+ ကုသိုလ်အမှု တစ်ခုခုကို 
ရ,အောင်ပြုသူ အာဂလူဟု
ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။
ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။
+ ရှင်တော်ဘုရား၊ ဟောတရားကို 
သိတိုင်းမှတ်သား၊ ကျင့်ဆောင်ငြားက
ချီးမွမ်းထိုက်သူ အာဂလူဟု
ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။
ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။
+ ခုခါကာလ၊ လူ့လောကဝယ် 
လောဘ ဒေါသာ၊ မိုက်မောဟာနှင့် 
မာနဣဿာ၊ မစ္ဆေရာတို့
နေ့တိုင်းညတိုင်း၊ ခါ မဆိုင်းဘဲ
အမြဲတောက်လျှောက်၊ မီးလျှံတောက်၏။
+ အမိုက်မှောင်ကြီး၊ ဖိကာစီးလည်း 
အလင်းရောင်ကို၊ မရှာလိုဘူး
မှောင်မိုက်ကိုသာ၊ နှစ်သက်စွာဖြင့်
ခုထက်ပိုကဲ၊ အတင့်ရဲ၏။
+ ခုခါကာလ၊ လူ့လောကဝယ် 
ကုသိုလ်အမှု၊ တစ်ခုခုကို 
ရ,အောင်ပြုသူ အာဂလူဟု 
ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။
ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။
ဦးဝိမလ
လောကချမ်းသာ စနေနေ့တရားပွဲ
၃-ဧပြီ-၂၀၁၀
No comments:
Post a Comment