မွန်းလွဲ ၂-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃ နာရီခွဲတွင် ဆရာတော် အရှင်ပညာဇောတ ဦးဆောင်၍ ကဆုန်လပြည့် ဗုဒ္ဓပူဇာသဘင် စုပေါင်း ပြုလုပ်ကြ၏။

ညနေ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတကပင် `အကောင်းဆုံးနေနည်း´တရားတော် ဒုတိယပိုင်းကို ဟောကြား ဓမ္မဒါနပြုလေသည်။

No comments:
Post a Comment