Wednesday, September 18, 2013

ဂရဟဒိန္န၀တ္ထု၊ ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်နှင့် နိဗ္ဗာန်ရောက်ကြောင်း

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၃-ခုနှစ် စက်တင်ဘာလ (၁၄)ရက် စနေနေ့ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းများနှင့် တရားပွဲများအဖြစ် -

မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော် ချီးမြှင့်ခြင်း၊ မွန်းလွဲ ၃း၁၅ နာရီမှ ၄ နာရီခွဲအထိ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပုပ္ဖ၀ဂ် ဂါထာ ၅၈-၅၉ ဂရဟဒိန္န၀တ္ထု၊ ညနေ ၅ နာရီမှ ၅း၄၅ နာရီထိ ဆရာတော် အရှင်ဉာဏိဿရ (မော်လူး)က အဘိဓမ္မာ၊ ပုဂ္ဂလပညတ်ကျမ်း ကောက်နုတ်ချက်၊ ညနေ ၆ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ၊ ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်တို့ကို သင်ကြား ပို့ချခြင်းနှင့် ညနေ ၇ နာရီတွင် လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် ဓမ္မဘေရီဆရာတော် အရှင်ဝိရိယ(တောင်စွန်း)က နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကို ဓမ္မဒါနပြု ဟောကြားခြင်းများ ပြုလုပ်ခဲ့၏။

DSC00317
DSC00323
DSC00324
DSC00329
DSC00332
DSC00335
DSC00339
DSC00340

Friday, September 13, 2013

ဂေါဓိကတ္ထေရပရိနိဗ္ဗာန၀တ္ထု၊ ပစ္စည်းပိုင်း(ပဋိစ္စသမုပ္ပါဒ်)နှင့် `မသေဆေး ရှာပုံတော်´

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၇-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများနှင့် လောကချမ်းသာဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်ရာ -

မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာ တရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီထိ ဓမ္မပဒသင်တန်းတွင် ဆရာတော်ဦးဥဂ္ဂပဏ္ဍိတက ပုပ္ဖ၀ဂ်၊ ဂါထာ ၅၇-ဂေါဓိကတ္ထေရပရိနိဗ္ဗာန၀တ္ထုကိုလည်းကောင်း၊ ၄း၄၅ နာရီတွင် ဆရာတော်ဦးဥဂ္ဂပဏ္ဍိတကပင် ဓာတုကထာကျမ်း ကောက်နုတ်ချက်နှင့် အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်းကောင်း သင်ပြ ပို့ချပေး၏။

လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် ညနေ ၇-နာရီတွင် (၁၁)ပါးမြောက် တိပိဋကဓရဆရာတော်၊ ဘဒ္ဒန္တဣန္ဒပါလက `မသေဆေး ရှာပုံတော်´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။

DSC00269
DSC00272
DSC00275
DSC00277
DSC00289 DSC00291 DSC00293

Thursday, September 5, 2013

ဧကာဒသမ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ၏ တရားပွဲ (၇-စက်တင်ဘာ-၁၃)

ဧကာဒသမ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၏ တရားပွဲကို ၂၀၁၃-ခုနှစ် စက်တင်ဘာလ (၇)ရက် စနေနေ့ ညနေ ၇-နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ တရားတော်နာ ကြွရောက်ကြပါရန် ရိုသေ လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

Bio-01Bio-02Bio-03Bio-04Bio-05Bio-06Bio-07Bio-08

ဓမ္မဘေရီဆရာတော်၏ ဓမ္မသင်တန်း (သြဂုတ် ၃၁ - စက်တင်ဘာ ၂) ဓာတ်ပုံများ

IMG_4256 IMG_4258 IMG_4262 IMG_4268 IMG_4269 IMG_4270 IMG_4271 IMG_4273 IMG_4276

မဟာကဿပတ္ထေရပိဏ္ဍပါတဒိန္န၀တ္ထု၊ သဗ္ဗသင်္ဂဟနှင့် `ကိလေသာနည်းပါးစေရေး´

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၄-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ကျင်းပမြဲ ဓမ္မသင်တန်းများနှင့် တရားပွဲများ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာ တရားဓမ္မ ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပုပ္ဖဝဂ်လာ ဂါထာ ၅၆-မဟာကဿပတ္ထေရပိဏ္ဍပါတဒိန္နဝတ္ထုအကြောင်းကိုလည်းကောင်း၊ ၄-နာရီခွဲတွင် ဆရာတော် အရှင်ဝိမလက အဘိဓမ္မာပိဋကလာ ဝိဘင်္ဂကျမ်းအကြောင်းကိုလည်းကောင်း၊ ညနေ ၅-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတ အဘိဓမ္မာသင်တန်းအဖြစ် သမုစ္စည်းပိုင်း၊ သဗ္ဗသင်္ဂဟကိုလည်းကောင်း သင်ကြား ပို့ချပေးကြ၏။

ညနေ ၇-နာရီ လောကချမ်းသာဆည်းဆာတရားပွဲဝယ် ဆရာတော်အရှင်ဝိမလက `ကိလေသာနည်းပါးစေရေး´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။

DSC00237
DSC00247
DSC00242
DSC00247
DSC00250