Tuesday, April 15, 2008

လောကချမ်းသာသိမ်တော်ကြီးမှတ်တမ်း


အမေရိကန်ပြည်ထောင်စု

နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်

မဟာစည်သတိပဋ္ဌာန်ရိပ်သာ

လောကချမ်းသာ သီမာသမ္မုတိ မှတ်တမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သုံးလောကထွတ်ထား သဗ္ဗညုရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန်စံတော်မူသည့် နှစ်မှ စ၍ ရေတွက်ရသော သာသနာတော်နှစ် ၂၅၄၄-နှစ်၊ မြန်မာနှစ် ၁၃၆၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ခရစ်နှစ် ၂၀၀၁-ခုနှစ် မေလ ၆-ရက်၊ တနင်္ဂနွေနေ့ နံနက် ၈ နာရီ ၀၀ မိနစ် အချိန်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်၊ Gordons Corner Road, No. 63 ၌ တည်ရှိသော မဟာစည်သတိပဋ္ဌာန်သာသနာ့ရိပ်သာအတွင်း ပေတစ်ရာပတ်လည် အကျယ်အဝန်းရှိသော မြေအရပ်ကို ကျောက်နိမိတ် ရှစ်ရပ် ပိုင်းခြားသတ်မှတ်၍ မဟာစည် သြဝါဒါစရိယ ရေဦးဆရာတော် အမှူးရှိသော သံဃာတော်အရှင်မြတ် (၁၇)ပါးတို့က ဌာန်ကရိုဏ်း ပယတ် ပီပြင်စွာ ကမ္မဝါစာ ရွတ်ဖတ်လျက် -

“ကြီး ငယ် ကျိုး ရိပ်၊ အနိမိတ်၊ ဗဟိဒ် တည်သမုတ်၊

အိုင် သမုတ် မြစ်၊ စပ် လွှမ်းလစ်၊ ဆယ်တစ် သိမ်ပျက်ထုတ်” ဟူသော သိမ်ပျက် တစ်ဆယ့်တစ်လုံးမှ ကင်းစင်စေ၍

“နိမိတ် ပရိသာ၊ ကမ္မဝါ၊ သုံးဖြာသမ္ပတ္တိ”ဟူသော သမ္ပတ္တိ သုံးပါးနှင့် ပြည့်စုံစေလျက် ဝိနည်း ဒေသနာတော်နှင့် လျော်ညီသော သီမာသမ္မုတိကံကို ဆောင်၍ ဗဒ္ဓသိမ်အဖြစ် အောင်မြင်စွာ သမုတ်တော်မူကြပါသည်။

ဤသိမ်ကို “လောကချမ်းသာသိမ်တော်ကြီး”ဟု ခေါ်ဝေါ် ပညတ် သမုတ်တော်မူကြပါသည်။

သာသနာတော်၏ ရေသောက်မြစ်ပမာ တည်ရှိလာသော ဤသိမ်တော်သည် အမေရိကတိုက်အတွင်း၌သာမဟုတ်ဘဲ ကမ္ဘာချင်းအောင် သာသနာတော်၏ ဂုဏ်ရောင် ထွန်းပြောင် ထိန်လင်းနိုင်ပါစေသတည်း။

သာဓု .. သာဓု .. သာဓု ..။

သမ္မုတိကံဆောင်တော်မူကြသော သံဃာတော်များ

၁။ မဟာစည် သြဝါဒါစရိယ ရေဦးဆရာတော်၊ သိက္ခာ ၆၃ ဝါ၊ မဟာစည်သာသနရိပ်သာ၊ ရန်ကုန်မြို့။

၂။ မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ၊ သိက္ခာ ၅၄ ဝါ၊ မစိုးရိမ်ကျောင်းတိုက်၊ မန္တလေးမြို့။

၃။ မဟာစည် သြဝါဒါစရိယ ဆရာတော် ဦးသီလာနန္ဒာဘိဝံသ၊ သိက္ခာ ၅၄ ဝါ၊ ဓမ္မာနန္ဒဝိဟာရ၊ အမေရိကန်နိုင်ငံ။

၎။ ဦးဓမ္မပါလ၊ သိက္ခာ ၄၅ ဝါ၊ ဓမ္မာရုံကျောင်း၊ ကလေးမြို့။

၅။ မဟာစည် နာယကဆရာတော် ဦးဣန္ဒက၊ သိက္ခာ ၄၁ ဝါ၊ လောကချမ်းသာကျောင်း၊ နယူးယောက်မြို့။

၆။ ဦးမဟောသဓပဏ္ဍိတ၊ သိက္ခာ ၄၀ ဝါ၊ သီတဂူဗုဒ္ဓဝိဟာရ၊ အော်စတင်မြို့၊ အမေရိကန်နိုင်ငံ။

၇။ ဦးအဘယာလင်္ကာရ၊ သိက္ခာ ၃၅ ဝါ၊ လောကချမ်းသာကျောင်း၊ နယူးယောက်မြို့။

၈။ ဦးကစ္စာယန၊ သိက္ခာ ၃၂ ဝါ၊ ကေလာသာရာမဝိဟာရ၊ ဘော်လ်တီမိုးမြို့။

၉။ ဦးပညာနန္ဒ၊ သိက္ခာ ၃၀ ဝါ၊ စမ်းချောင်းကျောင်း၊ ကလေးမြို့။

၁၀။ ဦးပညာသီဟ၊ သိက္ခာ ၃၀ ဝါ၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၊ နယူးဂျာစီပြည်နယ်၊ အမေရိကန်နိုင်ငံ။

၁၁။ ဦးဝိလာသ၊ သိက္ခာ ၂၉ ဝါ၊ သာသနဇောတိကကျောင်း၊ နယူးယောက်မြို့။

၁၂။ ဦးဣန္ဒာစာရ၊ သိက္ခာ ၂၉ ဝါ၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၊ နယူးဂျာစီပြည်နယ်၊ အမေရိကန်နိုင်ငံ။

၁၃။ ဦးစက္ကိန္ဒ၊ သိက္ခာ ၂၆ ဝါ၊ လောကချမ်းသာကျောင်း၊ နယူးယောက်မြို့။

၁၄။ ဦးသီလာစာရ၊ သိက္ခာ ၂၀ ဝါ၊ သတိပဋ္ဌာန်ရိပ်သာကျောင်း၊ မော်လ်ဒန်မြို့၊ ဘော်စတွန်။

၁၅။ ဦးဓမ္မိဿရ၊ သိက္ခာ ၁၈ ဝါ၊ မဟာစည်သာသနရိပ်သာ၊ ရန်ကုန်မြို့။

၁၆။ ဦးခေမိန္ဒ၊ သိက္ခာ ၁၅ ဝါ၊ သတိပဋ္ဌာန်ရိပ်သာကျောင်း၊ မော်လ်ဒန်မြို့၊ ဘော်စတွန်။

၁၇။ ဦးအာစိဏ္ဏ၊ သိက္ခာ ၁၂ ဝါ၊ ညောင်ကန်အေးသာသနရိပ်သာ၊ ရန်ကုန်မြို့။



No comments: