲ ၁-နာရီတွင် ဆုတောင်း မေတ္တာပို့သပွဲ အခမ်းအနားကို ကျင်းပရာ Wisconsin ပြည်နယ်၊ Milwaukee မြို့၊ ကမ္မဒါယာဒကျောင်း ဆရာတော် အရှင်ဇာဂရ (ကံထွန်းသစ်)က အနုမောဒနာတရား ချီးမြှင့်၏။

`ဓမ္မဂုဏ်´ နှင့် `ဘဝရဲ့ ဘယ်နဲ့ညာ´

၂၀၁၆-ခုနှစ် ဇန်နဝါရီလ ၂-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ နှစ်သစ် ပထမဦး စနေနေ့ ဓမ္မသင်တန်းတွင် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲတွင် Wisconsin ပြည်နယ်၊ Milkwaukee မြို့၊ ကမ္မဒါယာဒကျောင်းတွင် သီတင်းသုံးသော ဆရာတော် အရှင်ဇာဂရ (ကံထွန်းသစ်)က `ဓမ္မဂုဏ်´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

မွန်းလွဲပိုင်း တရားပွဲအပြီး ခေတ္တ အားလပ်ချိန်၌ ဓမ္မသင်တန်းမိတ်ဆွေများက သင်တန်းသူ ဒေါ်ယဉ်ယဉ်အေးအား မွေးနေ့ကိတ်ဖြင့် အမှတ်တရပြုလုပ်ပေးကြ၏။

ညနေ ၆-နာရီ လောချမ်းသာဆည်းဆာတရားပွဲတွင်လည်း ဆရာတော် အရှင်ဇာဂရ (ကံထွန်းသစ်)ကပင် `ဘဝရဲ့ ဘယ်နဲ့ညာ´တရားတော်ဖြင့် ဟောကြား ဓမ္မဒါနပြု၏။

Saturday, January 2, 2016

ညောင်ကန်အေး လောကချမ်းသာ ပရဟိတကျောင်း နှစ်သစ်မင်္ဂလာအလှူ

ညောင်ကန်အေး လောကချမ်းသာ ပရဟိတကျောင်းတွင် နှစ်ဖက်မိဘများအား အမှူးထား၍ ဦးမျိုးဝင်းနှင့်ဒေါ်အေးကြည် မိသားစုက နှစ်သစ်မင်္ဂလာ အရုဏ်နှင့် နေ့ဆွမ်း လှူဒါန်းကြသည်။ IMG_3001 IMG_3004 IMG_3006 IMG_3014 IMG_3017 IMG_3020 IMG_3021 IMG_3022 IMG_3026 IMG_3028 IMG_3030 IMG_3037 IMG_3039 IMG_3058 IMG_3062 IMG_5877 IMG_5887 IMG_5897 IMG_5905 IMG_5906 IMG_5909

Friday, January 1, 2016

Pedestrian Lights at NJ Meditation Center

လူသွားလမ်း မီးတိုင် (၁၈)တိုင် အလှူရှင်များ

၁။ ဦးအောင်စိုး + ဒေါ်ခင်နီလာ နှင့် သမီး - ဒေါ်လာ ၁၇၀၀

၂။ ဦးအောင်စိုး + ဒေါ်ခင်နီလာ နှင့် သမီး - ဒေါ်လာ ၁၇၀၀

၃။ ဦးမျိုးဝင်းအား ရည်စူး၍ ဇနီး ဒေါ်လီလီဝင်းနှင့် မိသားစု - ဒေါ်လာ ၁၇၀၀

၎။ ဦးဟုတ်သွင်၊ ဒေါ်ကင်တီ၊ ဦးမျိုးဝင်းတို့အား ရည်စူး၍ သား၊ သမီး၊ ညီ၊ အစ်ကို၊ မောင်နှမများ - ဒေါ်လာ ၁၇၀၀

၅။ ဦးဟုတ်သွင်၊ ဒေါ်ကင်တီ၊ ဦးမျိုးဝင်းတို့အား ရည်စူး၍ သား၊ သမီး၊ ညီ၊ အစ်ကို၊ မောင်နှမများ - ဒေါ်လာ ၁၇၀၀

၆။ အေဘီဘီအေ ဝေယျာဝစ္စအဖွဲ့ (နယူးယောက်၊ နယူးဂျာစီ) - ဒေါ်လာ ၁၇၀၀

၇။ ဦးသန်းနိုင်အား ရည်စူး၍ ဇနီး ဒေါ်ဂျက်နက်မိသားစု - ဒေါ်လာ ၁၇၀၀

၈။ ဒေါက်တာထွန်းညွန့် + ခင်မီမီသိန်း၊ သမီး သီရိကေသွယ်ညွန့်၊ သား သတိုးညွန့် - ဒေါ်လာ ၁၇၀၀

၉။ နှစ်ဘက်မိဘများအား အမှူးထား၍ ကိုအေးမောင် + မမြမြစန်း၊ သား Simon, Nicholas & Duke - ဒေါ်လာ ၁၇၀၀

၁၀။ နှစ်ဘက်မိဘများအား အမှူးထား၍ ကိုအေးမောင် + မမြမြစန်း၊ သား Simon, Nicholas & Duke - ဒေါ်လာ ၁၇၀၀

၁၁။ Murali Krishnaswamy & Shyamala Muralikrishnan - ဒေါ်လာ ၁၇၀၀

၁၂။ (အလှူရှင် မရှိသေးပါ။)

၁၃။ (အလှူရှင် မရှိသေးပါ။)

၁၄။ (အလှူရှင် မရှိသေးပါ။)

၁၅။ (အလှူရှင် မရှိသေးပါ။)

၁၆။ (အလှူရှင် မရှိသေးပါ။)

၁၇။ (အလှူရှင် မရှိသေးပါ။)

၁၈။ (အလှူရှင် မရှိသေးပါ။)

မီးတိုင်လှူဒါန်းလိုသူများ အနေဖြင့် နယူးဂျာစီကျောင်း တယ်လီဖုန်း (၇၃၂) ၄၄၆-၁၅၅၂ သို့မဟုတ် နယူးယောက်ကျောင်း (၇၁၈) ၆၂၂-၈၀၁၉ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။