Monday, April 18, 2016

မြန်မာနှစ်သစ်-၁၃၇၈ မင်္ဂလသုတ်ပူဇာ

၂၀၁၆-ခုနှစ် ဧပြီလ ၁၆-ရက်၊ ၁၃၃၇-ခုနှစ် နှောင်းတန်ခူးလဆန်း ၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မြန်မာနှစ်သစ်မင်္ဂလာအဖြစ် မြတ်စွာဘုရားအမှူးရှိသော လောကချမ်းသာဘုရားကျောင်း ဆရာတော်များအား နေ့ဆွမ်း စုပေါင်း ဆက်ကပ်ကြ၏။

မွန်းလွဲ ၁-နာရီတွင် ဆရာတော် အရှင်ဉာဏိဿရ (မော်လူး)က အနာထပိဏ္ဍိကကောဝါဒသုတ်ကို သင်ကြား ပို့ချပေးပြီး -

မွန်းလွဲ ၂း၁၅ မှ ၃း၀၀ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ညနေချမ်းတွင် မင်္ဂလသုတ်တော်ကို ရွတ်ဖတ် ပူဇော်ကြပြီး -

လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

No comments: