Thursday, April 15, 2010

အေဘီဘီအေ မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲ

နယူးယောက်မြို့၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ “မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲတော်”ကို ၂၀၁၀ ခုနှစ် ဧပြီလ ၁၁ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့၏။

မိဘများဖြစ်ကြသော ဦးဘိုကြီးနှင့်ဒေါ်တီတီတို့ကို ရည်စူး၍ ဒေါက်တာဦးကျော်ထင်-ဒေါက်တာဒေါ်ချိုညွန့်ဝေမိသားစု၊ မောင်နှမ မိသားစုများက ပွဲတော်လာ ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါး၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ် တို့ဖြင့် ကျွေးမွေး ဧည့်ခံ လှူဒါန်းခဲ့ကြ၏။

အေဘီဘီအေ ဝေယျာဝစ္စအဖွဲ့သူအဖွဲ့သားများ၊ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ၊ လုပ်အားဒါနရှင်များကလည်း ဧပြီလ ၁၀ ရက် စနေနေ့နှင့် ဧပြီလ ၁၁ ရက် တနင်္ဂနွေ ပွဲတော်နေ့ နှစ်ရက်စလုံး တက်တက်ကြွကြွ ဝမ်းမြောက်ဝမ်းသာ လုပ်အားဒါန ပေးလှူခဲ့ကြသည်။

ဧပြီလ ၁၀ ရက် စနေနေ့၌ မုန့်ဟင်းခါးချက်ရန် ပြင်ဆင်နေကြစဉ် -





ဧပြီလ ၁၁ ရက် တနင်္ဂနွေနေ့

ရွှေရင်အေးစေဖို့ -




မုန့်လုံးရေပေါ်အတွက် ပြင်ဆင် -



ဧပြီလ ၁၁ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် လောကချမ်းသာဘုရားကြီးအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။





မွန်းလွဲ ၁ နာရီတွင် သံဃာတော်များ ဦးဆောင်၍ မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သကြပြီး၊



လောကချမ်းသာဆရာတော်က အနုမောဒနာတရား ချီးမြှင့်ကာ၊



ဘုန်းကြီး ဦးအဘယာလင်္ကာရက ရေစက်ချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ပေး၏။





ထိုနောက် သံဃာတော်များက ကောင်းကျိုးချမ်းသာ မင်္ဂလာပြည့်စုံစေခြင်း “ဇယန္တော ဗောဓိယာ မူလေ ... ” ပရိတ်တော်ကို ရွတ်ဖတ်တော်မူကြပြီး၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး ဦးစောဝင်းက အောင်သပြေခက်များဖြင့် ပရိတ်ရေစင် ပက်ဖျန်းပေးလေသည်။

No comments: