Thursday, March 24, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၁၉-မတ်-၂၀၁၆)

၂၀၁၆-ခုနှစ် မတ်လ (၁၉)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ဓမ္မပဒသင်တန်းပို့ချနေသော ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာ ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း ထမနဲပွဲတော်သို့ ကြွရောက်နေသဖြင့် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာနှင့် ဆဆက္ကသုတ္တ သင်တန်းများကို ပို့ချ သင်ကြားပေး၏။

ညနေ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

No comments: