Sunday, June 23, 2013

ဒုက္ခ၏ အဆုံးအစကို ဗုဒ္ဓ၏ အဆုံးအမဖြင့် သိနိုင်သည် - အရှင်ဝိမလ

၂၀၁၃ ခုနှစ် ဇွန်လ (၂၂)ရက် စနေနေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ တရားရှုမှတ်ခြင်းနှင့် တရားပွဲများ ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

DSC04829

ဓမ္မပဒနှင့် အဘိဓမ္မာဆိုင်ရာ ဓမ္မသင်တန်းပြ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာ မေရီလင်းပြည်နယ်သို့ ကြွရောက်နေသဖြင့် ဓမ္မသင်တန်းများ မရှိဘဲ ညနေ ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `ဒုက္ခ၏ အဆုံးအစကို ဗုဒ္ဓ၏ အဆုံးအမဖြင့် သိနိုင်သည်´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။

DSC04831

Sunday, June 16, 2013

ဝိသာခါဝတ္ထု၊ သမုစ္စည်းပိုင်း-အကုသလသင်္ဂဟနှင့် ဓမ္မစကြာအခါတော်နေ့ အစမ်းလေ့ကျင့်ခြင်း

၂၀၁၃ ခုနှစ် ဇွန်လ (၁၅)ရက် စနေနေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ကျင်းပ ပြုလုပ်ရာ၊ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

IMG_1760

ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒသင်တန်းအဖြစ် ဝိသာခါဝတ္ထုအဆက်ကိုလည်းကောင်း၊

အဘိဓမ္မာသင်တန်းအဖြစ် သမုစ္စည်းပိုင်း၊ အကုသလသင်္ဂဟကိုလည်းကောင်း သင်ကြား ပို့ချပေးလေသည်။

ညနေတွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနား အစမ်းလေ့ကျင့်ခြင်းအဖြစ် ဓမ္မစကြာနှင့် ဟေမဝတသုတ်တို့ကို ရွတ်ဆို ပူဇော်ကြ၏။

IMG_1764
IMG_1766
IMG_1769

Sunday, June 9, 2013

ဝိသာခါ၊ ရုပ်ဖြစ်စဉ်နှင့် `တာဝန်ကိုယ်စီ ရှိကြသည်´

၂၀၁၃ ခုနှစ် ဇွန်လ (၈)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် - ဓမ္မပဒသင်တန်း၊ ပုပ္ဖဝဂ် ဂါထာ-၅၃ ဝိသာခါဝတ္ထုအဆက်ကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေးပြီး၊

အဘိဓမ္မာသင်တန်း ရုပ်ပိုင်း၊ ရုပ်ဖြစ်စဉ်ကိုလည်း ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် သင်ကြားပေးကာ၊

ညနေ လောကချမ်းသာဆည်းဆာတရားပွဲတွင် တိပိဋကဓရဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရက `တာဝန်ကိုယ်စီ ရှိကြသည်´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

DSC04819
DSC04820
DSC04821
DSC04827

Monday, June 3, 2013

`အလှည့် ပြန်လာမှာပါ´ - မဇ္ဈိမဂုဏ်ရည်ဆရာတော်

၂၀၁၃ ခုနှစ် ဇွန်လ (၂)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒက ဒုတိယနေ့ ဓမ္မသဘင်အဖြစ် `အလှည့် ပြန်လာမှာပါ´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

IMG_1758

Sunday, June 2, 2013

ရုပ်ဖြစ်စဉ်၊ ဝိသာခါဝတ္ထုနှင့် `ဘဝရထား မနားသေးခင်´

၂၀၁၃ ခုနှစ် ဇွန်လ (၁)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းများနှင့် တရားပွဲများ ကျင်းပ ပြုလုပ်ရာ -

မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ၊ ရုပ်ပိုင်း - ရုပ်ဖြစ်စဉ်အကြောင်းကိုလည်းကောင်း -

ညနေ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ဓမ္မပဒ၊ ပုပ္ဖဝဂ် - ဂါထာ ၅၃ ဝိသာခါဝတ္ထုအကြောင်းကိုလည်းကောင်း သင်ကြား ပို့ချပြီး၊

ညနေ ၇ နာရီ လောကချမ်းသာ ဆည်းဆာဓမ္မသဘင်အဖြစ် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒက `ဘဝရထား မနားသေးခင်´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

DSC04814