Monday, January 21, 2008

အေဘီဘီအေ နှစ်ဦး ဆုတောင်းမေတ္တာပို့သပွဲမှတ်တမ်း


အမေရိကန် မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ ၂၀၀၈ ခုနှစ် နှစ်ဦး ဆုတောင်းမေတ္တာပို့သပွဲကို ဇန်နဝါရီလ ၆-ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။

အလှူရှင် ဦးခိုင်လင်း-ဒေါ်ခင်ဝင်းမြင့်၊ (သား) ခရစ်စတိုဖာဝေါင်း မိသားစုက ဒန်ပေါက်ထမင်းဖြင့်လည်းကောင်း၊ ဦးမြင့်သိန်း-ဒေါ်မြင့်မြင့်စန်းမိသားစုက လက်ဖက်ရည်အချိုဖြင့်လည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ပွဲတော်လာ ဧည့်ပရိသတ်တို့အား ကျွေးမွေးဧည့်ခံခြင်း ကောင်းမှုကုသိုလ် ပြုကြ၏။

သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး၊ ပရိတ်သတ်များကို ဦးဆောင်ကာ စုပေါင်း၍ ဆုတောင်း မေတ္တာပို့သမှု ပြုကြ၏။


လောကချမ်းသာဆရာတော် အရှင်ဣန္ဒကမှ တရားဓမ္မဟောကြား ချီးမြှင့်၍


ဘုန်းကြီးဦးအဘယာလင်္ကာရက ရေစက်ချပေးလေသည်။


No comments: