Wednesday, April 7, 2010

သင်္ကြန်

+ သင်္ကြန်သင်္ကေတ
ပါဠိသတ်မှ
သင်္ကန္တပုဒ်
အဓိပ္ပာယ်ထုတ်သော်
ရာသီစက်ဝန်း
လှည့်ပြောင်းခြင်းကို
သင်္ကန္တသည်
သင်္ကြန်မည်သတဲ့။

+ မလွဲဖောက်ပြန်
ရုပ်နာမ်နှစ်ဖြာ
တို့ခန္ဓာလည်း
အတည်မမြဲ
ပြောင်းစမြဲ။

+ ဒီနှစ်သင်္ကြန်
ဒီနှစ်ကျန်၍
(ငါ) ပါဝင်ဆင်နွှဲ
ပြုံးပျော်မြဲ။

+ ဒီနှစ်သင်္ကြန်
သူဖြင့်ကျန်၍
ပါဝင်ဆင်နွှဲ
(သူ)ချော်လွဲခဲ့။

+သင်္ကြန်ကပြောင်းလွဲ
ခန္ဓာကမမြဲ
ခန္ဓာနှင့်သင်္ကြန်
သင်္ကြန်နှင့်ခန္ဓာ
မမြဲတာမို့
သင်္ကြန်များစွာ
ဖြတ်ကျော်လာလည်း
သံဝေမမိ
ဉာဏ်မထိခဲ့။

+ မည်မျှသင်္ကြန်
ရေတွက်ကျန်၍
(ငါ)ပါဝင်ခွင့်ရဦးမည်။
+မည်မျှသင်္ကြန်
ရေတွက်ကျန်၍
(သင်)ပါဝင်ခွင့်ရဦးမည်။

+ သူငါမသိ
သံဝေညှိ၍
ခန္ဓာသတိ
ဉာဏ်မှာထည့်၍
ရှိသမျှသင်္ကြန်
ကျန်သမျှကာလ
အမြတ်ရဖို့
အားထုတ်ကြပါစို့
မိတ်ဆွေတို့။

အရှင်စက္ကိန္ဒ
လောကချမ်းသာ
မတ် ၂၆, ၂၀၁၀

No comments: