Tuesday, February 5, 2008

လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး



လောကတလွှား၊ လူသားပေါင်းစုံ

ကမ္ဘာလောက၊ နေကြဖုံဖုံ

ချမ်းသာသုခ၊ ပြည့်ဝကုံလုံ

သာသနာ့ ပြုကြ ခွင့်ခါကြုံ။

ဓာတ်တော်မွေတော်၊ ပူဇော်ကြကုန်

ပေါင်းသဟာများ၊ ညီထားတူစုံ

စုကာပေါင်းစု၊ ကောင်းမှုဖုံဖုံ

ဆုတောင်းကြ သုခ နိဗ္ဗာန်ဘုံ။

တောင်းတသည့်တိုင်း၊ မဆိုင်းမှန်စွာ

ပြည့်ပြည့်ဝဝ၊ ရကြဖို့ရာ

စေတနာထား၊ ကြိုးစားသူငါ

တီထွင်ကြ ပြုကြ သာသနာ။

တော်ပေစွာ့ ခေါ်ကြ သာဓုပါ။

မြတ်ပုည ပြုကြ ဖန်ခါခါ။

ကြီးပွားရေး အားပေး သာသနာ။


အရှင်စက္ကိန္ဒ

(၂၀၀၁-ခုနှစ် ဧပြီ-မေ၊ လောကချမ်းသာ၊ အတွဲ-၁၁ အမှတ်-၂၊ စာ-၆)

No comments: