









+++++
ဗုဒ္ဓပူဇာအပြီး မွန်းလွဲ ၃ နာရီအထိ တရားရှုမှတ်ကြကာ ဝိသုဒ္ဓိမဂ်မိတ်ဆက် ဓမ္မသင်တန်းကို ဆရာတော် အရှင်ဝဏ္ဏိတက ပို့ချပေး၏။ အဘိဓမ္မာသင်တန်းပြ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတ ဘော်စတွန်ကျောင်း ထမနဲပွဲတော်သို့ ကြွရောက်နေသဖြင့် ဝိသုဒ္ဓိမဂ်မိတ်ဆက်သင်တန်းကို ဒုတိယအချိန်တွင် ဆက်လက် လေ့လာ သင်ယူကြရ၏။



+++++
ညနေဆည်းဆာ လောကချမ်းသာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတက `တပေါင်းရဲ့ တပေါင်း´တရားတော်ကို ဓမ္မဒါနပြု ဟောကြားကာ တနေ့တာ ကုသိုလ်အဝဝတို့ကို အမျှပေးဝေကြလေသည်။

No comments:
Post a Comment