Monday, April 4, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၀၂-ဧပြီ-၂၀၁၆)

၂၀၁၆-ခုနှစ် ဧပြီလ (၂)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီထိ တရားရှုမှတ်ကြပြီး၊ ဓမ္မပဒ ဂါထာ ၁၃၃-၁၃၄ ကောဏ္ဍဓာနတ္ထေရ၀တ္ထုကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

အဘိဓမ္မာနှင့် ဆဆက္ကသုတ် သင်တန်းကို ဆရာတော် အရှင်ပညာဇောတက ဆက်လက် သင်ကြား ပို့ချပေးကာ -

ဆည်းဆာတရားပွဲကို မတ်လ (၂၉)ရက်နေ့တွင် မြန်မာပြည်မှ ကြွရောက်လာသော ညောင်ကန်အေး-လောကချမ်းသာ ပရဟိတကျောင်း ဆရာတော် အရှင်ဉာဏိဿ ရ(မော်လူး)က ဓမ္မဒါနပြုလေသည်။

No comments: