Monday, May 31, 2010
Friday, May 28, 2010
စေတီတော်ပွဲ ဆင်နွှဲပူဇော်
လောကချမ်းသာ၊ မဟာစေတီ
သာသနာပွင့်ကြောင်း၊ စုပေါင်းကာတည်
သုံးနှစ်ပြည့်မြောက်၊ ဝမ်းမြောက်ရွှင်ကြည်
စေတီပွဲ အားခဲပူဇော်ပြီ။
စေတီတော်ပွဲ၊ ဆင်နွှဲကိုယ်စီ
သံဃာတော်ပေါင်း၊ ဆွမ်းလောင်းကြသည်
သံဃာ့ဂုဏ်များ၊ အားထားယုံကြည်
ဆည်းပူးကြ ဒါနပါရမီ။
စေတီတော်ပွဲ၊ ဆင်နွှဲပျော်ပျော်
စေတီတော်အား၊ ဝတ်တွားကော်ရော်
ပဋ္ဌာန်းကျမ်းမြတ်၊ ရွတ်ဖတ်ပူဇော်
ဆွမ်းတော်ကြီး တင်ပြီးလှူကြသနော်။
စေတီတော်ပွဲ၊ ဆင်နွှဲပျော်ရွှင်
လူငယ်များလည်း၊ အားခဲပါဝင်
ဘုရားစာများ၊ ရွတ်ပွားဆင်ခြင်
ဘာသာရေး အားပေးထာဝစဉ်။
စေတီတော်ပွဲ၊ အားခဲလာသူ
အလှူရှင်များ၊ စိတ်ထားကြည်ဖြူ
စတုဒိသာ၊ ကျွေးကာပေးလှူ
နောင်နှစ်လဲ အားခဲကုသိုလ်ယူ။
ကိုရင်ချော
သာသနာပွင့်ကြောင်း၊ စုပေါင်းကာတည်
သုံးနှစ်ပြည့်မြောက်၊ ဝမ်းမြောက်ရွှင်ကြည်
စေတီပွဲ အားခဲပူဇော်ပြီ။
စေတီတော်ပွဲ၊ ဆင်နွှဲကိုယ်စီ
သံဃာတော်ပေါင်း၊ ဆွမ်းလောင်းကြသည်
သံဃာ့ဂုဏ်များ၊ အားထားယုံကြည်
ဆည်းပူးကြ ဒါနပါရမီ။
စေတီတော်ပွဲ၊ ဆင်နွှဲပျော်ပျော်
စေတီတော်အား၊ ဝတ်တွားကော်ရော်
ပဋ္ဌာန်းကျမ်းမြတ်၊ ရွတ်ဖတ်ပူဇော်
ဆွမ်းတော်ကြီး တင်ပြီးလှူကြသနော်။
စေတီတော်ပွဲ၊ ဆင်နွှဲပျော်ရွှင်
လူငယ်များလည်း၊ အားခဲပါဝင်
ဘုရားစာများ၊ ရွတ်ပွားဆင်ခြင်
ဘာသာရေး အားပေးထာဝစဉ်။
စေတီတော်ပွဲ၊ အားခဲလာသူ
အလှူရှင်များ၊ စိတ်ထားကြည်ဖြူ
စတုဒိသာ၊ ကျွေးကာပေးလှူ
နောင်နှစ်လဲ အားခဲကုသိုလ်ယူ။
ကိုရင်ချော
Thursday, May 27, 2010
ကာမာဝစရကုသိုလ်ကံ, ရူပါဝစရကုသိုလ်ကံ, အရူပါဝစရကုသိုလ်ကံ အကျိုးပေး
၂၀၁၀ ခုနှစ် မေလ ၂၂ ရက် စနေနေ့တွင် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ နှစ်ပတ်စာ သင်ခန်းစာကို လေ့လာ သင်ယူကြရရာ ဒုတိယ သင်ခန်းစာအဖြစ် (၃၄)ပတ်မြောက် သင်တန်းပို့ချချက်ဖြစ်သော ကာမာဝစရကုသိုလ်ကံအကျိုးပေး၊ ရူပါဝစရကုသိုလ်ကံအကျိုးပေး၊ အရူပါဝစရကုသိုလ်ကံအကျိုးပေးတို့ကို နာကြား သင်ယူ မှတ်သားကြရ၏။
ကံလေးမျိုးလေးလီကို သင်ယူမှတ်သားနေကြရရာ -
(က) ကိစ္စ၏ အစွမ်းဖြင့် ကံလေးမျိုး (ဇနကကံ၊ ဥပတ္ထမ္ဘကကံ၊ ဥပပီဠကကံ၊ ဥပဃာတကကံ)
(ခ) အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံလေးမျိုး (ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ)
(ဂ) အကျိုးပေးရာကာလနှင့်စပ်၍ ကံလေးမျိုး (ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ၊ အဟောသိကံ)
(ဃ) အကျိုးပေးရာဘုံဌာနနှင့်စပ်၍ ကံလေးမျိုး (အကုသိုလ်ကံ၊ ကာမာဝစရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံ)တို့အနက် နောက်ဆုံးဖြစ်သော ကံလေးမျိုးအကြောင်း သင်ခန်းစာ ဖြစ်၏။
+++++
အကုသိုလ်ကံများ = အကုသလကမ္မပထ ၁၀-ပါး
(က) ကာယကံ ၃-ပါး
၁။ သူ့အသက်သတ်ခြင်း (ဒေါသကြောင့် ဖြစ်။)
၂။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လှည့်ပတ်၍ ယူခြင်း (လောဘ၊ ဒေါသကြောင့် ဖြစ်။)
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (လောဘကြောင့် ဖြစ်။)
(ခ) ဝစီကံ ၄-ပါး
၁။ လိမ်လည်ပြောဆိုခြင်း (လောဘ၊ ဒေါသကြောင့် ဖြစ်။)
၂။ ကုန်းတိုက်ခြင်း (လောဘ၊ ဒေါသကြောင့် ဖြစ်။)
၃။ ကြမ်းတန်းသော စကားကို ပြောခြင်း (ဒေါသကြောင့် ဖြစ်။)
၎။ ပိန်ဖျင်းသော စကားကို ပြောခြင်း (လောဘ၊ ဒေါသကြောင့် ဖြစ်။)
(ဂ) မနောကံ ၃-ပါး
၁။ အဘိဇ္ဈာ=သူတပါးစည်းစိမ်ကို မတရား ယူလိုမှု (လောဘကြောင့် ဖြစ်။)
၂။ ဗျာပါဒ=သူတပါး၏ ပျက်စီးသေစေရန် ကြံစည်မှု (ဒေါသကြောင့် ဖြစ်။)
၃။ မိစ္ဆာဒိဋ္ဌိ=အယူမှားမှု (လောဘကြောင့် ဖြစ်။)
အကုသလကမ္မပထ ၁၀-ပါးသည် စိတ်အားဖြင့် အကုသိုလ်စိတ် ၁၂-ပါးပင် ဖြစ်၏။
+++++
ကာမာဝစရကုသိုလ်ကံသည်လည်း ကာယကံ (ကာယဒွါရ၌ ဖြစ်)၊ ဝစီကံ (ဝစီဒွါရ၌ ဖြစ်)၊ မနောကံ (မနောဒွါရ၌ ဖြစ်)ဟု ကမ္မဒွါရအားဖြင့် ၃-ပါး ရှိ၏။
ဒါန၊ သီလ၊ ဘာဝနာအားဖြင့် ၃-ပါး ရှိ၏။
စိတ်အားဖြင့်ကား ကာမာဝစရကုသိုလ်စိတ် ၈-ပါး ဖြစ်သည်။
ပုညကြိယာဝတ္ထုအားဖြင့် ၁၀-ပါး ရှိ၏။
ဒါန = ပေးကမ်းလှူဒါန်းမှု
သီလ = သီလဆောက်တည်မှု
ဘာဝနာ = ကမ္မဋ္ဌာန်း စီးဖြန်းမှု
အပစာယန = အရိုအသေပြုမှု
ဝေယျာဝစ္စ = သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု
ပတ္တိဒါန = မိမိရသော ကုသိုလ်အဖို့ကို အမျှဝေမှု
ပတ္တာနုမောဒန = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက်မှု
ဓမ္မဿဝန = တရားနာမှု
ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု
ဒိဋ္ဌိဇုကမ္မ = အယူကို ဖြောင့်မတ်စွာ ပြုမှု
ပုညကြိယာဝတ္ထု ၁၀-ပါးကို ဒါန၊ သီလ၊ ဘာဝနာ ၃-ပါးအတွင်း သွင်းသော် -
အပစာယန၊ ဝေယျာဝစ္စ ၂-ပါးကို သီလ၌လည်းကောင်း၊
ပတ္တိဒါန၊ ပတ္တာနုမောဒန ၂-ပါးကို ဒါန၌လည်းကောင်း၊
ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ ၃-ပါးကို ဘာဝနာ၌လည်းကောင်း သွင်းရ၏။
တစ်နည်းအားဖြင့် ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ ၃-ပါးစလုံး၌ သွင်းနိုင်၏။
+++++
အကုသိုလ်ကံ စေတနာ ၁၂ နှင့် ကာမာဝစရကုသိုလ်ကံ စေတနာ ၈ - ပေါင်းသော် ကာမာဝစရကံ ၂၀ ဖြစ်သည်။
+++++
ရူပါဝစရကုသိုလ်ကံကား မနောကံ တစ်မျိုးသာ ရှိသည်။
ထိုမနောကံသည်လည်း ဘာဝနာတစ်မျိုးသာ ဖြစ်ပြီး၊ ယင်းသည်လည်း အပ္ပနာဈာန်သို့ရောက်သော မနောကံ ဖြစ်သည်။
ပထမဈာန်, ဒုတိယဈာန်, .... စသည် ဈာန်အင်္ဂါယှဉ်ပုံအားဖြင့် ၅-ပါး ရှိသည်။
+++++
အရူပါဝစရကုသိုလ်ကံသည်လည်း မနောကံ တစ်မျိုးသာ ရှိသည်။
ယင်းမနောကံသည်လည်း ဘာဝနာတစ်မျိုးသာဖြစ်ပြီး အပ္ပနာဈာန်သို့ ရောက်သော မနောကံ ဖြစ်သည်။
အာရုံအားဖြင့် ၄-မျိုး ဖြစ်သည်။
+++++
ကာမဝစရကံ အကျိုးပေး
ဥဒ္ဓစ္စကြဉ်သော အကုသိုလ်ကံ ၁၁ ပါးသည် အပါယ် ၄-ဘုံ၌ ပဋိသန္ဓေအကျိုး (အကုသလဝိပါက် ဥပေက္ခာ သန္တီရဏ)ကို ပေး၏။
အကုသိုလ်ကံ ၁၂ ပါးသည် -
ကာမ ၁၁-ဘုံ၌ ပဝတ္တိအကျိုး (အကုသလဝိပါက် ၇-ပါး)
အသညသတ်ကြဉ် ရူပါဝစရ ၁၅-ဘုံ၌ ပဝတ္တိအကျိုး (ဃာန၊ ဇိဝှါ၊ ကာယ ကြဉ်) အကုသလဝိပါက် ၄-ပါးကို ပေး၏။
ကာမာဝစရကုသိုလ်ကံ ၈ ပါးသည် -
ကာမသုဂတိ ၇-ဘုံ၌ ပဋိသန္ဓေအကျိုး (ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ + ကာမာဝစရဝိပါက် ၈ = ပေါင်း ၉)ကို ပေး၏
ကာမာဝစရကုသိုလ်ကံ ၈-ပါးသည် -
ကာမသုဂတိ ၇-ဘုံ၌ ပဝတ္တိအကျိုး (ကာမာဝစရဝိပါက် ၈ + အဟိတ်ကုသလဝိပါက် ၈ = ပေါင်း ၁၆)
အသညသတ်ကြဉ် ရူပါဝစရ ၁၅-ဘုံ၌ ပဝတ္တိအကျိုး (ဃာန၊ ဇိဝှါ၊ ကာယ ကြဉ်) အဟိတ်ကုသလဝိပါက် ၅-ပါးကို ပေး၏။
+++++
ကာမာဝစရကုသိုလ်ကံတို့တွင်လည်း -
တိဟိတ်ကုသိုလ် = ကုသိုလ်ပြုသောအခါ ကံ၏အကျိုးကို သိသော ဉာဏ်ပါသော ကုသိုလ်
ဒွိဟိတ်ကုသိုလ် = ကုသိုလ်ပြုသောအခါ ကံ၏အကျိုးကို သိသော ဉာဏ်မပါသော ကုသိုလ်
ဥက္ကဌ်ကုသိုလ် = ရှေ့နောက် ကုသိုလ်ခြံရံသော ကုသိုလ် (အမြတ်စားကုသိုလ်)
သြမကကုသိုလ် = ရှေ့နောက် အကုသိုလ်ခြံရံသော ကုသိုလ် (အညံ့စားကုသိုလ်) ဟူ၍ ရှိ၏။
တိဟိတ်ဥက္ကဌကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ တိဟိတ်ပဋိသန္ဓေအကျိုး (ဉာဏသမ္ပယုတ် မဟာဝိပါက် ၄)ကို ပေးသည်။
တိဟိတ်ဥက္ကဌကုသိုလ်ကံသည် ပဝတ္တိအခါ၌ ဝိပါက်စိတ် ၁၆-ပါး (မဟာဝိပါက် ၈ + အဟိတ်ကုသလဝိပါက် ၈)ကို ဖြစ်စေသည်။
တိဟိတ်သြမကကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေအကျိုး (ဉာဏဝိပ္ပယုတ် မဟာဝိပါက် ၄)ကို ပေးသည်။
တိဟိတ်သြမကကုသိုလ်ကံသည် ပဝတ္တိအခါ၌ တိဟိတ်မဟုတ်သော ဝိပါက်စိတ် ၁၂-ပါး (ဉာဏဝိပ္ပယုတ် မဟာဝိပါက် ၄ + အဟိတ်ကုသလဝိပါက် ၈)ကို ဖြစ်စေသည်။
ဒွိဟိတ်ဥက္ကဌကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေအကျိုး (ဉာဏဝိပ္ပယုတ် မဟာဝိပါက် ၄)ကို ပေးသည်။
ဒွိဟိတ်ဥက္ကဌကုသိုလ်ကံသည် ပဝတ္တိအခါ၌ တိဟိတ်မဟုတ်သော ဝိပါက်စိတ် ၁၂-ပါး (ဉာဏဝိပ္ပယုတ် မဟာဝိပါက် ၄ + အဟိတ်ကုသလဝိပါက် ၈)ကို ဖြစ်စေသည်။
ဒွိဟိတ်သြမကကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ အဟိတ်ပဋိသန္ဓေအကျိုး (ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ)ကိုသာ ပေးသည်။
ဒွိဟိတ်သြမကကုသိုလ်ကံသည် ပဝတ္တိအခါ၌ အဟိတ်ကုသလဝိပါက် ၈-ပါးကိုသာ ဖြစ်စေသည်။
+++++
ကေစိ(အချို့)ဆရာတို့ကမူ အသင်္ခါရိကကုသိုလ်သည် သသင်္ခါရိကအကျိုးကို မပေး၊
သသင်္ခါရိကကုသိုလ်သည် အသင်္ခါရိကအကျိုးကို မပေးဟု ဆိုကြသည်။
တိဟိတ်ဥက္ကဌအသင်္ခါရိကကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ တိဟိတ်ပဋိသန္ဓေအကျိုး (ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက် ၂ ပါး)ကို ပေးသည်။
တိဟိတ်ဥက္ကဌအသင်္ခါရိကကုသိုလ်ကံသည် ပဝတ္တိအခါ၌ မဟာဝိပါက် အသင်္ခါရိက ၄-ပါးနှင့် အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေသည်။
တိဟိတ်ဥက္ကဌသသင်္ခါရိကကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ တိဟိတ်ပဋိသန္ဓေအကျိုး (ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာဝိပါက် ၂ ပါး)ကို ပေးသည်။
တိဟိတ်ဥက္ကဌသသင်္ခါရိကကုသိုလ်ကံသည် ပဝတ္တိအခါ၌ မဟာဝိပါက် သသင်္ခါရိက ၄-ပါးနှင့် အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေသည်။
တိဟိတ်သြမကအသင်္ခါရိကကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေအကျိုး (ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက် ၂ ပါး)ကို ပေးသည်။
တိဟိတ်သြမကအသင်္ခါရိကကုသိုလ်ကံသည် ပဝတ္တိအခါ၌ ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက် ၂-ပါးနှင့် အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေသည်။
တိဟိတ်သြမကသသင်္ခါရိကကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေအကျိုး (ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာဝိပါက် ၂ ပါး)ကို ပေးသည်။
တိဟိတ်သြမကသသင်္ခါရိကကုသိုလ်ကံသည် ပဝတ္တိအခါ၌ ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာဝိပါက် ၂-ပါးနှင့် အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေသည်။
ဒွိဟိတ်ဥက္ကဌအသင်္ခါရိကကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေအကျိုး (ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက် ၂ ပါး)ကို ပေးသည်။
ဒွိဟိတ်ဥက္ကဌအသင်္ခါရိကကုသိုလ်ကံသည် ပဝတ္တိအခါ၌ ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက် ၂-ပါးနှင့် အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေသည်။
ဒွိဟိတ်ဥက္ကဌသသင်္ခါရိကကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေအကျိုး (ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာဝိပါက် ၂ ပါး)ကို ပေးသည်။
ဒွိဟိတ်ဥက္ကဌသသင်္ခါရိကကုသိုလ်ကံသည် ပဝတ္တိအခါ၌ ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာဝိပါက် ၂-ပါးနှင့် အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေသည်။
ဒွိဟိတ်သြမကအသင်္ခါရိကကုသိုလ်ကံ/ဒွိဟိတ်သြမကသသင်္ခါရိကကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ အဟိတ်ပဋိသန္ဓေအကျိုး (ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ)ကို ပေးသည်။
ဒွိဟိတ်သြမကအသင်္ခါရိကကုသိုလ်ကံ/ဒွိဟိတ်သြမကသသင်္ခါရိကကုသိုလ်ကံသည် ပဝတ္တိအခါ၌ အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေသည်။
+++++
ရူပါဝစရကုသိုလ်ကံအကျိုးပေး
ရူပါဝစရ ဟီန-အညံ့စား/မဇ္ဈိမ-အလတ်စား/ပဏီတ-အမြတ်စား ပထမဈာန်ကုသိုလ်သည် ပထမဈာန် ၃-ဘုံ (ဗြဟ္မပါရိသဇ္ဖာ/ဗြဟ္မပုရောဟိတ/မဟာဗြဟ္မာ)၌ ပထမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။
ရူပါဝစရ ဟီန-အညံ့စား/မဇ္ဈိမ-အလတ်စား/ပဏီတ-အမြတ်စား ဒုတိယဈာန်,တတိယဈာန်ကုသိုလ်သည် ဒုတိယဈာန် ၃-ဘုံ (ပရိတ္တာဘာ/အပ္ပမာဏာဘာ/အာဘဿရ)၌ ဒုတိယဈာန်,တတိယဈာန် ဝိပါက်စိတ်ကို ဖြစ်စေ၏။
ရူပါဝစရ ဟီန-အညံ့စား/မဇ္ဈိမ-အလတ်စား/ပဏီတ-အမြတ်စား စတုတ္ထဈာန်ကုသိုလ်သည် တတိယဈာန် ၃-ဘုံ (ပရိတ္တသုဘာ/အပ္ပမာဏသုဘာ/သုဘကိဏှ)၌ စတုတ္ထဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။
သာမည ပဉ္စမဈာန်ကုသိုလ်သည် ဝေဟပ္ဖိုလ်ဘုံ၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။
နာမ်ကို စက်ဆုပ်ပွားများအပ်သော ပဉ္စမဈာန်ကုသိုလ်သည် အသညသတ်ဘုံ၌ ဇီဝိတနဝကကလာပ် ရုပ်ပဋိသန္ဓေကို ဖြစ်စေ၏။
အနာဂါမ်ပုဂ္ဂိုလ်တို့သည် သုဒ္ဓါဝါသဘုံ(စင်ကြယ်သော အနာဂါမ်, ရဟန္တာတို့၏ နေရာဘုံ)တို့၌ ဖြစ်ကုန်၏။
လင်္ကာ
‘သဒ္ဓါ’ ‘ဝီရိ’၊ ‘သတိ’ ‘သမာ၊ ဓိ’ ‘ပညာ’၊ ငါးဖြာ ဣနြေ္ဒခင်း။
သုဒ္ဓါဘုံ ငါး၊ ထက်သူများ၊ ခံစား စဉ်တိုင်းသွင်း။
သဒ္ဓါလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် အဝိဟာဘုံ(မိမိဘုံဌာနကို ခေတ္တခဏမျှ မစွန့်ကြဘဲ တည်နေကြသော ဗြဟ္မာတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။
ဝီရိယလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် အတပ္ပာဘုံ(မည်သည့်အကြောင်းကြောင့်မျှ ပူပန်ခြင်းမရှိသော ဗြဟ္မတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။
သတိလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် သုဒဿာဘုံ(ကြည့်ချင်စဖွယ်အလွန်ကောင်းသော ဗြဟ္မတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။
သမာဓိလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် သုဒဿီဘုံ(သူတပါးကို ကောင်းမွန်စွာ ကြည့်ရှုတတ်သော ဗြဟ္မာတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။
ပညာလွန်သော အနာဂါမ်ပုဂ္ဂိုလ်၏ ပဉ္စမဈာန်ကုသိုလ်သည် အကနိဋ္ဌဘုံ(စည်းစိမ်ချမ်းသာ အလွန်အထက်တန်းကျသော ဗြဟ္မာတို့၏ နေရာ)၌ ပဉ္စမဈာန်ဝိပါက်စိတ်ကို ဖြစ်စေ၏။
+++++
အရူပါဝစရကုသိုလ်ကံ အကျိုးပေး
အာကာသာနဉ္စာယတနကုသိုလ်သည် အာကာသာနဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတနဝိပါက်စိတ်ကို ဖြစ်စေ၏။
ဝိဉာဏဉ္စာယတနကုသိုလ်သည် ဝိဉာဏဉ္စာယတနဘုံ၌ ဝိဉာဏဉ္စာယတနဝိပါက်စိတ်ကို ဖြစ်စေ၏။
အာကိဉ္စဉာယတနကုသိုလ်သည် အာကိဉ္စဉာယတနဘုံ၌ အာကိဉ္စဉာယတနဝိပါက်စိတ်ကို ဖြစ်စေ၏။
နေဝသညာနာသညာယတနကုသိုလ်သည် နေဝသညာနာသညာယတနဘုံ၌ နေဝသညာနာသညာယတနဝိပါက်စိတ်ကို ဖြစ်စေ၏။
ဤသို့လျှင် မဟဂ္ဂုတ်ကုသိုလ်ကံသည် ပိုင်းခြား သတ်မှတ်ထားအပ်သည့်အတိုင်းဖြစ်သော ဘုံ၌ မိမိနှင့်တူသော အကျိုးကို ပဋိသန္ဓေအခါတို့၌ ဖြစ်စေသည်။
+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ
မူလပဋ္ဌာန်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒ၏ အဘိဓမ္မာသဂြိုဟ်ကိုးပိုင်း သရုပ်ခွဲဇယားနည်း (ဆိုရိုး)
ဆုထူးပန်ဆရာဟန်၏ သံသရာလမ်းညွှန်ပညာ ဆုထူးပန်အဘိဓမ္မာ

Wednesday, May 26, 2010
ပုညကြိယဝတ္တု ၁၀-ပါး၊ ကာမာဝစရကုသိုလ်ကံ
၂၀၁၀ ခုနှစ် မေလ ၂၂ ရက် စနေနေ့တွင် နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်းအပတ်စဉ် (၃၃)နှင့် (၃၄) တို့ကို လေ့လာ နာကြား သင်ယူကြရ၏။
လာမည့် မေလ ၃၀ ရက် တနင်္ဂနွေနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချနိုင်မည် မဟုတ်သဖြင့် ယခုအပတ်တွင် ၂-ပတ်စာ သင်ခန်းစာတို့ကို လေ့လာသင်ယူကြရခြင်း ဖြစ်၏။
သင်တန်းကို မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ရာ လောကချမ်းသာဆရာတော်က သုတ္တန်, ဝိနည်း, အဘိဓမ္မာ ပိဋကတ်သုံးပုံ၊ ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ သာသနာသုံးရပ်၊ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးတို့ကို ရှင်းလင်းပြပြီး ပုညကြိယဝတ္ထု ၁၀-ပါးတို့ကို သိက္ခာသုံးပါးထဲ အကျုံးဝင်ပုံကို သင်ပြသွား၏။
+++++
ပါယာသိမြို့စားသည် မှားသောအယူ ရှိခဲ့ဖူး၏။ အရှင်ကုမာရကဿပနှင့် တွေ့ဆုံ ဆည်းကပ်ရာမှ မှန်သောအယူကို ရရှိခဲ့၏။
ပါယာသိမြို့စားသည် အလှူဒါနပြုရာ ညံ့သော အစားအစာ၊ အဝတ်အထည်တို့ကို လှူဒါန်းသဖြင့် အလှူကို စီမံရသူ အခိုင်းအစေ ဥတ္တရလုလင်က ‘ဤကဲ့သို့သော သခင်မျိုးနှင့် နောင်ဘဝများ၌ မတွေ့ကြုံလိုကြောင်း’ ပြောဆို ဆုတောင်းသည်ကို ပါယာသိမြို့စား တဆင့်စကား ကြားလေ၏။
ဥတ္တရလုလင်ကို ခေါ်ယူ မေးမြန်းရာ .... ဤကဲ့သို့သော အစားအစာမျိုးကို သခင့်အနေဖြင့် တွေ့ထိဖို့ မဆိုထားဘိ၊ လှည့်၍မျှပင် ကြည့်မည်မဟုတ်။ ဤကဲ့သို့သော အဝတ်အထည်မျိုးကိုလည်း သခင့်အနေဖြင့် ခြေသုတ်စရာမျှ ပြုရန်ကိုပင် စဉ်းစားမည်မဟုတ်။ သခင်သည် ညံ့သော အလှူကို ပေးလှူ၏ ..... ဟူသော စကားကို ဆိုလျှင် ဟုတ်မှန်နေ၍ မိမိစားသော အစားအစာမျိုး၊ မိမိဝတ်သော အဝတ်အထည်မျိုးတို့ကို လှူဒါန်းခိုင်းလေသည်။
ပါယာသိမြို့စားသည် မိမိ၏ အလှူကို သူတပါးအား စေခိုင်းကာ ပေးလှူ၏။ ကိုယ်တိုင် လက်ဖြင့် မလှူ။ လှူပြီးလျှင် ပြီးရော ပစ်ပစ်ခါခါ ပြု၏။ အရိုအသေ မပြု၊ အလေးအမြတ် မလုပ်။
အလှူကို စီမံဆောင်ရွက်ရသူ ဥတ္တရလုလင်က အရိုအသေပြုကာ လှူ၏။ ကိုယ်တိုင် လက်ဖြင့် ကိုင်တွယ် ပေးလှူ၏။ ပြီးလျှင် ပြီးရော ပစ်ပစ်ခါခါ မပြု။ အလေးအမြတ်ပြုကာ လှူ၏။
ထိုသူနှစ်ဦးသေလွန်သော် ပါယာသိမြို့စားက စတုမဟာရာဇ်နတ်ပြည်တွင် နတ်သားဖြစ်၍၊ ဥတ္တရလုလင်က တစ်ဆင့်မြင့်သော တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်လေသည်။
ပါယာသိမြို့စား နတ်သားနှင့် အရှင်ဂဝံပတိမထေရ်တို့တွေ့စဉ် နတ်သားက အမှာစကားပြောကြားရာ မှတ်သားဖွယ် ကောင်း၏။
... အရှင်ဘုရား၊ တပည့်တော်ရဲ့အလှူကို စီမံအုပ်ချုပ်တဲ့ ဥတ္တရလုလင်ဟာ အရိုအသေပြုလှူလို့, မိမိလက်နဲ့လှူလို့, ပစ်ပစ်ခါခါမလုပ်ဘဲ လှူတဲ့အတွက်ကြောင့် သေတဲ့အခါ တာဝတိံသာနတ်ပြည်မှာ ဖြစ်ပါတယ်။ တပည့်တော်က အလှူဝတ္ထုပစ္စည်း အကုန်အကျခံသော်လည်း သူလိုမလှူခဲ့တဲ့အတွက်ကြောင့် စတုမဟာရာဇ်နတ်ပြည်က ပရိသတ်မရှိတဲ့ သေရီသကဗိမာန်မှာ လာဖြစ်ပါတယ်။ အရှင်ဘုရား လူ့ပြည်ပြန်ရောက်တဲ့အခါမှာ ဒကာ ဒကာမတွေကို ပြောပြပါဘုရား ... ပါယာသိမြို့စားတော့ ဒီလိုပဲ မရိုမသေလှူလို့ အညံ့စားနတ်လေးသွားဖြစ်တယ်။ ဥတ္တရလုလင်ကတော့ ရိုရိုသေသေ လှူလို့ ကိုယ်တိုင်လှူလို့ တာဝတိံသာမှာ နတ်သားဖြစ်တယ်ဆိုတာ ပြောပါဘုရား ....
ဝေယျာဝစ္စသည်လည်း အကျိုးများသော ကုသိုလ်ကောင်းမှုတို့၏ တည်ရာ ဖြစ်၏။
+++++
ပတ္တိ = ရရှိခြင်း၊ ဒါန = ပေးခြင်း
မိမိရရှိသော ကုသိုလ်အဖို့ကို အမျှဝေခြင်း ဖြစ်၏။ အညီအမျှ ရပါစေဟု အဓိပ္ပာယ်ရှိ၏။
ကိုယ့်ကုသိုလ်ကို အကြောင်းပြု၍ သူတပါးကုသိုလ်စိတ်ဖြစ်အောင် ဝမ်းမြောက်အောင် ကုသိုလ်ရအောင် ပြုလုပ်ပေးခြင်း ဖြစ်၏။
မိမိက ကုသိုလ်မလုပ်ဘဲ အမျှမပေးနိုင်။
သူများက ပေးလိုက်သော ကိုယ့်ဆီရောက်လာသည့် ကုသိုလ်ကို ဝမ်းမြောက်ခြင်း။
မြန်မာလို ... ကောင်းလေစွ ... ကောင်းလေစွ ... ကောင်းလေစွ .. သာဓု .. သာဓု ... သာဓု ခေါ်ဆို ဝမ်းမြောက်ခြင်း ဖြစ်၏။
အမျှပေးဝေရာ၌ ကွယ်လွန်သူများကို ရည်ရွယ်ပြီး အမည်ကို တိုက်ရိုက် ခေါ်ဆို ပေးဝေလျှင် ထိုသူများ သာဓုခေါ်နိုင်သော အခြေအနေ အချိန်အခါနှင့် တိုက်ဆိုင်နေပါက (ကံမကောင်း၍ ပြိတ္တာဘဝ ရောက်နေပါက) ကုသိုလ်ရပြီး ချက်ချင်း အကျိုးများ၏။
ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုးများမှ ရှေးရှေး ဘုရားရှင်များလက်ထက်ကပင် ပြိတ္တာဘဝသို့ ရောက်ရှိနေကြပြီး၊ ဗိမ္ဗိသာရမင်းကြီးက အလှူပေး၍ အမျှပေးဝေသော အချိန်အခါ ကာလကျမှ ကုသိုလ်အမျှရခွင့် ကြုံကြိုက်၏။
အမျှပေးဝေခြင်းဖြင့် ကုသိုလ်တိုးကြောင်း အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရသူဆင်းရဲကို ပစ္စေကဗုဒ္ဓါအရှင်မြတ်က မိမိဆီမီးတိုင်မှ မီးကို အများက ကူးညှိထွန်းယူခြင်းဖြင့် မိမိဆီမီးတိုင်မှာ အလင်းရောင် မလျော့သွားသည့်အပြင် အခြားဆီမီးတိုင်များကြောင့် ပိုမို ထွန်းလင်းလာကြောင်း ဥပမာပြု ဟောကြားတော်မူ၏။
တရားနာခြင်း။
အပြစ်ကင်းသော အတတ်ကို သင်ယူခြင်း စသည်ကိုလည်း ဓမ္မဿဝနထဲ ထည့်နိုင်၏။
လာဘ်လာဘကို မငဲ့ကွက်ဘဲ တရားဟောခြင်း။
အပြစ်ကင်းသော အတတ်ကို သင်ကြားပေးခြင်းကိုလည်း ထည့်နိုင်၏။
အယူကို ဖြောင့်မတ်စွာ ပြုခြင်း။ ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း။
ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒနာ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ - ဆယ်မျိုးမှာ ပုည = ကောင်းမှု, ကြိယာ = ပြုခြင်း, ဝတ္ထု = တည်ရာ၊
ပုညကြိယဝတ္ထု ဆယ်ပါး = ကောင်းမှုပြုခြင်း၏တည်ရာ အကျင့် ဆယ်ပါး ဖြစ်၏။
ဤ ပုညကြိယဝတ္ထုဆယ်ပါးကို အကျဉ်းချုံးက ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးသာ ရ၏။
အပစာယနနှင့် ဝေယျာဝစ္စမှာ ကောင်းသော အလေ့အကျင့်ဖြစ်၍ သီလထဲ သွင်းရ၏။
ပတ္တိဒါန၊ ပတ္တာနုမောဒနာမှာ ဣဿာ, မစ္ဆရိယ - မနာလို ဝန်တိုမှု ကင်းမှ ဖြစ်၍ ဒါနထဲ သွင်းရ၏။
ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မတို့မှာ ကုသိုလ်ကို ပွားများစေကြောင်း ဖြစ်၍ ဘာဝနာထဲ သွင်းရ၏။
အလှူရေစက်ချသောအခါ ဘုန်းတော်ကြီးများက ဒါန, သီလ, ဘာဝနာ ကုသိုလ်စေတနာတို့ကြောင့် ... ဟု ချပေးလေ့ရှိခြင်းမှာ ပရိတ်တရားတော်ကို နာကြားခြင်း၊ တရားတော်ကို နာကြားခြင်းတို့မှာ ဘာဝနာထဲ အကျုံးဝင်သောကြောင့် ဖြစ်၏။
တစ်နည်းအားဖြင့် ဒိဋ္ဌိဇုကမ္မ - အယူဖြောင့်မှန်မှသာ ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုနိုင်မည်ဖြစ်ရာ လိုရာကို ညွှန်သည့် သင်္ဘောတစ်စီး၏ ပဲ့သဖွယ်ဖြစ်၍ ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးစလုံးမှာ သွင်းယူရ၏။
ကာမာဝစရကုသိုလ်ကံသည် -
* ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် ၃-မျိုး
* ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရအားဖြင့် ၃-မျိုး
* ဒါန၊ သီလ၊ ဘာဝနာအားဖြင့် ၃-မျိုး
* ကာမာဝစရကုသိုလ်စိတ်နှင့်ယှဉ်သော စေတနာအားဖြင့် ၈-မျိုး
* ပုညကြိယဝတ္ထုအားဖြင့် ၁၀-မျိုး ဟု ဆိုနိုင်၏။
ကာမာဝစရကံများကို အကျဉ်းချုပ်သော် -
* အကုသိုလ်နှင့်ယှဉ်သော စေတနာ ၁၂
* ကုသိုလ်နှင့်ယှဉ်သော စေတနာ ၈ - စုစုပေါင်း ၂၀ ဖြစ်၏။
+++++
ရူပါဝစရကုသိုလ်ကံ ငါးပါး (ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်)နှင့် ယှဉ်သော စေတနာ ဖြစ်၏။
ရူပါဝစရကုသိုလ်ကံမှာ မနောဒွါရ - မနောကံသာ ရှိပြီး ကမ္မဋ္ဌာန်းတရား အားထုတ်မှသာ ရနိုင်၏။
အပ္ပနာ (ဈာန်၊ မဂ်၊ ဖိုလ်)သို့ ရောက်သော ဘာဝနာမနောကံ ဖြစ်၏။
အရူပါဝစရကုသိုလ်ကံ လေးပါး (အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတန)နှင့် ယှဉ်သော စေတနာ ဖြစ်၏။
အပ္ပနာသို့ရောက်သော ဘာဝနာမနောကံ ဖြစ်၏။
+++++
ပဋိသန္ဓေစိတ် ဖြစ်ပေါ်သော အခိုက်အတန့်၌ အကျိုးပေးကို ပဋိသန္ဓေအကျိုးပေး ဟု ခေါ်၏။
ပဋိသန္ဓေစိတ်ဖြစ်ပြီး ပထမဘဝင်စိတ်မှ သေသည်တိုင် အကျိုးပေးကို ပဝတ္တိအကျိုးပေး ဟု ခေါ်၏။
ဥဒ္ဓစ္စကြဉ်သော အကုသိုလ်ကံ ၁၁-ပါးသည် အပါယ်လေးဘုံတွင် ပဋိသန္ဓေအကျိုးပေး၏။ စိတ်အားဖြင့် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် ဖြစ်သည်။
ဥဒ္ဓစ္စအပါအဝင် အကုသိုလ်ကံ ၁၂-ပါးသည် ကာမာဝစရ ၁၁-ဘုံမှာ ပဝတ္တိအကျိုးကို ပေး၏။ အကုသလဝိပါက်စိတ် ၇-ပါးတို့ ဖြစ်၏။ ဥပမာ - မမြင်လိုသည်ကို မြင်ရခြင်း၊ မကြားလိုသည်ကို ကြားရခြင်း .. စသည်တို့မှာ အကုသိုလ်ကံတို့၏ အကျိုးပေး ဖြစ်၏။
ဃာန၊ ဇိဝှာ၊ ကာယ ကြဉ်သော အကုသလဝိပါက် ၄-ခုသည် အသညသတ်မပါသော ရူပဘုံ ၁၅-ဘုံတွင် ပဝတ္တိအကျိုးကို ပေးနိုင်၏။
ဗြဟ္မာများ လူ့ပြည်စသည်ကို ကြည့်၍ မမြင်ချင်သော အနိဋ္ဌာရုံမြင်ရခြင်း စသည် ဖြစ်နိုင်၏။
ကာမာဝစရကုသိုလ်ကံ ၈-ခုသည် ကာမသုဂတိ ၇-ဘုံ (လူ့ပြည်နှင့် နတ်ပြည် ၆-ထပ်)တွင် ပဋိသန္ဓေအကျိုးကို ပေး၏။
ကုသလဝိပါက် ဥပေက္ခာ သန္တီရဏနှင့် မဟာဝိပါက် ၈-ခုတို့ ဖြစ်၏။
ကာမာဝစရသုဂတိ ၇-ဘုံမှာ ပဝတ္တိအခါ၌ မဟာဝိပါက်စိတ် ၈-ခုနှင့် အဟိတ်ကုသလဝိပါက်စိတ် ၈-ခု၊ ပေါင်း ၁၆-ခုတို့ အကျိုးပေး၏။
အသညသတ်ကြဉ် ရူပါဝစရ ၁၅-ဘုံမှာ ဃာန၊ ဇိဝှာ၊ ကာယကြဉ် အဟိတ်ကုသလဝိပါက် ၅-ခုတို့ ပဝတ္တိအကျိုး ပေး၏။
တိဟိတ်ကုသိုလ်ဆိုသည်မှာ ကုသိုလ်ပြုသည့်အခါ ကံ,ကံ၏အကျိုးကို သိသည့်ဉာဏ်ပါသော ကုသိုလ်ဖြစ်၏။ ကာမာဝစရကုသိုလ် ၈-ပါးမှ ဉာဏသမ္ပယုတ် ၄-ပါး ဖြစ်၏။
ထို့ကြောင့် ရေစက်ချသောအခါ ဘုန်းတော်ကြီးများက ... ကံ,ကံ၏အကျိုးကို ယုံကြည်ကြကုန်သည် ဖြစ်၍ ... ဟု ချပေးခြင်း ဖြစ်၏။
ကံ,ကံ၏အကျိုးကို သိမြင်သော ဉာဏ်မပါဘဲ အမှတ်တမဲ့ ပြုလုပ်သော ကံမျိုးဖြစ်၏။
ထို့ကြောင့် ကုသိုလ်ပြုရာတွင် ပေါ့ပေါ့ဆဆ အမှတ်တမဲ့ မပြုလုပ်ရန် အရေးကြီး၏။
ကောင်းတာ မြင့်မြတ်တာကို ဥက္ကဌ်ဟု ခေါ်၏။
ကုသိုလ်မပြုမီအခါ၊ ပြုပြီးအခါ - ရှေ့နောက် ကုသိုလ်ခြံရံသော ကုသိုလ် ဖြစ်၏။
ထိုကုသိုလ်ကို ဥက္ကဌ်ကုသိုလ်-အမြတ်စားကုသိုလ်ဟု ခေါ်၏။
ကုသိုလ်ပြုရာတွင် စေတနာသုံးတန် ထက်သန် ပြဋ္ဌာန်း၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရန် အရေးကြီး၏။
ရေစက်ချသောအခါ ဘုန်းတော်ကြီးများက ... ဝမ်းမြောက်ဝမ်းသာ လှူဒါန်းကြပါကုန်၏ ... ဟု ချပေးခြင်း ဖြစ်၏။
ရှေ့နောက် အကုသိုလ်ခြံရံသော ကုသိုလ်ကို သြမကကုသိုလ်-အညံ့စားကုသိုလ်ဟု ခေါ်၏။
+++++
ထို့ကြောင့် ကုသိုလ်ကောင်းမှုပြုရာတွင် ပြုလုပ်သော ကောင်းမှုကုသိုလ်၏ အကျိုးကို အပြည့်အဝ ရရှိရန် ဉာဏ်ပါသော အမြတ်စားကုသိုလ်ဖြစ်အောင် လေးလေးစားစား ဂရုတစိုက် ပြုလုပ်ရန် အထူး အရေးကြီး၏။
+++++
အဘိဓမ္မာသင်တန်းပို့ချချက် အပတ်စဉ် (၃၃) သင်ခန်းစာ ပြီးသော်၊ နာရီဝက်ခန့် အနားရကြပြီး၊ အပတ်စဉ် (၃၄) သင်ခန်းစာကို လေ့လာ သင်ယူကြရ၏။
ထိုနောက် လောကချမ်းသာ စနေနေ့ တရားပွဲကို အရှင်ဝဏ္ဏိတက “အဟောသုခံ နိဗ္ဗာနံ” တရားတော် အဆက်ကို အဆုံးသတ် ဟောကြား ဓမ္မဒါနပြု၏။
တရားပွဲပြီးသော် ၁၅-မိနစ်ခန့် လက်တွေ့တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။

ပုညကြိယဝတ္ထု ၁၀-ပါး လင်္ကာ
လှူဒါန်း-ဒါန၊ စောင့်-သီလ၊ ပွားထ ဘာဝနာ။
ကြီးသူရိုညွတ်၊ ဝေယျာဝစ်၊ ပြုလစ် သင့်ရာရာ။
ကုသိုလ်အမှု၊ ပေးဝေပြု၊ သာဓု ခေါ်ဝမ်းသာ။
တရားတော်နာ၊ ဟောလေပါ၊ ယူမှာ ဖြောင့်မတ်စွာ။
ကုသိုလ်ဆယ်ခု၊ မြတ်ကောင်းမှု၊ ပြုစု နေ့စဉ်သာ။
+++++
ပါယာသိမြို့စားနှင့် ဥတ္တရလုလင်
ပါယာသိမြို့စားသည် မှားသောအယူ ရှိခဲ့ဖူး၏။ အရှင်ကုမာရကဿပနှင့် တွေ့ဆုံ ဆည်းကပ်ရာမှ မှန်သောအယူကို ရရှိခဲ့၏။
ပါယာသိမြို့စားသည် အလှူဒါနပြုရာ ညံ့သော အစားအစာ၊ အဝတ်အထည်တို့ကို လှူဒါန်းသဖြင့် အလှူကို စီမံရသူ အခိုင်းအစေ ဥတ္တရလုလင်က ‘ဤကဲ့သို့သော သခင်မျိုးနှင့် နောင်ဘဝများ၌ မတွေ့ကြုံလိုကြောင်း’ ပြောဆို ဆုတောင်းသည်ကို ပါယာသိမြို့စား တဆင့်စကား ကြားလေ၏။
ဥတ္တရလုလင်ကို ခေါ်ယူ မေးမြန်းရာ .... ဤကဲ့သို့သော အစားအစာမျိုးကို သခင့်အနေဖြင့် တွေ့ထိဖို့ မဆိုထားဘိ၊ လှည့်၍မျှပင် ကြည့်မည်မဟုတ်။ ဤကဲ့သို့သော အဝတ်အထည်မျိုးကိုလည်း သခင့်အနေဖြင့် ခြေသုတ်စရာမျှ ပြုရန်ကိုပင် စဉ်းစားမည်မဟုတ်။ သခင်သည် ညံ့သော အလှူကို ပေးလှူ၏ ..... ဟူသော စကားကို ဆိုလျှင် ဟုတ်မှန်နေ၍ မိမိစားသော အစားအစာမျိုး၊ မိမိဝတ်သော အဝတ်အထည်မျိုးတို့ကို လှူဒါန်းခိုင်းလေသည်။
ပါယာသိမြို့စားသည် မိမိ၏ အလှူကို သူတပါးအား စေခိုင်းကာ ပေးလှူ၏။ ကိုယ်တိုင် လက်ဖြင့် မလှူ။ လှူပြီးလျှင် ပြီးရော ပစ်ပစ်ခါခါ ပြု၏။ အရိုအသေ မပြု၊ အလေးအမြတ် မလုပ်။
အလှူကို စီမံဆောင်ရွက်ရသူ ဥတ္တရလုလင်က အရိုအသေပြုကာ လှူ၏။ ကိုယ်တိုင် လက်ဖြင့် ကိုင်တွယ် ပေးလှူ၏။ ပြီးလျှင် ပြီးရော ပစ်ပစ်ခါခါ မပြု။ အလေးအမြတ်ပြုကာ လှူ၏။
ထိုသူနှစ်ဦးသေလွန်သော် ပါယာသိမြို့စားက စတုမဟာရာဇ်နတ်ပြည်တွင် နတ်သားဖြစ်၍၊ ဥတ္တရလုလင်က တစ်ဆင့်မြင့်သော တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်လေသည်။
ပါယာသိမြို့စား နတ်သားနှင့် အရှင်ဂဝံပတိမထေရ်တို့တွေ့စဉ် နတ်သားက အမှာစကားပြောကြားရာ မှတ်သားဖွယ် ကောင်း၏။
... အရှင်ဘုရား၊ တပည့်တော်ရဲ့အလှူကို စီမံအုပ်ချုပ်တဲ့ ဥတ္တရလုလင်ဟာ အရိုအသေပြုလှူလို့, မိမိလက်နဲ့လှူလို့, ပစ်ပစ်ခါခါမလုပ်ဘဲ လှူတဲ့အတွက်ကြောင့် သေတဲ့အခါ တာဝတိံသာနတ်ပြည်မှာ ဖြစ်ပါတယ်။ တပည့်တော်က အလှူဝတ္ထုပစ္စည်း အကုန်အကျခံသော်လည်း သူလိုမလှူခဲ့တဲ့အတွက်ကြောင့် စတုမဟာရာဇ်နတ်ပြည်က ပရိသတ်မရှိတဲ့ သေရီသကဗိမာန်မှာ လာဖြစ်ပါတယ်။ အရှင်ဘုရား လူ့ပြည်ပြန်ရောက်တဲ့အခါမှာ ဒကာ ဒကာမတွေကို ပြောပြပါဘုရား ... ပါယာသိမြို့စားတော့ ဒီလိုပဲ မရိုမသေလှူလို့ အညံ့စားနတ်လေးသွားဖြစ်တယ်။ ဥတ္တရလုလင်ကတော့ ရိုရိုသေသေ လှူလို့ ကိုယ်တိုင်လှူလို့ တာဝတိံသာမှာ နတ်သားဖြစ်တယ်ဆိုတာ ပြောပါဘုရား ....
ဝေယျာဝစ္စသည်လည်း အကျိုးများသော ကုသိုလ်ကောင်းမှုတို့၏ တည်ရာ ဖြစ်၏။
+++++
ပတ္တိဒါန
ပတ္တိ = ရရှိခြင်း၊ ဒါန = ပေးခြင်း
မိမိရရှိသော ကုသိုလ်အဖို့ကို အမျှဝေခြင်း ဖြစ်၏။ အညီအမျှ ရပါစေဟု အဓိပ္ပာယ်ရှိ၏။
ကိုယ့်ကုသိုလ်ကို အကြောင်းပြု၍ သူတပါးကုသိုလ်စိတ်ဖြစ်အောင် ဝမ်းမြောက်အောင် ကုသိုလ်ရအောင် ပြုလုပ်ပေးခြင်း ဖြစ်၏။
မိမိက ကုသိုလ်မလုပ်ဘဲ အမျှမပေးနိုင်။
ပတ္တာနုမောဒနာ
သူများက ပေးလိုက်သော ကိုယ့်ဆီရောက်လာသည့် ကုသိုလ်ကို ဝမ်းမြောက်ခြင်း။
မြန်မာလို ... ကောင်းလေစွ ... ကောင်းလေစွ ... ကောင်းလေစွ .. သာဓု .. သာဓု ... သာဓု ခေါ်ဆို ဝမ်းမြောက်ခြင်း ဖြစ်၏။
အမျှပေးဝေရာ၌ ကွယ်လွန်သူများကို ရည်ရွယ်ပြီး အမည်ကို တိုက်ရိုက် ခေါ်ဆို ပေးဝေလျှင် ထိုသူများ သာဓုခေါ်နိုင်သော အခြေအနေ အချိန်အခါနှင့် တိုက်ဆိုင်နေပါက (ကံမကောင်း၍ ပြိတ္တာဘဝ ရောက်နေပါက) ကုသိုလ်ရပြီး ချက်ချင်း အကျိုးများ၏။
ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုးများမှ ရှေးရှေး ဘုရားရှင်များလက်ထက်ကပင် ပြိတ္တာဘဝသို့ ရောက်ရှိနေကြပြီး၊ ဗိမ္ဗိသာရမင်းကြီးက အလှူပေး၍ အမျှပေးဝေသော အချိန်အခါ ကာလကျမှ ကုသိုလ်အမျှရခွင့် ကြုံကြိုက်၏။
အမျှပေးဝေခြင်းဖြင့် ကုသိုလ်တိုးကြောင်း အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရသူဆင်းရဲကို ပစ္စေကဗုဒ္ဓါအရှင်မြတ်က မိမိဆီမီးတိုင်မှ မီးကို အများက ကူးညှိထွန်းယူခြင်းဖြင့် မိမိဆီမီးတိုင်မှာ အလင်းရောင် မလျော့သွားသည့်အပြင် အခြားဆီမီးတိုင်များကြောင့် ပိုမို ထွန်းလင်းလာကြောင်း ဥပမာပြု ဟောကြားတော်မူ၏။
ဓမ္မဿဝန
တရားနာခြင်း။
အပြစ်ကင်းသော အတတ်ကို သင်ယူခြင်း စသည်ကိုလည်း ဓမ္မဿဝနထဲ ထည့်နိုင်၏။
ဓမ္မဒေသနာ
လာဘ်လာဘကို မငဲ့ကွက်ဘဲ တရားဟောခြင်း။
အပြစ်ကင်းသော အတတ်ကို သင်ကြားပေးခြင်းကိုလည်း ထည့်နိုင်၏။
ဒိဋ္ဌိဇုကမ္မ
အယူကို ဖြောင့်မတ်စွာ ပြုခြင်း။ ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း။
ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒနာ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ - ဆယ်မျိုးမှာ ပုည = ကောင်းမှု, ကြိယာ = ပြုခြင်း, ဝတ္ထု = တည်ရာ၊
ပုညကြိယဝတ္ထု ဆယ်ပါး = ကောင်းမှုပြုခြင်း၏တည်ရာ အကျင့် ဆယ်ပါး ဖြစ်၏။
ဤ ပုညကြိယဝတ္ထုဆယ်ပါးကို အကျဉ်းချုံးက ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးသာ ရ၏။
အပစာယနနှင့် ဝေယျာဝစ္စမှာ ကောင်းသော အလေ့အကျင့်ဖြစ်၍ သီလထဲ သွင်းရ၏။
ပတ္တိဒါန၊ ပတ္တာနုမောဒနာမှာ ဣဿာ, မစ္ဆရိယ - မနာလို ဝန်တိုမှု ကင်းမှ ဖြစ်၍ ဒါနထဲ သွင်းရ၏။
ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မတို့မှာ ကုသိုလ်ကို ပွားများစေကြောင်း ဖြစ်၍ ဘာဝနာထဲ သွင်းရ၏။
အလှူရေစက်ချသောအခါ ဘုန်းတော်ကြီးများက ဒါန, သီလ, ဘာဝနာ ကုသိုလ်စေတနာတို့ကြောင့် ... ဟု ချပေးလေ့ရှိခြင်းမှာ ပရိတ်တရားတော်ကို နာကြားခြင်း၊ တရားတော်ကို နာကြားခြင်းတို့မှာ ဘာဝနာထဲ အကျုံးဝင်သောကြောင့် ဖြစ်၏။
တစ်နည်းအားဖြင့် ဒိဋ္ဌိဇုကမ္မ - အယူဖြောင့်မှန်မှသာ ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုနိုင်မည်ဖြစ်ရာ လိုရာကို ညွှန်သည့် သင်္ဘောတစ်စီး၏ ပဲ့သဖွယ်ဖြစ်၍ ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးစလုံးမှာ သွင်းယူရ၏။
ကာမာဝစရကုသိုလ်ကံသည် -
* ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် ၃-မျိုး
* ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရအားဖြင့် ၃-မျိုး
* ဒါန၊ သီလ၊ ဘာဝနာအားဖြင့် ၃-မျိုး
* ကာမာဝစရကုသိုလ်စိတ်နှင့်ယှဉ်သော စေတနာအားဖြင့် ၈-မျိုး
* ပုညကြိယဝတ္ထုအားဖြင့် ၁၀-မျိုး ဟု ဆိုနိုင်၏။
ကာမာဝစရကံများကို အကျဉ်းချုပ်သော် -
* အကုသိုလ်နှင့်ယှဉ်သော စေတနာ ၁၂
* ကုသိုလ်နှင့်ယှဉ်သော စေတနာ ၈ - စုစုပေါင်း ၂၀ ဖြစ်၏။
+++++
ရူပါဝစရကုသိုလ်ကံ
ရူပါဝစရကုသိုလ်ကံ ငါးပါး (ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်)နှင့် ယှဉ်သော စေတနာ ဖြစ်၏။
ရူပါဝစရကုသိုလ်ကံမှာ မနောဒွါရ - မနောကံသာ ရှိပြီး ကမ္မဋ္ဌာန်းတရား အားထုတ်မှသာ ရနိုင်၏။
အပ္ပနာ (ဈာန်၊ မဂ်၊ ဖိုလ်)သို့ ရောက်သော ဘာဝနာမနောကံ ဖြစ်၏။
အရူပါဝစရကုသိုလ်ကံ
အရူပါဝစရကုသိုလ်ကံ လေးပါး (အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတန)နှင့် ယှဉ်သော စေတနာ ဖြစ်၏။
အပ္ပနာသို့ရောက်သော ဘာဝနာမနောကံ ဖြစ်၏။
+++++
ပဋိသန္ဓေအကျိုးပေး၊ ပဝတ္တိအကျိုးပေး
ပဋိသန္ဓေစိတ် ဖြစ်ပေါ်သော အခိုက်အတန့်၌ အကျိုးပေးကို ပဋိသန္ဓေအကျိုးပေး ဟု ခေါ်၏။
ပဋိသန္ဓေစိတ်ဖြစ်ပြီး ပထမဘဝင်စိတ်မှ သေသည်တိုင် အကျိုးပေးကို ပဝတ္တိအကျိုးပေး ဟု ခေါ်၏။
အကုသိုလ်ကံ
ဥဒ္ဓစ္စကြဉ်သော အကုသိုလ်ကံ ၁၁-ပါးသည် အပါယ်လေးဘုံတွင် ပဋိသန္ဓေအကျိုးပေး၏။ စိတ်အားဖြင့် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် ဖြစ်သည်။
ဥဒ္ဓစ္စအပါအဝင် အကုသိုလ်ကံ ၁၂-ပါးသည် ကာမာဝစရ ၁၁-ဘုံမှာ ပဝတ္တိအကျိုးကို ပေး၏။ အကုသလဝိပါက်စိတ် ၇-ပါးတို့ ဖြစ်၏။ ဥပမာ - မမြင်လိုသည်ကို မြင်ရခြင်း၊ မကြားလိုသည်ကို ကြားရခြင်း .. စသည်တို့မှာ အကုသိုလ်ကံတို့၏ အကျိုးပေး ဖြစ်၏။
ဃာန၊ ဇိဝှာ၊ ကာယ ကြဉ်သော အကုသလဝိပါက် ၄-ခုသည် အသညသတ်မပါသော ရူပဘုံ ၁၅-ဘုံတွင် ပဝတ္တိအကျိုးကို ပေးနိုင်၏။
ဗြဟ္မာများ လူ့ပြည်စသည်ကို ကြည့်၍ မမြင်ချင်သော အနိဋ္ဌာရုံမြင်ရခြင်း စသည် ဖြစ်နိုင်၏။
ကာမာဝစရကုသိုလ်ကံ
ကာမာဝစရကုသိုလ်ကံ ၈-ခုသည် ကာမသုဂတိ ၇-ဘုံ (လူ့ပြည်နှင့် နတ်ပြည် ၆-ထပ်)တွင် ပဋိသန္ဓေအကျိုးကို ပေး၏။
ကုသလဝိပါက် ဥပေက္ခာ သန္တီရဏနှင့် မဟာဝိပါက် ၈-ခုတို့ ဖြစ်၏။
ကာမာဝစရသုဂတိ ၇-ဘုံမှာ ပဝတ္တိအခါ၌ မဟာဝိပါက်စိတ် ၈-ခုနှင့် အဟိတ်ကုသလဝိပါက်စိတ် ၈-ခု၊ ပေါင်း ၁၆-ခုတို့ အကျိုးပေး၏။
အသညသတ်ကြဉ် ရူပါဝစရ ၁၅-ဘုံမှာ ဃာန၊ ဇိဝှာ၊ ကာယကြဉ် အဟိတ်ကုသလဝိပါက် ၅-ခုတို့ ပဝတ္တိအကျိုး ပေး၏။
တိဟိတ်ကုသိုလ်
တိဟိတ်ကုသိုလ်ဆိုသည်မှာ ကုသိုလ်ပြုသည့်အခါ ကံ,ကံ၏အကျိုးကို သိသည့်ဉာဏ်ပါသော ကုသိုလ်ဖြစ်၏။ ကာမာဝစရကုသိုလ် ၈-ပါးမှ ဉာဏသမ္ပယုတ် ၄-ပါး ဖြစ်၏။
ထို့ကြောင့် ရေစက်ချသောအခါ ဘုန်းတော်ကြီးများက ... ကံ,ကံ၏အကျိုးကို ယုံကြည်ကြကုန်သည် ဖြစ်၍ ... ဟု ချပေးခြင်း ဖြစ်၏။
ဒွိဟိတ်ကုသိုလ်
ကံ,ကံ၏အကျိုးကို သိမြင်သော ဉာဏ်မပါဘဲ အမှတ်တမဲ့ ပြုလုပ်သော ကံမျိုးဖြစ်၏။
ထို့ကြောင့် ကုသိုလ်ပြုရာတွင် ပေါ့ပေါ့ဆဆ အမှတ်တမဲ့ မပြုလုပ်ရန် အရေးကြီး၏။
ဥက္ကဌ်ကုသိုလ်
ကောင်းတာ မြင့်မြတ်တာကို ဥက္ကဌ်ဟု ခေါ်၏။
ကုသိုလ်မပြုမီအခါ၊ ပြုပြီးအခါ - ရှေ့နောက် ကုသိုလ်ခြံရံသော ကုသိုလ် ဖြစ်၏။
ထိုကုသိုလ်ကို ဥက္ကဌ်ကုသိုလ်-အမြတ်စားကုသိုလ်ဟု ခေါ်၏။
ကုသိုလ်ပြုရာတွင် စေတနာသုံးတန် ထက်သန် ပြဋ္ဌာန်း၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရန် အရေးကြီး၏။
ရေစက်ချသောအခါ ဘုန်းတော်ကြီးများက ... ဝမ်းမြောက်ဝမ်းသာ လှူဒါန်းကြပါကုန်၏ ... ဟု ချပေးခြင်း ဖြစ်၏။
သြမကကုသိုလ်
ရှေ့နောက် အကုသိုလ်ခြံရံသော ကုသိုလ်ကို သြမကကုသိုလ်-အညံ့စားကုသိုလ်ဟု ခေါ်၏။
+++++
ထို့ကြောင့် ကုသိုလ်ကောင်းမှုပြုရာတွင် ပြုလုပ်သော ကောင်းမှုကုသိုလ်၏ အကျိုးကို အပြည့်အဝ ရရှိရန် ဉာဏ်ပါသော အမြတ်စားကုသိုလ်ဖြစ်အောင် လေးလေးစားစား ဂရုတစိုက် ပြုလုပ်ရန် အထူး အရေးကြီး၏။
+++++
အဘိဓမ္မာသင်တန်းပို့ချချက် အပတ်စဉ် (၃၃) သင်ခန်းစာ ပြီးသော်၊ နာရီဝက်ခန့် အနားရကြပြီး၊ အပတ်စဉ် (၃၄) သင်ခန်းစာကို လေ့လာ သင်ယူကြရ၏။
ထိုနောက် လောကချမ်းသာ စနေနေ့ တရားပွဲကို အရှင်ဝဏ္ဏိတက “အဟောသုခံ နိဗ္ဗာနံ” တရားတော် အဆက်ကို အဆုံးသတ် ဟောကြား ဓမ္မဒါနပြု၏။
တရားပွဲပြီးသော် ၁၅-မိနစ်ခန့် လက်တွေ့တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
Monday, May 24, 2010
နွေဦးလုပ်အားဒါန (၂၂-မေ-၂၀၁၀)
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း တည်ထား ကိုးကွယ်သော လောကချမ်းသာစေတီတော်၏ တတိယအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်မတိုင်မီ နွေဦးလုပ်အားဒါန ပေးလှူလာခဲ့ကြရာ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် မေလ ၂၂ ရက် စနေနေ့တွင် ဘုရားရင်ပြင်တော် သန့်ရှင်းခြင်း၊ စေတီတော်ပလ္လင်ခုံပတ်လည် အင်္ဂတေကနုတ်ပန်းများ အလှဆင်ခြင်း၊ မဟာစည် သတိပဋ္ဌာန်ရိပ်သာဝင်းအတွင်း သန့်ရှင်းခြင်း၊ မြက်ရိတ်ခြင်းတို့ကို စုပေါင်း၍ တပျော်တပါး ဆောင်ရွက်ကြ၏။
ကိုဝင်းခိုင်၊ ကိုသူရိန်ဝင်း၊ ကိုညီငြိမ်းအေး၊ ကိုစိုးနိုင်မောင်၊ ကိုပညာ၊ ကိုထူးအောင်၊ ကိုလင်းနိုင်၊ ကိုစိုးထွန်းအောင်စသည့် လူငယ်မိသားစုများကလည်း သစ်ပင် သီးပင်များစိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်အားဒါနပေးလှူခြင်းတို့ကို ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

Thursday, May 20, 2010
အကုသိုလ်ကံ၊ ကာမာဝစရကုသိုလ်ကံ
..... အရှင် (ကောရဗျ)မင်းကြီး အမြဲ ချီးမွမ်းနေတဲ့ အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ပြီး အိမ်ရာမထောင် ရဟန်းဘောင်သို့ ကူးပြောင်းသွားတဲ့ ရဋ္ဌပါလအမျိုးကောင်းသားဟာ မိဂစီရဥယျာဉ်တော်ထဲမှာ နေ့သန့်နေတော်မူပါတယ် ဘုရား ... ဟု ဥယျာဉ်မှူးက လျှောက်တင်သဖြင့် ဥယျာဉ်တော်ထဲ ပျော်ပွဲစားထွက်မည့် အစီအစဉ်အစား အရှင်ရဋ္ဌပါလထံ ဆည်းကပ်၍ တရားစကား လျှောက်ထား မေးမြန်း နာကြားရန် အစီအစဉ် ပြောင်းလိုက်သည်။
အိုခြင်း၊ နာခြင်း၊ ဥစ္စာပျက်ခြင်း၊ ဆွေမျိုးပျက်ခြင်း ဟူသော ပျက်စီးခြင်း လေးပါးနှင့် ကြုံတွေ့မှသာလျှင် ရဟန်းပြုရိုးဖြစ်ပါလျက် ထိုပျက်စီးခြင်းများလည်း မရှိ၊ အသက်လည်း ငယ်ရွယ်သော သေဌေးသား ရဋ္ဌပါလ အမျိုးကောင်းသား ရဟန်းပြုသွားခဲ့ရခြင်းအကြောင်းကို သိလိုလှသော ကောရဗျမင်းကြီးအတွက် လျှောက်ထား မေးမြန်းခွင့် ရလေပြီ။
တရားတော်ကို သက်ဝင်ယုံကြည်သော သဒ္ဓါပဗ္ဗဇိတဖြင့် ရဟန်းပြုလာခဲ့သော အရှင်ရဋ္ဌပါလမထေရ်က ကောရဗျမင်းကြီးအား ဖြေကြားချက် (မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မုဒ္ဒေသလေးပါး)ကို လောကချမ်းသာဆရာတော်က ၂၀၁၀ ခုနှစ် မေလ ၁၅ ရက် စနေနေ့ အပတ်စဉ် (၃၂) အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းတွင် လင်္ကာများဖြင့် ထည့်သွင်း ဟောကြားသွား၏။
+++++
အပတ်စဉ် (၃၂) အဘိဓမ္မာသင်တန်းပို့ချချက် အစပိုင်းတွင် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသက အရက်သောက်ခြင်းအမျိုးမျိုးနှင့် အပြစ်များအကြောင်း ယခင်အပတ်တွင် ပို့ချခဲ့သည်များကို အကျဉ်းချုပ် ပြန်လည် ပို့ချပေးပြီး အရက်ဖြစ်ပေါ်လာပုံ ကုမ္ဘဇာတ်တော်ကို ဗဟုသုဖြစ်ဖွယ် ဟောပြော၏။
အကုသလကမ္မပထတရား ၁၀ ပါးသည် အဘိဓမ္မာသဘောအရ အကုသိုလ်စိတ် ၁၂ ပါးပင် ဖြစ်၏။
အကုသိုလ်စိတ် ၁၂ ပါးထဲက တစ်ပါးပါးဖြင့် ပြုလုပ်၏။
ပါဏာတိပါတ၊ ဖရုဿဝါစာ၊ ဗျာပါဒ ၃-ခုကို ဒေါသမူလကြောင့် ပြု၏။
ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိတို့မှာ လောဘမူလကြောင့် ဖြစ်၏။
ကျန် အကုသိုလ်ကမ္မပထတရားတို့မှာ လောဘ၊ ဒေါသ နှစ်မျိုးလုံးကြောင့် ဖြစ်၏။
အကုသိုလ်ကမ္မပထတရား ၁၀ ပါးကို ပုဗ္ဗစေတနာ (မလုပ်မီ စေတနာ)၊ မုဉ္စစေတနာ (ပြုလုပ်ဆဲ စေတနာ)၊ အပရစေတနာ (လုပ်ပြီး စေတနာ)တို့ဖြင့် မြှောက်ပွားက ၃၀ ရ၏။
နောက်တစ်နည်းအားဖြင့် -
(လယ်တီဆရာတော်)
အကုသိုလ်ကမ္မပထတရား ၁၀ ပါး (သို့မဟုတ်) ဒုစရိုက် ၁၀ ပါးကို ရှောင်ကြဉ်က သုစရိုက် ၁၀ ပါး ဖြစ်၏။
ပါဏာတိပါတ လုပ်စရာရှိသည်ကို မလုပ်ဘဲ နေလိုက်ခြင်း၊ မုသားပြောစရာရှိသည်ကို မပြောဘဲ နေလိုက်ခြင်း ... စသည် ဖြစ်၏။
ကုသိုလ်ကမ္မပထတရား ၁၀ ပါးမှာ -
‘ဒါန’၊ ‘သီလ’၊ ‘ဘာဝနာ’၊ ‘အပစာယန’၊ ‘ဝေယျာဝစ္စ’၊ ‘ပတ္တိဒါန’၊ ‘ပတ္တာနုမောဒနာ’၊ ‘ဓမ္မဿဝန’၊ ‘ဓမ္မဒေသနာ’၊ ‘ဒိဋ္ဌိဇုကမ္မ’ တို့ ဖြစ်၏။
ဒါန၏ အဓိပ္ပာယ်ကို အဖြောင့်ဆိုက ပေးလှူခြင်း ဖြစ်၏။
အဘိဓမ္မာနည်းအရမူ ပေးလှူသောအခါ ဖြစ်ပေါ်သော စိတ်နှင့် ယှဉ်သည့် စေတနာ ဖြစ်၏။
ပေးလှူရာတွင် ဤစေတနာ မပါရှိဘဲ မဖြစ်နိုင်။
အမှန်တကယ် မပေးလှူဘဲနှင့်လည်း ပေးလှူကြောင်းဖြစ်သော စေတနာ မဖြစ်နိုင်။
ပေးမှသာ ပေးလှူသော စေတနာ ဖြစ်နိုင်၏။
... စိတ်ထဲမှာ စေတနာလေး ဖြစ်နေရင် ပြီးတာပါပဲ။ တကယ်လှူဖို့ မလိုပါဘူး ... ဟု ပြောလေ့ရှိသည်များမှာ သဘာဝ မကျ။ ဟုတ်လည်း မဟုတ်ပါ။
ဒါနအမျိုးမျိုး ရှိ၏။
လှူအပ်သော ပစ္စည်းကိုပင် ဒါနဟု ခေါ်သည်လည်း ရှိ၏။
ပေးလှူမှုအမူအရာကို ဒါနဟု ခေါ်သည်လည်း ရှိ၏။
ပေးလှူမှုပြုရာတွင်, ကုသိုလ်ကောင်းမှုပြုရာတွင် စေတနာသုံးတန်ဖြစ်သော ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ သုံးမျိုးလုံး သန့်ရှင်း ထက်သန်ရန် လို၏။
ပန်းလေးတစ်ပွင့် လှူခြင်းဖြင့် ကမ္ဘပေါင်းရှစ်ဆယ် အပါယ်မလားခြင်းမှာ မလှူမီ၊ လှူဆဲ၊ လှူပြီး ဖြစ်ပေါ်ခဲ့သော အလွန်တရာ သန့်ရှင်း ထက်သန်သည့် စေတနာ၏ အကျိုးကြောင့်သာ ဖြစ်ပေမည်။
ထို့ကြောင့် လှူသောနေရာတွင် အများကြီး လှူခြင်း၊ နည်းနည်းလေး လှူခြင်းထက် ပို၍ အရေးကြီးသည်မှာ သန့်ရှင်းသော စေတနာ၊ ထက်သန်သော စေတနာ ဖြစ်၏။
“လောကမှာ နည်းသည်ဟု ဆိုသော အလှူ မရှိပါ”ဟူ၍ မြတ်စွာဘုရားဟောတော်မူကြောင်း သိရ၏။
နောက်တစ်နည်းအားဖြင့် -
ဒါနသည် ဟီနဒါန (အညံ့စားဒါန)၊ မဇ္ဈိမဒါန (အလယ်အလတ်စားဒါန)၊ ပဏီတဒါန (အထက်တန်း အမြတ်စား ဒါန) ဟူ၍ သုံးမျိုး ရှိ၏။
ညံ့သော ဆန္ဒ, ညံ့သော စိတ်, ညံ့သော ဝိရိယ, ညံ့သော ပညာတို့ဖြင့် ပြုသော ဒါနမျိုးသည် အညံ့စားဒါန ဖြစ်၏။
ထို့အတူ အလယ်အလတ် ဆန္ဒ ... စသည်ဖြစ်က မဇ္ဈိမဒါန၊ အထက်တန်းစား ထက်ထက်သန်သန် ဆန္ဒ ... စသည်ဖြစ်က အမြတ်စားဒါန ဖြစ်၏။
ငွေတစ်ရာအကုန်ကျခံ၍ အလှူပြုကြခြင်းအတူတူ ဆန္ဒ, စိတ်, ပညာ, ဝီရိယ ထက်ထက်သန်သန်ဖြင့် လှူသူက ပို၍ အကျိုးများမည် ဖြစ်၏။
တစ်နည်းအားဖြင့် အကျော်အစောလိုချင် နာမည်ကြီးချင်၍ လှူက အညံ့စားဒါန၊ ဒါန၏အကျိုးကို လိုလားပြီး လှူက အလယ်အလတ်စားဒါန၊ သူတော်ကောင်းမှန်လျှင် ပြုရမည့်ကိစ္စတစ်ရပ်အနေဖြင့် ပြုက အမြတ်စားဒါန ဖြစ်၏။
တစ်နည်းအားဖြင့် ငါကတော့ လှူတယ်၊ သူများတွေက မလှူဘူးဟု ကိုယ့်ကိုကိုယ်မြှောက်ပြီး သူတပါးကို နှိမ်ချလို၍ ပြုက အညံ့စားဒါန၊ လောကီချမ်းသာကို လိုလား၍ လှူက အလတ်စားဒါန၊ မဂ်ဖိုလ် နိဗ္ဗာန်ကို တောင့်တပြီးလှူက အမြတ်စားဒါန ဖြစ်၏။
တစ်နည်းအားဖြင့် ဘဝစည်းစိမ်ကို တောင့်တပြီး လှူက အညံ့စားဒါန၊ မိမိ၏ သံသရာမှ လွတ်မြောက်မှုကို မျှော်ပြီး လှူက အလယ်အလတ်စားဒါန၊ ဘုရားလောင်းများကဲ့သို့ သတ္တဝါအားလုံး သံသရာမှ လွတ်မြောက်ရေးအတွက် လှူက ဒါနပါရမီမြောက်သော အမြတ်စားဒါန ဖြစ်၏။
ထို့ကြောင့် မိမိတို့ လှူရာ၌ အကျိုးအများဆုံးရရှိအောင် လှူနည်း သိရှိနားလည်ပြီး လှူတတ်ကြရန် လို၏။
သီလဆိုသည်မှာ ကိုယ်မှု နှုတ်မှုတို့ကို အကုသိုလ်မဖြစ်ရအောင် ကောင်းစွာထားခြင်း၊ ကောင်းစွာထားရှိခြင်းတွင်ပါသော စေတနာ ဖြစ်၏။
သီလသည်လည်း အမျိုးမျိုး ရှိ၏။
ရဟန်းတို့ စောင့်ထိန်းအပ်သော ၂၂၇-သွယ်သော သိက္ခာပုဒ်, ရဟန်းသီလ၊
ရဟန်းမ ဘိက္ခုနီမတို့ ကျင့်သုံးအပ်သော သိက္ခာပုဒ် ၃၁၁ ပါး၊
သာမဏေတို့ စောင့်ထိန်းအပ်သော ၁၀-ပါးသီလ၊ လိင် ၁၀-ပါး, ဒဏ် ၁၀-ပါး၊ သေခိယ ၇၅-ပါး၊
လူဝတ်ကြောင်တို့ စောင့်ထိန်းအပ်သော ၅-ပါးသီလ၊ ၈-ပါးသီလ ဟူ၍ ရှိ၏။
‘မေထုန်မှီဝဲခြင်း’၊ ‘သူများဥစ္စာကို ခိုးခြင်း’၊ ‘လူသတ်ခြင်း’၊ ‘ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟု လိမ်ပြောခြင်း’ ဟူသော ပါရာဇိက ၄-ပါးအနက်နက် တစ်ပါးပါး ကျူးလွန်သော ရဟန်းကို သီလမရှိသောရဟန်း = ဒုဿီလ ဟု ခေါ်၏။ ရဟန်းအဖြစ်က အလိုလို လျောကျပြီး ဖြစ်၏။ ပါရာဇိကကျပြီးက ယခုဘဝတွင် နောက်ထပ်တစ်ဖန် ရဟန်းအဖြစ် မရနိုင်တော့ပေ။
ပါရာဇိက ၄-ပါး မဟုတ်ဘဲ တခြားသိက္ခာပုဒ်များကို မရှက်မကြောက် လွန်ကျူးနေသော ပုဂ္ဂိုလ်မျိုးကိုမူ အလဇ္ဇီဟု ခေါ်၏။
သာမဏေများမှာ သီလပျက်က သရဏဂုံ ပြန်ယူ ဆောက်တည်ရ၏။
သရဏဂုံယူခြင်းဖြင့် သာမဏေသီလ တည်၏။
မြတ်စွာဘုရားကို ဆည်းကပ်သော, သရဏဂုံတည်သော လူဝတ်ကြောင်ကို ပါဠိလို ‘ဥပါသက’ဟု ခေါ်၏။
လူအများက ‘ဥပါသကာ’ဟု ပြောဆိုတတ်ကြ၏။
ဥပါသကဖြစ်ပြီး လူဝတ်ကြောင်တို့မှာ အမြဲစောင့်ထိန်းရသော နိစ္စသီလဖြစ်သည့် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲကြရ၏။
ငါးပါးသီလဆောက်တည်ရာ၌ သီလတစ်ပါးစီ ဆိုပြီး မဆောက်တည်ဘဲ ပေါင်း၍ ‘ငါးပါးသီလ ဆောက်တည်ပါ၏’ဟု သီလယူက သီလတစ်ပါး ကျိုးပျက်လျှင် ငါးပါးစလုံး ကျိုးပျက်၏။
တစ်ပါးစီ ဆိုပြီး ဆောက်တည်ထားက တစ်ပါးကျိုးပျက်လျှင် ထိုတစ်ပါးသာ ကျိုးပျက်၏။
စာရိတ္တသီလဆိုသည်မှာ မျိုးရိုးထုံးစံအရ ကောင်းသောအကျင့်များကို ခေါ်၏။
မကျင့်လျှင် အပြစ်မရှိ၊ ကျင့်လျှင် အကျိုးရှိသော သီလ ဖြစ်၏။
ရဟန်းတို့တွင် ပညတ်ထားသော သိက္ခာပုဒ် ၂၂၇ ပါးအပြင် ဝိနည်း ကျမ်းဂန်များတွင် ပညတ်ထားသော ခန္ဓကကဲ့သို့ သိက္ခာပုဒ်များကို စာရိတ္တသီလဟု ခေါ်၏။
ဝါရိတ္တသီလဆိုသည်မှာ ရှောင်ရန် တားမြစ်ထားသော သီလ ဖြစ်၏။
လူတို့၏ နိစ္စသီလဖြစ်သော ငါးပါးသီလ၊ ရဟန်းတို့၌ ပါတိမောက်သီလတို့မှာ ဝါရိတ္တသီလ ဖြစ်၏။
သီလသည် ကာယကံနှင့် ဝစီကံကို ထိန်းချုပ်၏။
မနောကံ စိတ်ဖြင့် သီလမပျက်သော်လည်း သီလညစ်နွမ်း၏။
မနောကံကို ဘာဝနာဖြင့် ထိန်းရ၏။
တိုးတက်ပွားများအောင် လုပ်ခြင်းကို ဘာဝနာဟု ခေါ်၏။
ကုသိုလ်စိတ် တိုးတက်ပွားများအောင် လုပ်ခြင်းကို ဆို၏။
ဘာဝနာမှာ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ ဟု ၂-မျိုး ရှိ၏။
ဤနှစ်မျိုးကို ကမ္မဋ္ဌာန်းဟုလည်း ခေါ်၏။
အားကြီးသော သမာဓိကို ဖြစ်စေနိုင်သည့် ကမ္မဋ္ဌာန်းမျိုးသည် သမထဘာဝနာ၊
အနိစ္စ, ဒုက္ခ, အနတ္တ မြင်အောင် ရှုမှတ်ပွားများခြင်းသည် ဝိပဿနာဘာဝနာ ဖြစ်၏။
ဤ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ နှစ်ပါးအကြောင်းကို နောက်ဆုံးပိုင်း-နဝမပိုင်း၌ ကျမ်းဆရာ အကျယ်ပြဆို၏။
အရိုအသေပေးမှုတွင် ပါသော စေတနာကို အပစာယနဟု ခေါ်၏။
မိဘ, ဆရာသမား, ရဟန်း သံဃာ, မိမိထက် အသက် ဂုဏ်သိက္ခာ ကြီးသော ပုဂ္ဂိုလ်များကို အရိုအသေပေးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ ရှိခိုးဦးချခြင်း စသည် ရိုးရိုးသားသား ရိုသေမှု ပြုခြင်းကို အပစာယနဟု ခေါ်၏။
မိဘကဲ့သို့ ပုဂ္ဂိုလ်များ၊ မကျန်းမမာဖြစ်နေသည့် ပုဂ္ဂိုလ်များ၊ အတူနေ သီတင်းသုံးဖော်များ၏ အပြစ်ကင်းသော လုပ်ငန်းများမှာ ကူညီဆောင်ရွက်ပေးသော စေတနာကို ဝေယျာဝစ္စဟု ခေါ်၏။
ကိုယ့်ထက်ကြီးသူကို ရေခပ်ပေးခြင်း၊ လမ်းဖြတ်ကူးနေသော သက်ကြီးရွယ်အိုကို ကူညီတွဲပို့ပေးခြင်း .. စသည့် ရိုးဖြောင့်သော စေတနာဖြင့် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်၏။
ပါယာသိမြို့စား၏ အလှူကို စီမံကွပ်ကဲရသော အခိုင်းအစေ ဥတ္တရလုလင်မှာ စေတနာကောင်းဖြင့် ရိုရိုသေသေ လေးလေးစားစား ပြုလုပ်ဆောင်ရွက်ပေးသောကြောင့် သေလွန်သော် မြို့စားထက် အဆင်မြင့်သော နတ်ဖြစ်ရ၏။
+++++
အဘိဓမ္မာသင်တန်းပြီးသော် နာရီဝက်ခန့် အနားရကြပြီး ညနေ ၆ နာရီခွဲ၌ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ဝိမလက “သင့်အဖော် ဘယ်သူလဲ” (သို့မဟုတ်) “သင် .. ဘယ်သူနဲ့ နေသလဲ” တရားခေါင်းစဉ်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။
တရားပွဲပြီးသော် ၁၅ မိနစ်ခန့် ဝိပဿနာဘာဝနာ ပွားများကြရပြီး ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။
သာဓု ... သာဓု ... သာဓု။
+++++
စာကိုး
အရှင်ဝိစိတ္တသာရာဘိဝံသ၏ “ဟောစဉ်တရားတော်များ (စတုတ္ထတွဲ)”
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”

- ‘အို’ ‘နာ’ ‘သေ’ သို့၊ မောင်းနှင်ပို့၊ လူတို့ မမြဲကြပါတကား။
- စောင့်ရှောက်သူမဲ့၊ ကိုးရာမဲ့၊ အားနွဲ့လှချည်၏တကား။
- လိုမပြည့်ဝ၊ အားမရ၊ တဏှာ့ကျွန်ချည်းပါတကား။
- ကိုယ်ပိုင်ဥစ္စာ၊ မရှိပါ၊ စွန့်ကာ သွားကြရမှာပါတကား။
- ဓမ္မုဒ္ဒေသ၊ ဤလေးဝ၊ ဗုဒ္ဓဟောညွှန်ပြခဲ့ပေသည်တကား။
+++++
အပတ်စဉ် (၃၂) အဘိဓမ္မာသင်တန်းပို့ချချက် အစပိုင်းတွင် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသက အရက်သောက်ခြင်းအမျိုးမျိုးနှင့် အပြစ်များအကြောင်း ယခင်အပတ်တွင် ပို့ချခဲ့သည်များကို အကျဉ်းချုပ် ပြန်လည် ပို့ချပေးပြီး အရက်ဖြစ်ပေါ်လာပုံ ကုမ္ဘဇာတ်တော်ကို ဗဟုသုဖြစ်ဖွယ် ဟောပြော၏။
အကုသလကမ္မပထတရား ၁၀ ပါးသည် အဘိဓမ္မာသဘောအရ အကုသိုလ်စိတ် ၁၂ ပါးပင် ဖြစ်၏။
အကုသိုလ်စိတ် ၁၂ ပါးထဲက တစ်ပါးပါးဖြင့် ပြုလုပ်၏။
ပါဏာတိပါတ၊ ဖရုဿဝါစာ၊ ဗျာပါဒ ၃-ခုကို ဒေါသမူလကြောင့် ပြု၏။
ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိတို့မှာ လောဘမူလကြောင့် ဖြစ်၏။
ကျန် အကုသိုလ်ကမ္မပထတရားတို့မှာ လောဘ၊ ဒေါသ နှစ်မျိုးလုံးကြောင့် ဖြစ်၏။
အကုသိုလ်ကမ္မပထတရား ၁၀ ပါးကို ပုဗ္ဗစေတနာ (မလုပ်မီ စေတနာ)၊ မုဉ္စစေတနာ (ပြုလုပ်ဆဲ စေတနာ)၊ အပရစေတနာ (လုပ်ပြီး စေတနာ)တို့ဖြင့် မြှောက်ပွားက ၃၀ ရ၏။
နောက်တစ်နည်းအားဖြင့် -
- ကိုယ်တိုင် ပြုလုပ်ခြင်း
- တိုက်တွန်း စေခိုင်းခြင်း
- ချီးမွမ်းခြင်း
- စိတ်သဘောတူခြင်း စသော ၄-မျိုးဖြင့် မြှောက်ပွားက ၄၀ ဖြစ်၏။
“လင်္ကာ”
‘ကိုယ်တိုင်’ ‘တိုက်တွန်း’၊ ‘ချီးမွမ်း’ ‘စိတ်တူ’၊ ပွားပြန်မူ၊ မှတ်ယူ လေးဆယ်ကံ။(လယ်တီဆရာတော်)
အကုသိုလ်ကမ္မပထတရား ၁၀ ပါး (သို့မဟုတ်) ဒုစရိုက် ၁၀ ပါးကို ရှောင်ကြဉ်က သုစရိုက် ၁၀ ပါး ဖြစ်၏။
ပါဏာတိပါတ လုပ်စရာရှိသည်ကို မလုပ်ဘဲ နေလိုက်ခြင်း၊ မုသားပြောစရာရှိသည်ကို မပြောဘဲ နေလိုက်ခြင်း ... စသည် ဖြစ်၏။
ကုသိုလ်ကမ္မပထတရား ၁၀ ပါး
ကုသိုလ်ကမ္မပထတရား ၁၀ ပါးမှာ -
‘ဒါန’၊ ‘သီလ’၊ ‘ဘာဝနာ’၊ ‘အပစာယန’၊ ‘ဝေယျာဝစ္စ’၊ ‘ပတ္တိဒါန’၊ ‘ပတ္တာနုမောဒနာ’၊ ‘ဓမ္မဿဝန’၊ ‘ဓမ္မဒေသနာ’၊ ‘ဒိဋ္ဌိဇုကမ္မ’ တို့ ဖြစ်၏။
ဒါန
ဒါန၏ အဓိပ္ပာယ်ကို အဖြောင့်ဆိုက ပေးလှူခြင်း ဖြစ်၏။
အဘိဓမ္မာနည်းအရမူ ပေးလှူသောအခါ ဖြစ်ပေါ်သော စိတ်နှင့် ယှဉ်သည့် စေတနာ ဖြစ်၏။
ပေးလှူရာတွင် ဤစေတနာ မပါရှိဘဲ မဖြစ်နိုင်။
အမှန်တကယ် မပေးလှူဘဲနှင့်လည်း ပေးလှူကြောင်းဖြစ်သော စေတနာ မဖြစ်နိုင်။
ပေးမှသာ ပေးလှူသော စေတနာ ဖြစ်နိုင်၏။
... စိတ်ထဲမှာ စေတနာလေး ဖြစ်နေရင် ပြီးတာပါပဲ။ တကယ်လှူဖို့ မလိုပါဘူး ... ဟု ပြောလေ့ရှိသည်များမှာ သဘာဝ မကျ။ ဟုတ်လည်း မဟုတ်ပါ။
ဒါနအမျိုးမျိုး ရှိ၏။
လှူအပ်သော ပစ္စည်းကိုပင် ဒါနဟု ခေါ်သည်လည်း ရှိ၏။
ပေးလှူမှုအမူအရာကို ဒါနဟု ခေါ်သည်လည်း ရှိ၏။
ပေးလှူမှုပြုရာတွင်, ကုသိုလ်ကောင်းမှုပြုရာတွင် စေတနာသုံးတန်ဖြစ်သော ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ သုံးမျိုးလုံး သန့်ရှင်း ထက်သန်ရန် လို၏။
ပန်းလေးတစ်ပွင့် လှူခြင်းဖြင့် ကမ္ဘပေါင်းရှစ်ဆယ် အပါယ်မလားခြင်းမှာ မလှူမီ၊ လှူဆဲ၊ လှူပြီး ဖြစ်ပေါ်ခဲ့သော အလွန်တရာ သန့်ရှင်း ထက်သန်သည့် စေတနာ၏ အကျိုးကြောင့်သာ ဖြစ်ပေမည်။
ထို့ကြောင့် လှူသောနေရာတွင် အများကြီး လှူခြင်း၊ နည်းနည်းလေး လှူခြင်းထက် ပို၍ အရေးကြီးသည်မှာ သန့်ရှင်းသော စေတနာ၊ ထက်သန်သော စေတနာ ဖြစ်၏။
“လောကမှာ နည်းသည်ဟု ဆိုသော အလှူ မရှိပါ”ဟူ၍ မြတ်စွာဘုရားဟောတော်မူကြောင်း သိရ၏။
နောက်တစ်နည်းအားဖြင့် -
ဒါနသည် ဟီနဒါန (အညံ့စားဒါန)၊ မဇ္ဈိမဒါန (အလယ်အလတ်စားဒါန)၊ ပဏီတဒါန (အထက်တန်း အမြတ်စား ဒါန) ဟူ၍ သုံးမျိုး ရှိ၏။
ညံ့သော ဆန္ဒ, ညံ့သော စိတ်, ညံ့သော ဝိရိယ, ညံ့သော ပညာတို့ဖြင့် ပြုသော ဒါနမျိုးသည် အညံ့စားဒါန ဖြစ်၏။
ထို့အတူ အလယ်အလတ် ဆန္ဒ ... စသည်ဖြစ်က မဇ္ဈိမဒါန၊ အထက်တန်းစား ထက်ထက်သန်သန် ဆန္ဒ ... စသည်ဖြစ်က အမြတ်စားဒါန ဖြစ်၏။
ငွေတစ်ရာအကုန်ကျခံ၍ အလှူပြုကြခြင်းအတူတူ ဆန္ဒ, စိတ်, ပညာ, ဝီရိယ ထက်ထက်သန်သန်ဖြင့် လှူသူက ပို၍ အကျိုးများမည် ဖြစ်၏။
တစ်နည်းအားဖြင့် အကျော်အစောလိုချင် နာမည်ကြီးချင်၍ လှူက အညံ့စားဒါန၊ ဒါန၏အကျိုးကို လိုလားပြီး လှူက အလယ်အလတ်စားဒါန၊ သူတော်ကောင်းမှန်လျှင် ပြုရမည့်ကိစ္စတစ်ရပ်အနေဖြင့် ပြုက အမြတ်စားဒါန ဖြစ်၏။
တစ်နည်းအားဖြင့် ငါကတော့ လှူတယ်၊ သူများတွေက မလှူဘူးဟု ကိုယ့်ကိုကိုယ်မြှောက်ပြီး သူတပါးကို နှိမ်ချလို၍ ပြုက အညံ့စားဒါန၊ လောကီချမ်းသာကို လိုလား၍ လှူက အလတ်စားဒါန၊ မဂ်ဖိုလ် နိဗ္ဗာန်ကို တောင့်တပြီးလှူက အမြတ်စားဒါန ဖြစ်၏။
တစ်နည်းအားဖြင့် ဘဝစည်းစိမ်ကို တောင့်တပြီး လှူက အညံ့စားဒါန၊ မိမိ၏ သံသရာမှ လွတ်မြောက်မှုကို မျှော်ပြီး လှူက အလယ်အလတ်စားဒါန၊ ဘုရားလောင်းများကဲ့သို့ သတ္တဝါအားလုံး သံသရာမှ လွတ်မြောက်ရေးအတွက် လှူက ဒါနပါရမီမြောက်သော အမြတ်စားဒါန ဖြစ်၏။
ထို့ကြောင့် မိမိတို့ လှူရာ၌ အကျိုးအများဆုံးရရှိအောင် လှူနည်း သိရှိနားလည်ပြီး လှူတတ်ကြရန် လို၏။
သီလ
သီလဆိုသည်မှာ ကိုယ်မှု နှုတ်မှုတို့ကို အကုသိုလ်မဖြစ်ရအောင် ကောင်းစွာထားခြင်း၊ ကောင်းစွာထားရှိခြင်းတွင်ပါသော စေတနာ ဖြစ်၏။
သီလသည်လည်း အမျိုးမျိုး ရှိ၏။
ရဟန်းတို့ စောင့်ထိန်းအပ်သော ၂၂၇-သွယ်သော သိက္ခာပုဒ်, ရဟန်းသီလ၊
ရဟန်းမ ဘိက္ခုနီမတို့ ကျင့်သုံးအပ်သော သိက္ခာပုဒ် ၃၁၁ ပါး၊
သာမဏေတို့ စောင့်ထိန်းအပ်သော ၁၀-ပါးသီလ၊ လိင် ၁၀-ပါး, ဒဏ် ၁၀-ပါး၊ သေခိယ ၇၅-ပါး၊
လူဝတ်ကြောင်တို့ စောင့်ထိန်းအပ်သော ၅-ပါးသီလ၊ ၈-ပါးသီလ ဟူ၍ ရှိ၏။
ဒုဿီလနှင့် အလဇ္ဇီ
‘မေထုန်မှီဝဲခြင်း’၊ ‘သူများဥစ္စာကို ခိုးခြင်း’၊ ‘လူသတ်ခြင်း’၊ ‘ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟု လိမ်ပြောခြင်း’ ဟူသော ပါရာဇိက ၄-ပါးအနက်နက် တစ်ပါးပါး ကျူးလွန်သော ရဟန်းကို သီလမရှိသောရဟန်း = ဒုဿီလ ဟု ခေါ်၏။ ရဟန်းအဖြစ်က အလိုလို လျောကျပြီး ဖြစ်၏။ ပါရာဇိကကျပြီးက ယခုဘဝတွင် နောက်ထပ်တစ်ဖန် ရဟန်းအဖြစ် မရနိုင်တော့ပေ။
ပါရာဇိက ၄-ပါး မဟုတ်ဘဲ တခြားသိက္ခာပုဒ်များကို မရှက်မကြောက် လွန်ကျူးနေသော ပုဂ္ဂိုလ်မျိုးကိုမူ အလဇ္ဇီဟု ခေါ်၏။
သာမဏေများမှာ သီလပျက်က သရဏဂုံ ပြန်ယူ ဆောက်တည်ရ၏။
သရဏဂုံယူခြင်းဖြင့် သာမဏေသီလ တည်၏။
မြတ်စွာဘုရားကို ဆည်းကပ်သော, သရဏဂုံတည်သော လူဝတ်ကြောင်ကို ပါဠိလို ‘ဥပါသက’ဟု ခေါ်၏။
လူအများက ‘ဥပါသကာ’ဟု ပြောဆိုတတ်ကြ၏။
ဥပါသကဖြစ်ပြီး လူဝတ်ကြောင်တို့မှာ အမြဲစောင့်ထိန်းရသော နိစ္စသီလဖြစ်သည့် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲကြရ၏။
ငါးပါးသီလဆောက်တည်ရာ၌ သီလတစ်ပါးစီ ဆိုပြီး မဆောက်တည်ဘဲ ပေါင်း၍ ‘ငါးပါးသီလ ဆောက်တည်ပါ၏’ဟု သီလယူက သီလတစ်ပါး ကျိုးပျက်လျှင် ငါးပါးစလုံး ကျိုးပျက်၏။
တစ်ပါးစီ ဆိုပြီး ဆောက်တည်ထားက တစ်ပါးကျိုးပျက်လျှင် ထိုတစ်ပါးသာ ကျိုးပျက်၏။
စာရိတ္တသီလ နှင့် ဝါရိတ္တသီလ
စာရိတ္တသီလဆိုသည်မှာ မျိုးရိုးထုံးစံအရ ကောင်းသောအကျင့်များကို ခေါ်၏။
မကျင့်လျှင် အပြစ်မရှိ၊ ကျင့်လျှင် အကျိုးရှိသော သီလ ဖြစ်၏။
ရဟန်းတို့တွင် ပညတ်ထားသော သိက္ခာပုဒ် ၂၂၇ ပါးအပြင် ဝိနည်း ကျမ်းဂန်များတွင် ပညတ်ထားသော ခန္ဓကကဲ့သို့ သိက္ခာပုဒ်များကို စာရိတ္တသီလဟု ခေါ်၏။
ဝါရိတ္တသီလဆိုသည်မှာ ရှောင်ရန် တားမြစ်ထားသော သီလ ဖြစ်၏။
လူတို့၏ နိစ္စသီလဖြစ်သော ငါးပါးသီလ၊ ရဟန်းတို့၌ ပါတိမောက်သီလတို့မှာ ဝါရိတ္တသီလ ဖြစ်၏။
သီလသည် ကာယကံနှင့် ဝစီကံကို ထိန်းချုပ်၏။
မနောကံ စိတ်ဖြင့် သီလမပျက်သော်လည်း သီလညစ်နွမ်း၏။
မနောကံကို ဘာဝနာဖြင့် ထိန်းရ၏။
ဘာဝနာ
တိုးတက်ပွားများအောင် လုပ်ခြင်းကို ဘာဝနာဟု ခေါ်၏။
ကုသိုလ်စိတ် တိုးတက်ပွားများအောင် လုပ်ခြင်းကို ဆို၏။
ဘာဝနာမှာ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ ဟု ၂-မျိုး ရှိ၏။
ဤနှစ်မျိုးကို ကမ္မဋ္ဌာန်းဟုလည်း ခေါ်၏။
အားကြီးသော သမာဓိကို ဖြစ်စေနိုင်သည့် ကမ္မဋ္ဌာန်းမျိုးသည် သမထဘာဝနာ၊
အနိစ္စ, ဒုက္ခ, အနတ္တ မြင်အောင် ရှုမှတ်ပွားများခြင်းသည် ဝိပဿနာဘာဝနာ ဖြစ်၏။
ဤ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ နှစ်ပါးအကြောင်းကို နောက်ဆုံးပိုင်း-နဝမပိုင်း၌ ကျမ်းဆရာ အကျယ်ပြဆို၏။
အပစာယန
အရိုအသေပေးမှုတွင် ပါသော စေတနာကို အပစာယနဟု ခေါ်၏။
မိဘ, ဆရာသမား, ရဟန်း သံဃာ, မိမိထက် အသက် ဂုဏ်သိက္ခာ ကြီးသော ပုဂ္ဂိုလ်များကို အရိုအသေပေးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ ရှိခိုးဦးချခြင်း စသည် ရိုးရိုးသားသား ရိုသေမှု ပြုခြင်းကို အပစာယနဟု ခေါ်၏။
ဝေယျာဝစ္စ
မိဘကဲ့သို့ ပုဂ္ဂိုလ်များ၊ မကျန်းမမာဖြစ်နေသည့် ပုဂ္ဂိုလ်များ၊ အတူနေ သီတင်းသုံးဖော်များ၏ အပြစ်ကင်းသော လုပ်ငန်းများမှာ ကူညီဆောင်ရွက်ပေးသော စေတနာကို ဝေယျာဝစ္စဟု ခေါ်၏။
ကိုယ့်ထက်ကြီးသူကို ရေခပ်ပေးခြင်း၊ လမ်းဖြတ်ကူးနေသော သက်ကြီးရွယ်အိုကို ကူညီတွဲပို့ပေးခြင်း .. စသည့် ရိုးဖြောင့်သော စေတနာဖြင့် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်၏။
ပါယာသိမြို့စား၏ အလှူကို စီမံကွပ်ကဲရသော အခိုင်းအစေ ဥတ္တရလုလင်မှာ စေတနာကောင်းဖြင့် ရိုရိုသေသေ လေးလေးစားစား ပြုလုပ်ဆောင်ရွက်ပေးသောကြောင့် သေလွန်သော် မြို့စားထက် အဆင်မြင့်သော နတ်ဖြစ်ရ၏။
+++++
အဘိဓမ္မာသင်တန်းပြီးသော် နာရီဝက်ခန့် အနားရကြပြီး ညနေ ၆ နာရီခွဲ၌ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ဝိမလက “သင့်အဖော် ဘယ်သူလဲ” (သို့မဟုတ်) “သင် .. ဘယ်သူနဲ့ နေသလဲ” တရားခေါင်းစဉ်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။
တရားပွဲပြီးသော် ၁၅ မိနစ်ခန့် ဝိပဿနာဘာဝနာ ပွားများကြရပြီး ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။
သာဓု ... သာဓု ... သာဓု။
+++++
စာကိုး
အရှင်ဝိစိတ္တသာရာဘိဝံသ၏ “ဟောစဉ်တရားတော်များ (စတုတ္ထတွဲ)”
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
Sunday, May 16, 2010
ဗုဒ္ဓနေ့ သြဝါဒ - ကျောက်တော်ကြီးဆရာတော် (၉-မေ-၁၀)
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၀၁၀ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော်ကို လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၀ ခုနှစ် မေလ ၉ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ် ကျင်းပခဲ့ရာ ကျောက်တော်ကြီးဆရာတော်က သြဝါဒ ချီးမြှင့် မိန့်ကြားခဲ့ပါသည်။
Thursday, May 13, 2010
ကျောက်တော်ကြီးဆရာတော် လောကချမ်းသာစေတီတော်ကို ဖူးမြော် ကြည်ညို
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ခေတ္တရောက်ရှိ သီတင်းသုံးနေသော ကျောက်တော်ကြီးဆရာတော်သည် ၂၀၁၀ ခုနှစ် မေလ ၁၂ ရက် ဗုဒ္ဓဟူးနေ့က နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်ရှိ မဟာစည်သတိပဋ္ဌာန်ရိပ်သာသို့ ကြွရောက်ကာ လောကချမ်းသာစေတီတော်အား ဖူးမြော် ကြည်ညိုပြီး စေတီတော်တည်ဆောက်ရေးလုပ်ငန်းများနှင့် လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု လေ့လာသွား၏။
+++++
ဓာတ်ပုံ - ဆရာစိန်
+++++
ဓာတ်ပုံ - ဆရာစိန်
Wednesday, May 12, 2010
လောကချမ်းသာစေတီတော် မှတ်တမ်း (မေ ၁၀-၁၁၊ ၂၀၁၀)
လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး တည်ဆောက်ရေးအတွက် ဈေးပြိုင်စနစ်ဖြင့် ခေါ်ယူထားသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို မြန်မာဗိသုကာပညာရှင် Darrit Cho နှင့် အင်ဂျင်နီယာ ဦးမောင်မောင်တို့က ၂၀၁၀ ခုနှစ် မေလ ၁၀ ရက် တနင်္လာနေ့၌ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
လောကချမ်းသာစေတီတော် ပလ္လင်ခုံ (အထက်ပစ္စယံ)ပေါ်ရှိ ရုပ်ပွားတော်များအား တံကဲများတပ်ဆပ်နေကြစဉ် -
ပလ္လင်ခုံပတ်လည်တွင် အင်္ဂတေကနုတ်ပန်းများဖြင့် အလှဆင်ရန် -
နယူးဂျာစီမဟာစည်သတိပဋ္ဌာန်ရိပ်သာအနီးဝန်းကျင်တွင် နေထိုင်ပြီး ကျောင်းသို့ လာရောက် ကူညီပေးလေ့ရှိသူ ကေဗင် (ခြံစည်းရိုးသစ်ပင်များ ဝယ်ယူခဲ့စဉ်ကလည်း ကူညီပေးခဲ့သူ) တစ်ယောက် ၅-ရက်တာ ဒုလ္လဘဝတ်ခွင့်ရခိုက် sitting meditation, walking meditation များသာမက working meditation ပါ ကုသိုလ်ယူခွင့်ရရှိ၏။

အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် (၉-မေ-၂၀၁၀)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ “မြတ်ဗုဒ္ဓ၏ မွေးဖွားတော်မူသော နေ့၊ ဘုရားဖြစ်တော်မူသော နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသော နေ့” နေ့ကြီး သုံးနေ့ကို အထိမ်းအမှတ်ပြုကာ နှစ်စဉ် ပူဇော် ကျင်းပ ပြုလုပ်မြဲဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်ကို ၂၀၁၀ ခုနှစ် မေလ ၉ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပါသည်။
နံနက် ၁၀ နာရီခွဲတွင် ဗုဒ္ဓပူဇာသဘင် ဆင်ယင်ကျင်းပပြီး ဘုရားရှင်အား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။
နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ဧည့်ပရိသတ်များအား မြန်မာထမင်းဟင်း၊ မြန်မာမုန့်များ၊ ကလေးများအတွက် စားဖွယ်ရာများဖြင့် ဧည့်ခံ ကျွေးမွေးကြပါသည်။
ပွဲတော် အစားအသောက်အတွက် အလှူရှင်များမှာ “ဒေါက်တာသန့်ဇင်-စန္ဒရာဇင်၊ ဒေါက်တာမောင်မောင်ဦး-လီလီဝင်း”တို့ ဖြစ်၏။
မွန်းလွဲ ၁ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တရောက်ရှိ သီတင်းသုံးနေသော အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်၊ တောင်သမန်ကျောက်တော်ကြီး ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂဝံသ ဆရာတော်ကြီးက အနုမောဒနာတရား ဟောကြား ချီးမြှင့်ကာ၊ ဘုန်းကြီး ဦးအဘယာလင်္ကာရက ရေစက်ချ ကောင်းမှုကုသိုလ် အမျှဝေခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးလေသည်။
+++++
ဓာတ်ပုံ - မေတ္တာမိုး (လောကချမ်းသာ)နှင့် ဆရာစိန်

ကျောက်တော်ကြီးဆရာတော် လောကချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ
အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်၊ တောင်သမန်ကျောက်တော်ကြီး ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂဝံသ ဆရာတော်ကြီးသည် နောက်ပါ ဆရာတော်အဖြစ် ကယ်လီဖိုးနီးယားပြည်နယ်၊ အဇူဇာ၊ သုန္ဒရာရာမ ဗြဟ္မဝိဟာရကျောင်း ဆရာတော် အရှင်ဧသက လိုက်ပါလျက် လောကချမ်းသာဘုရားကျောင်းတော်သို့ ၂၀၁၀ ခုနှစ် မေလ ၂ ရက် တနင်္ဂနွေနေ့၌ ရောက်ရှိ သီတင်းသုံးလျက် ရှိပါသည်။
ဆရာတော်ကြီးသည် နယူးယောက်မြို့သို့ ရောက်ရှိနေခိုက် အော်ဘနီ၊ ဘတ်ဖဲလိုး၊ ဘော်စတွန်မြို့များသို့လည်း ကြွရောက်မည် ဖြစ်ပြီး၊ မေလ ၁၃ ရက်နေ့တွင် ကယ်လီဖိုးနီးယားသို့ ပြန်လည် ကြွရောက်ပါမည်။
ဆရာတော်ကြီးသည် သက်သတ်လွတ်ဆွမ်း ဘုဉ်းပေးပြီး၊ ဆရာတော်ကြီးအား ဆွမ်းကပ်လိုသူများ, ဖူးမြင်လိုသူများသည် လောကချမ်းသာဘုရားကျောင်း၊ တယ်လီဖုန်း (၇၁၈) ၆၂၂-၈၀၁၉ သို့ ဆက်သွယ်နိုင်ပါသည်။
အကုသိုလ် ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး
၂၀၁၀ ခုနှစ် မေလ ၈ ရက် စနေနေ့ ညနေ ၄ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်း ၃၁-ပတ်မြောက် သင်ခန်းစာ “အကုသိုလ် ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး” အကြောင်းကို လေ့လာ သင်ယူကြရပါသည်။
လောကချမ်းသာဆရာတော်က ရှေးဦးစွာ မှတ်ဖွယ်ရာရာ သင်ခန်းစာတို့ကို ပြန်လည် သင်ကြားပေးခြင်း၊ ယခုအပတ် သင်ကြားမည့် သင်ခန်းစာကို မိတ်ဆက်ပေးခြင်းတို့ကို နာရီဝက်ခန့် ဟောပြော သင်ကြားပေး၏။
+++++
ဝစီကံ = ဝစီဒွါရ (နှုတ်)၌ အဖြစ်များသော ကံ
ပါဠိလို ‘မုသာဝါဒ’ဟု ခေါ်၏။
မုသာဝါဒ ကမ္မပထမြောက်သော အင်္ဂါ ၄ ပါး
လုံ့လ ပယောဂပြုရာတွင်လည်း သူ့အသက်သတ်ခြင်းမှာကဲ့သို့ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းစေခြင်း၊ ပစ်စာရေးပို့ခြင်း၊ နံရံစသည်၌ ထာဝရတည်ရှိနေအောင် မဟုတ်မမှန်ရေးသားခြင်း စသည် အမျိုးမျိုး ရှိ၏။
အပြစ်အကြီးအသေးမှာလည်း အလိမ်ခံရသူ၏ သီလသိက္ခာရှိမှု မရှိမှု စသည်အပေါ် မူတည်၍ အလေးအပေါ့ဖြစ်၏။
တစ်ဖက်သား စိတ်ချမ်းသာအောင် အလွန်အကျွံလည်း မုသားမဖြစ်အောင် လိမ်လည်ပြောဆိုခြင်း (white lie)မှာ အပြစ်မကြီးလှသော်လည်း လိမ်လည်မှုပင် ဖြစ်၏။
ပါဠိလို ပိသုဏဝါစာ ဟု ခေါ်၏။
တစ်ဦးနှင့်တစ်ဦး ချစ်ခင်နေသူတို့ ကွဲသွားအောင် ပြောဆိုပြုလုပ်ခြင်း ဖြစ်၏။
ပိသုဏဝါစာ အင်္ဂါ ၄ ပါး
ပါဠိလို ဖရုဿဝါစာ ဟု ခေါ်၏။
အနက်အဓိပ္ပာယ်ကြမ်းတမ်းသော စေတနာကြမ်းတမ်းသော စကားကို ပြောဆိုခြင်း ဖြစ်၏။
ဖရုဿဝါစာ အင်္ဂါ ၃ ပါး
ဆရာက တပည့်ကို၊ မိဘက သားသမီးကို ကောင်းစေလိုသော စေတနာနှင့် ဆိုဆုံးမရာ၌ တခါတရံ ကြမ်းတမ်းသော စကားအသုံးအနှုန်းများ ပါသွားတတ်သော်လည်း စေတနာမကြမ်းတမ်းသဖြင့် ဖရုဿဝါစာ မဖြစ်ပေ။
စကားမကြမ်းတမ်းသော်လည်း ကြမ်းတမ်းသောစေတနာဖြင့် ပြောဆိုက ဖရုဿဝါစာ ဖြစ်၏။
ပါဠိလို သမ္ဖပ္ပလာပ ဟု ခေါ်၏။
အနက်အဓိပ္ပာယ် မရှိ၊ အကျိုးမရှိ၊ စီးပွားချမ်းသာကို မဖြစ်စေနိုင်သော စကားကို ပြောဆိုခြင်း ဖြစ်၏။
သမ္ဖပ္ပလာပ အင်္ဂါ ၂ ပါး
တစ်ဖက်သား ယုံကြည်က ကမ္မပထ မြောက်၏။ မယုံကြည်လျှင် ကမ္မပထ မမြောက်။
သူတပါးစည်းစိမ်ကို မတရား ရယူလိုခြင်း။
မတရားသောလောဘ=ဝိသမလောဘ ဖြစ်၏။
အဘိဇ္ဈာ အင်္ဂါ
သူတပါး ပျက်စီး သေစေရန် ကြံစည်ခြင်း။
ဗျာပါဒ အင်္ဂါ
မှားသောအယူ ရှိခြင်း။
မိစ္ဆာဒိဋ္ဌိ အင်္ဂါ
အယူမှားအမျိုးမျိုးရှိရာ ကမ္မပထမြောက်သော မိစ္ဆာဒိဋ္ဌိ ၃-မျိုးမှာ -
(က) နတ္ထိကဒိဋ္ဌိ
(ခ) အဟေတုကဒိဋ္ဌိ
(ဂ) အကိရိယဒိဋ္ဌိ တို့ ဖြစ်၏။
ဤမိစ္ဆာဒိဋ္ဌိ ၃-မျိုး အဓိပ္ပာယ်ကို သိရန် “နတ်-ကျိုး အ-ကံ၊ ဟေနှစ်တန်” ဟူသော လင်္ကာလေးကို မှတ်သားထားသင့်၏။
နတ်ကျိုး - နတ္ထိကဒိဋ္ဌိသည် အကျိုးကို ပယ်သော အယူမှား ဖြစ်၏။
ဘာလုပ်လုပ် အကျိုးမရှိဘူး၊ ကောင်းတာလုပ်လည်း ကောင်းကျိုးမရှိ၊ မကောင်းတာလုပ်လည်း မကောင်းကျိုးမရှိဟု ယူခြင်း ဖြစ်၏။
နတ္ထိကဒိဋ္ဌိ ၁၀ မျိုးကို ပါဠိတော်များထဲတွင် ဟောထား၏။
နတ္ထိဒိန္နံ = ပေးလှူ၍ အကျိုးမရှိ။
နတ္ထိယိဋ္ဌံ = အလှူကြီး ပေးလှူ၍ အကျိုးမရှိ။
နတ္ထိဟုတံ = ခပ်နည်းနည်း ပေးလှူ၍ အကျိုးမရှိ။
နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော = ကောင်းမှု မကောင်းမှုတို့၏ အကျိုးပေး အကျိုးဆက် မရှိ။
နတ္ထိမာတာ = အမေဆိုသည် မရှိ၊ အမေ့ဂုဏ်ကျေးဇူး မရှိ။
နတ္ထိပိတာ = အဖေဆိုသည် မရှိ၊ အဖေ့ဂုဏ်ကျေးဇူး မရှိ။
နတ္ထိသြပပါတိကာ သတ္တာ = လူကဲ့သို့ အမိဝမ်းမှာ ပဋိသန္ဓေမနေရဘဲ ဘွားကနဲဖြစ်သော နတ် ဗြဟ္မာဆိုသည်မှာ မရှိ။
နတ္ထိ အယံ လောကော = ဤဘဝဆိုသည်မှာ မရှိ။
နတ္ထိ ပရော လောကော = ဒီဘဝ သေပြီး နောက်ဘဝဆိုသည်မှာ မရှိ။
နတ္ထိလောကေ သမဏဗြဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေဣမဉ္စလောကံ ပရဉ္စလောကံ သယံအဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ = ဤလောက နောက်လောကကို ကိုယ်တိုင် သိပြီး ပြောဟောနိုင်သော ရဟန်း၊ ပညာရှိ၊ ပုဏ္ဏားတို့ဆိုသည်မှာ မရှိ။
(ဤ ၁၀ မျိုး၏ အပြန် “အတ္ထိဒိန္နံ၊ အတ္ထိယိဋ္ဌံ၊ အတ္ထိဟုတံ၊ အတ္ထိသုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊ အတ္ထိမာတာ၊ အတ္ထိပိတာ၊ အတ္ထိသတ္တာသြပပါတိကာ၊ အတ္ထိ အယံ လောကော၊ အတ္ထိ ပရောလောကော၊ အတ္ထိ လောကေ သမဏဗြဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ” မှာ မှန်သော အယူ ၁၀ မျိုး = ဒသဝတ္ထုက သမ္မာဒိဋ္ဌိ ဖြစ်၏။)
ဟေနှစ်တန် = အဟေတုကဒိဋ္ဌိသည် အကြောင်းလည်း မရှိ၊ အကျိုးလည်း မရှိ၊ အကြောင်းအကျိုး နှစ်ခုစလုံးကို ပယ်၏။
အ,ကံ = အကိရိယဒိဋ္ဌိသည် ကံကို ပယ်၏။ အကုသိုလ်လုပ်လည်း အကုသိုလ်ကံ မဖြစ်၊ ကုသိုလ်လုပ်လည်း ကုသိုလ်ကံ မဖြစ်၊ ဘာလုပ်လုပ် ကံမဖြစ်ဟု ယူသော အယူဝါဒ ဖြစ်၏။
ဤမိစ္ဆာဒိဋ္ဌိ ၃-မျိုးစလုံးမှာ အကြောင်းမရှိ၊ အကျိုးမရှိ၊ အကြောင်းအကျိုးမရှိဟု ယူသောကြောင့် အထူးသဖြင့် ရုပ်ဝါဒသမားများ၊ ဘာသာအယူဝါဒမရှိသူများမှာ ရှိတတ်၏။
ဤမိစ္ဆာဒိဋ္ဌိအယူကို ချွတ်မရအောင် အခိုင်အမာ စွဲလန်းသွားက နိယတ (မြဲသော) မိစ္ဆာဒိဋ္ဌိသို့ ရောက်ပြီး၊ သံဃဘေဒကကံထက်ပင် ကြီးလေးသော အပြစ်ဖြစ်ကြောင်း စာ၌ လာကြောင်း သိရ၏။
မိစ္ဆာဒိဋ္ဌိ ရှိနေသမျှ သမ္မာဒိဋ္ဌိ မဖြစ်နိုင် မပေါ်နိုင်သောကြောင့် ဤဒိဋ္ဌိ ၃-မျိုး ကင်းရှင်းအောင် အလေးတယူ သတိပြုကြရ၏။
+++++
အရက်သောက်ခြင်းမှာ အကုသလကမ္မပထတရား ၁၀-ပါး၌ တိုက်ရိုက် မပါသော်လည်း ကာမဂုဏ်အာရုံတို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းဟူသော ကာမေသုမိစ္ဆာစာရထဲ၌ သွင်းရကြောင်း ကျမ်းဂန်များ၌ ဆို၏။
အရက်သောက်ခြင်းသည် ကမ္မပထ မြောက်,မမြောက် အယူအမျိုးမျိုး ရှိ၏။
မြတ်စွာဘုရား ဟောထားသော ဒုစ္စရိတ ဝိပါကသုတ်၌ အရက်အကြောင်းလည်း ပါဝင်၏။
“ရဟန်းတို့၊ သုရာပါနကို မှီဝဲအပ် ထုံအပ် အကြိမ်များစွာ လေ့လာပြုအပ်လျှင် ငရဲ၌ ဖြစ်စေနိုင်၏။
တိရစ္ဆာန်မျိုး၌ ဖြစ်စေနိုင်၏။
ပြိတ္တာမျိုး၌ ဖြစ်စေနိုင်၏။
အကြင်အကျိုးကား သုရာပါဏအတွက် အပေါ့ဆုံးတည်း၊ ထိုအပေါ့ဆုံးအကျိုးသည်ပင် လူဖြစ်သည့်အခါ အရူးအနှမ်း ဖြစ်စေ၏။”
ထို့ကြောင့် အရက်သောက်ခြင်း၌ တစ်ကြိမ်တစ်ခါ သောက်တာမျိုးမဟုတ်ဘဲ အကြိမ်များ အရက်စွဲအောင် သောက်က အပေါ့ဆုံးအကျိုးအဖြစ် လူဖြစ်လာသည့်တိုင် စိတ်ကယောင်ချောက်ခြားဖြစ်သူ စိတ်ပေါ့သူ အရူးအနှမ်း ဖြစ်တတ်၏။
အရက်သောက်ခြင်းမှာ ကမ္မပထ မမြောက်ဟု ဆိုသော်ငြားလည်း အပြစ်ကြီးနိုင်၏။
အရက်သောက်ခြင်းအမျိုးမျိုး၌ -
+++++
အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲကို အရှင်ဝဏ္ဏိတ က “အဟောသုခံ နိဗ္ဗာနံ” တရားတော် ပထမပိုင်းကို ညနေ ၆ နာရီမှ ၇ နာရီထိ ဓမ္မဒါနပြု ဟောကြား၏။
ထိုနောက် ၁၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အမျှ ပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
လောကချမ်းသာဆရာတော်က ရှေးဦးစွာ မှတ်ဖွယ်ရာရာ သင်ခန်းစာတို့ကို ပြန်လည် သင်ကြားပေးခြင်း၊ ယခုအပတ် သင်ကြားမည့် သင်ခန်းစာကို မိတ်ဆက်ပေးခြင်းတို့ကို နာရီဝက်ခန့် ဟောပြော သင်ကြားပေး၏။
+++++
အကုသိုလ် ဝစီကံ ၄-ပါး
ဝစီကံ = ဝစီဒွါရ (နှုတ်)၌ အဖြစ်များသော ကံ
(၁) လိမ်လည်ပြောဆိုခြင်း
ပါဠိလို ‘မုသာဝါဒ’ဟု ခေါ်၏။
မုသာဝါဒ ကမ္မပထမြောက်သော အင်္ဂါ ၄ ပါး
- မဟုတ်မမှန်သော ဝတ္ထုလည်းဖြစ်ခြင်း။
- မှားယွင်းစေလိုသော စိတ်လည်းရှိခြင်း။
- ထိုစိတ်အားလျော်စွာ လုံ့လပယောဂပြုသည်လည်းဖြစ်ခြင်း။
- ထိုပယောဂကြောင့် သူတပါးတို့ အမှားကို အမှန်၊ အမှန်ကို အမှားဟု သိသည်လည်းဖြစ်ခြင်း။
လုံ့လ ပယောဂပြုရာတွင်လည်း သူ့အသက်သတ်ခြင်းမှာကဲ့သို့ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းစေခြင်း၊ ပစ်စာရေးပို့ခြင်း၊ နံရံစသည်၌ ထာဝရတည်ရှိနေအောင် မဟုတ်မမှန်ရေးသားခြင်း စသည် အမျိုးမျိုး ရှိ၏။
အပြစ်အကြီးအသေးမှာလည်း အလိမ်ခံရသူ၏ သီလသိက္ခာရှိမှု မရှိမှု စသည်အပေါ် မူတည်၍ အလေးအပေါ့ဖြစ်၏။
တစ်ဖက်သား စိတ်ချမ်းသာအောင် အလွန်အကျွံလည်း မုသားမဖြစ်အောင် လိမ်လည်ပြောဆိုခြင်း (white lie)မှာ အပြစ်မကြီးလှသော်လည်း လိမ်လည်မှုပင် ဖြစ်၏။
(၂) ချောပစ် ကုန်းတိုက်ခြင်း
ပါဠိလို ပိသုဏဝါစာ ဟု ခေါ်၏။
တစ်ဦးနှင့်တစ်ဦး ချစ်ခင်နေသူတို့ ကွဲသွားအောင် ပြောဆိုပြုလုပ်ခြင်း ဖြစ်၏။
ပိသုဏဝါစာ အင်္ဂါ ၄ ပါး
- ကွဲပြားစေအပ်သော သူတပါးလည်း ရှိခြင်း။
- သူ ၂-ဦးတို့ ကွဲပြားခြင်းကို ရှေးရှုသည်လည်း ဖြစ်ခြင်း။
- ထိုစိတ်အားလျော်သော လုံ့လပယောဂကို ပြုသည်လည်း ဖြစ်ခြင်း။
- ထိုသူတပါးက ထိုကုန်းတိုက်သော စကား၏အနက်ကို သိသည်လည်း ဖြစ်ခြင်း။
(၃) ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း။
ပါဠိလို ဖရုဿဝါစာ ဟု ခေါ်၏။
အနက်အဓိပ္ပာယ်ကြမ်းတမ်းသော စေတနာကြမ်းတမ်းသော စကားကို ပြောဆိုခြင်း ဖြစ်၏။
ဖရုဿဝါစာ အင်္ဂါ ၃ ပါး
- ကြမ်းတမ်းသောစကားကို ပြောဆိုအပ်သော သူတပါးလည်း ရှိခြင်း။
- စိတ်ဆိုးမှုလည်း ရှိခြင်း။
- ကြမ်းတမ်းသောစကားကို ပြောဆိုသည်လည်း ဖြစ်ခြင်း။
ဆရာက တပည့်ကို၊ မိဘက သားသမီးကို ကောင်းစေလိုသော စေတနာနှင့် ဆိုဆုံးမရာ၌ တခါတရံ ကြမ်းတမ်းသော စကားအသုံးအနှုန်းများ ပါသွားတတ်သော်လည်း စေတနာမကြမ်းတမ်းသဖြင့် ဖရုဿဝါစာ မဖြစ်ပေ။
စကားမကြမ်းတမ်းသော်လည်း ကြမ်းတမ်းသောစေတနာဖြင့် ပြောဆိုက ဖရုဿဝါစာ ဖြစ်၏။
(၄) သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း။
ပါဠိလို သမ္ဖပ္ပလာပ ဟု ခေါ်၏။
အနက်အဓိပ္ပာယ် မရှိ၊ အကျိုးမရှိ၊ စီးပွားချမ်းသာကို မဖြစ်စေနိုင်သော စကားကို ပြောဆိုခြင်း ဖြစ်၏။
သမ္ဖပ္ပလာပ အင်္ဂါ ၂ ပါး
- အကျိုးမဲ့ အနှစ်မဲ့စကားကို ပြောဆိုရန် ရှေးရှုလိုလားခြင်း။
- ထိုသို့သဘောရှိသော စကားကို ပြောဆိုသည်လည်း ဖြစ်ခြင်း။
တစ်ဖက်သား ယုံကြည်က ကမ္မပထ မြောက်၏။ မယုံကြည်လျှင် ကမ္မပထ မမြောက်။
အကုသိုလ် မနောကံ ၃ ပါး
(၁) အဘိဇ္ဈာ
သူတပါးစည်းစိမ်ကို မတရား ရယူလိုခြင်း။
မတရားသောလောဘ=ဝိသမလောဘ ဖြစ်၏။
အဘိဇ္ဈာ အင်္ဂါ
- သူတပါးဥစ္စာအပေါ် မိမိဥစ္စာဖြစ်လိုခြင်း။
(၂) ဗျာပါဒ
သူတပါး ပျက်စီး သေစေရန် ကြံစည်ခြင်း။
ဗျာပါဒ အင်္ဂါ
- ဒေါသထွက်စရာ သတ္တဝါဖြစ်စရာ ဖြစ်ခြင်း။
- သူတပါးပျက်စီးမှုကို ကြံစည်ခြင်း။
(၃) မိစ္ဆာဒိဋ္ဌိ
မှားသောအယူ ရှိခြင်း။
မိစ္ဆာဒိဋ္ဌိ အင်္ဂါ
- ယူအပ်သောဝတ္ထု၏ မမှန်ခြင်း။
- မမှန်ကန်သည်၏အဖြစ်ဖြင့် စိတ်ထဲ၌ စွဲမြဲထင်ခြင်း။
အယူမှားအမျိုးမျိုးရှိရာ ကမ္မပထမြောက်သော မိစ္ဆာဒိဋ္ဌိ ၃-မျိုးမှာ -
(က) နတ္ထိကဒိဋ္ဌိ
(ခ) အဟေတုကဒိဋ္ဌိ
(ဂ) အကိရိယဒိဋ္ဌိ တို့ ဖြစ်၏။
ဤမိစ္ဆာဒိဋ္ဌိ ၃-မျိုး အဓိပ္ပာယ်ကို သိရန် “နတ်-ကျိုး အ-ကံ၊ ဟေနှစ်တန်” ဟူသော လင်္ကာလေးကို မှတ်သားထားသင့်၏။
နတ်ကျိုး - နတ္ထိကဒိဋ္ဌိသည် အကျိုးကို ပယ်သော အယူမှား ဖြစ်၏။
ဘာလုပ်လုပ် အကျိုးမရှိဘူး၊ ကောင်းတာလုပ်လည်း ကောင်းကျိုးမရှိ၊ မကောင်းတာလုပ်လည်း မကောင်းကျိုးမရှိဟု ယူခြင်း ဖြစ်၏။
နတ္ထိကဒိဋ္ဌိ ၁၀ မျိုးကို ပါဠိတော်များထဲတွင် ဟောထား၏။
နတ္ထိဒိန္နံ = ပေးလှူ၍ အကျိုးမရှိ။
နတ္ထိယိဋ္ဌံ = အလှူကြီး ပေးလှူ၍ အကျိုးမရှိ။
နတ္ထိဟုတံ = ခပ်နည်းနည်း ပေးလှူ၍ အကျိုးမရှိ။
နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော = ကောင်းမှု မကောင်းမှုတို့၏ အကျိုးပေး အကျိုးဆက် မရှိ။
နတ္ထိမာတာ = အမေဆိုသည် မရှိ၊ အမေ့ဂုဏ်ကျေးဇူး မရှိ။
နတ္ထိပိတာ = အဖေဆိုသည် မရှိ၊ အဖေ့ဂုဏ်ကျေးဇူး မရှိ။
နတ္ထိသြပပါတိကာ သတ္တာ = လူကဲ့သို့ အမိဝမ်းမှာ ပဋိသန္ဓေမနေရဘဲ ဘွားကနဲဖြစ်သော နတ် ဗြဟ္မာဆိုသည်မှာ မရှိ။
နတ္ထိ အယံ လောကော = ဤဘဝဆိုသည်မှာ မရှိ။
နတ္ထိ ပရော လောကော = ဒီဘဝ သေပြီး နောက်ဘဝဆိုသည်မှာ မရှိ။
နတ္ထိလောကေ သမဏဗြဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေဣမဉ္စလောကံ ပရဉ္စလောကံ သယံအဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ = ဤလောက နောက်လောကကို ကိုယ်တိုင် သိပြီး ပြောဟောနိုင်သော ရဟန်း၊ ပညာရှိ၊ ပုဏ္ဏားတို့ဆိုသည်မှာ မရှိ။
(ဤ ၁၀ မျိုး၏ အပြန် “အတ္ထိဒိန္နံ၊ အတ္ထိယိဋ္ဌံ၊ အတ္ထိဟုတံ၊ အတ္ထိသုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊ အတ္ထိမာတာ၊ အတ္ထိပိတာ၊ အတ္ထိသတ္တာသြပပါတိကာ၊ အတ္ထိ အယံ လောကော၊ အတ္ထိ ပရောလောကော၊ အတ္ထိ လောကေ သမဏဗြဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ” မှာ မှန်သော အယူ ၁၀ မျိုး = ဒသဝတ္ထုက သမ္မာဒိဋ္ဌိ ဖြစ်၏။)
ဟေနှစ်တန် = အဟေတုကဒိဋ္ဌိသည် အကြောင်းလည်း မရှိ၊ အကျိုးလည်း မရှိ၊ အကြောင်းအကျိုး နှစ်ခုစလုံးကို ပယ်၏။
အ,ကံ = အကိရိယဒိဋ္ဌိသည် ကံကို ပယ်၏။ အကုသိုလ်လုပ်လည်း အကုသိုလ်ကံ မဖြစ်၊ ကုသိုလ်လုပ်လည်း ကုသိုလ်ကံ မဖြစ်၊ ဘာလုပ်လုပ် ကံမဖြစ်ဟု ယူသော အယူဝါဒ ဖြစ်၏။
ဤမိစ္ဆာဒိဋ္ဌိ ၃-မျိုးစလုံးမှာ အကြောင်းမရှိ၊ အကျိုးမရှိ၊ အကြောင်းအကျိုးမရှိဟု ယူသောကြောင့် အထူးသဖြင့် ရုပ်ဝါဒသမားများ၊ ဘာသာအယူဝါဒမရှိသူများမှာ ရှိတတ်၏။
ဤမိစ္ဆာဒိဋ္ဌိအယူကို ချွတ်မရအောင် အခိုင်အမာ စွဲလန်းသွားက နိယတ (မြဲသော) မိစ္ဆာဒိဋ္ဌိသို့ ရောက်ပြီး၊ သံဃဘေဒကကံထက်ပင် ကြီးလေးသော အပြစ်ဖြစ်ကြောင်း စာ၌ လာကြောင်း သိရ၏။
မိစ္ဆာဒိဋ္ဌိ ရှိနေသမျှ သမ္မာဒိဋ္ဌိ မဖြစ်နိုင် မပေါ်နိုင်သောကြောင့် ဤဒိဋ္ဌိ ၃-မျိုး ကင်းရှင်းအောင် အလေးတယူ သတိပြုကြရ၏။
+++++
အရက်သောက်ခြင်းမှာ အကုသလကမ္မပထတရား ၁၀-ပါး၌ တိုက်ရိုက် မပါသော်လည်း ကာမဂုဏ်အာရုံတို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းဟူသော ကာမေသုမိစ္ဆာစာရထဲ၌ သွင်းရကြောင်း ကျမ်းဂန်များ၌ ဆို၏။
အရက်သောက်ခြင်းသည် ကမ္မပထ မြောက်,မမြောက် အယူအမျိုးမျိုး ရှိ၏။
မြတ်စွာဘုရား ဟောထားသော ဒုစ္စရိတ ဝိပါကသုတ်၌ အရက်အကြောင်းလည်း ပါဝင်၏။
“ရဟန်းတို့၊ သုရာပါနကို မှီဝဲအပ် ထုံအပ် အကြိမ်များစွာ လေ့လာပြုအပ်လျှင် ငရဲ၌ ဖြစ်စေနိုင်၏။
တိရစ္ဆာန်မျိုး၌ ဖြစ်စေနိုင်၏။
ပြိတ္တာမျိုး၌ ဖြစ်စေနိုင်၏။
အကြင်အကျိုးကား သုရာပါဏအတွက် အပေါ့ဆုံးတည်း၊ ထိုအပေါ့ဆုံးအကျိုးသည်ပင် လူဖြစ်သည့်အခါ အရူးအနှမ်း ဖြစ်စေ၏။”
ထို့ကြောင့် အရက်သောက်ခြင်း၌ တစ်ကြိမ်တစ်ခါ သောက်တာမျိုးမဟုတ်ဘဲ အကြိမ်များ အရက်စွဲအောင် သောက်က အပေါ့ဆုံးအကျိုးအဖြစ် လူဖြစ်လာသည့်တိုင် စိတ်ကယောင်ချောက်ခြားဖြစ်သူ စိတ်ပေါ့သူ အရူးအနှမ်း ဖြစ်တတ်၏။
အရက်သောက်ခြင်းမှာ ကမ္မပထ မမြောက်ဟု ဆိုသော်ငြားလည်း အပြစ်ကြီးနိုင်၏။
အရက်သောက်ခြင်းအမျိုးမျိုး၌ -
- အရက်ပါသော ဆေးသောက်ခြင်းသည် အပြစ် မရှိ။
- အရက်ကိုပင် ဆေးအဖြစ်သောက်ခြင်းသည် အပြစ်ကြီးဖို့ မရှိနိုင်။ (အမျိုးသမီးများ သားဖွားပြီး အရက်တစ်မျိုး သောက်ခြင်း။)
- အရက်ကို သောက်ချင်၍ သောက်ခြင်းမှာ မိစ္ဆာစာရလည်း ဖြစ်ပြီး၊ အပြစ်လည်း ကြီး၏။ (အရက်သောက်ပြီး အကုသိုလ် ဘာမှ မလုပ်ဘဲ အိပ်သွားသည့်တိုင် စိတ်မှာ ကြည်ကြည်လင်လင် မရှိ၊ မှန်မှန်ကန်ကန် မစဉ်းစားနိုင်တော့ကာ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေခြင်းအကြောင်း ဖြစ်တော့၏။)
+++++
အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲကို အရှင်ဝဏ္ဏိတ က “အဟောသုခံ နိဗ္ဗာနံ” တရားတော် ပထမပိုင်းကို ညနေ ၆ နာရီမှ ၇ နာရီထိ ဓမ္မဒါနပြု ဟောကြား၏။
ထိုနောက် ၁၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အမျှ ပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
Thursday, May 6, 2010
Health Care Fund for Sayadaw U Mahaosadha Pandita
THERAVADA BUDDHIST ASSOCIATION OF AMERICA
4406 Windy Hill Road, Randallstown, MD 21133
Phone: (443) 272-7168
Dear Dhamma Friends:
As you may already be aware, Sayadaw U Mahaosadha Pandita suffered a stroke and was hospitalized at Mercy Hospital in Baltimore, Maryland, on April 3, 2010, under the care of Dr. Thaw Poon. Because of the stroke, Sayadaw U Mahao lost his ability to speak and to use the entire right side of his body.
Currently, Sayadaw U Mahao is recuperating in the Rehabilitation Unit (Room 912) of Mercy Hospital. He is undergoing physiotherapy and speech therapy. He is improving, and is now able to sit up, stand up briefly with assistance, and speak some words. His first words are "arahan, sammam-buddhao ....", etc., the Nine Attributes of the Buddha.
Sayadaw U Mahao will continue his treatment at the Rehabilitation Unit as long as he continues to show improvement in his locomotion and communication abilities. Ko Maung Maung Sai and other young members of TBAA in and around the Baltimore area, and U Htun Htun from St. Paul, Minnesota, are taking turns to stay day and night at the hospital to look after Sayadaw. Many members of TBAA take turns visiting the Sayadaw every day, providing moral support, talking to the Sayadaw in Burmese to help expedite his speech recovery, and bringing various Burmese foods so that he will want to eat and thereby get good nutrition and regain his strength.
We are also making preparations of Sayadaw U Mahao's room at the temple so that a whell chair can fit through doors and move up ramps, and providing various furniture and paraphernalia so that Sayadaw can move about easily. We anticipate that Sayadaw U Mahao will be discharged from the Rehabilitation Unit after about 1-2 months of rehabilitation therapy.
While Sayadaw U Mahao's medical expenses are mostly covered by MediCare, there are also a lot of health-related expenses. We are arranging for Sayadaw U Kavisara, Sayadaw U Mahao's brother, to come to our temple. We have applied for a visa for U Nandaka, Sayadaw U Mahao's relative, to come to the US to provide health care to Sayadaw U Mahao. We have also applied to the UN INS to grant a R1 visa to U Osadhasara, currently in the United Kingdom. Thus, we anticipate that in the very near future there will be a lot of Sangha at the temple who will provide religious support and companionship to Sayadaw U Mahao when he returns.
TBAA members and many dhamma friends are donating to help with the expenses.
We are requesting your donation to TBAA, earmarked for Sayadaw U Mahaosadha Health Care Expense Fund. TBAA is a 501(c)(3) tax exempt religious organization. Donations to TBAA are tax deductible to the extent permitted by law. Please send your check payable to TBAA, and annotate on the check: "For U Mahaosadha Health Care Expense Fund".
If you want to donate things that will be useful for Sayadaw U Mahao's health care (such as wheel chair, etc.), or donate your time to look after Sayadaw at the rehabilitation unit, please call the Vezayantar Kyaung (443-272-7168) to discuss with Sayadaw U Eindasara.
Ven. U Eindasara
Secretary & Treasurer
April 27, 2010
+++++
Subscribe to:
Posts (Atom)