Monday, April 11, 2016

Myanmar New Year (10-April-2016)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)၏ ၁၃၇၈-ခုနှစ် မြန်မာနှစ်သစ်ကူး သင်္ကြန် ဆုတောင်း မေတ္တာပို့သပွဲကို ၂၀၁၆-ခုနှစ် ဧပြီလ (၁၀)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။

ပွဲတော်တွင် ရခိုင်မုန့်တီ၊ ရွှေရင်အေးတို့ဖြင့် ဧည့်ခံ ကျွေးမွေး၏။ အလှူရှင်များမှာ Kock Wong နှင့် ဒေါ်ကြူကြူသိန်း မိသားစု ဖြစ်၏။

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း ဆရာတော် အရှင်ပညာသီဟက အနုမောဒနာတရား ဟောကြားပြီး၊ ဘော်စတွန် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းဆရာတော် အရှင်အဘယာလင်္ကာရက ရေစက်ချ အမျှဝေ ပြုလုပ် ချီးမြှင့်ပေး၏။

No comments: