Tuesday, March 9, 2010

အေဘီဘီအေ ထမနဲပွဲတော် ၂၀၁၀


အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၀၁၀ ခုနှစ် ထမနဲပွဲတော်ကို မတ်လ ၆ ရက် စနေနေ့ နှင့် မတ်လ ၇ ရက် တနင်္ဂနွေနေ့များတွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။

စနေနေ့တွင် အလှူရှင်များအပါအဝင် ဝေယျာဝစ္စအဖွဲ့သူအဖွဲ့သားများ၊ လုပ်အားဒါနရှင်များ၊ အသင်းအမှုဆောင်များ စုပေါင်းညီညာ တပျော်တပါး ထမနဲထိုးကြ၏။ ယခုနှစ်အလှူရှင်မှာလည်း မြန်မာ ကုလသမဂ္ဂ ဝန်ထမ်းများ ဖြစ်ပြီး ကောက်ညှင်းဆန် ၁၂၅ ပေါင်၊ ထမနဲဒယ်အားဖြင့် ၁၄ ဒယ်ကို ပျော်ပျော်ရွှင်ရွှင် စုပေါင်းထိုးကြရာ စနေနေ့ ညနေ ၆ နာရီကျော်တွင် အောင်မြင် ပြီးစီး၏။


















ထမနဲထိုးနေကြစဉ် ချစ်ခင်သူများက အမှတ်တရ မွေးနေ့ပွဲလေးတစ်ခု စုပေါင်းပြုလုပ်ကြသည်ကိုလည်း စိတ်ကြည်နူးဖွယ် တွေ့ရ၏။









ထမနဲနှင့်အတူ အခြံအရံ စားဖွယ်သောက်ဖွယ်များအဖြစ် ကြာဆံချက်၊ ဘယာကြော်၊ သရက်သီးသုတ်တို့လည်း ပါဝင်၏။






တနင်္ဂနွေနေ့တွင် မြတ်စွာဘုရားရှင်အား ထမနဲဆွမ်း နေ့ဆွမ်းများ ဆက်ကပ်ခြင်း၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အား ကြာဆံချက်၊ သရက်သီးသုတ်၊ ထမနဲ၊ ဘယာကြော်တို့ဖြင့် ဧည့်ခံ ကျွေးမွေးခြင်း ကောင်းမှု ကုသိုလ်များ ပြုလုပ်ကြပြီး၊ စိန်စည်ဆရာတော်က အနုမောဒနာတရား ဟောကြားကာ ကောင်းမှုကုသိုလ်အမျှ ပေးဝေခဲ့ကြလေသည်။

No comments: