Sunday, March 2, 2014

အေဘီဘီအေ ထမနဲပွဲ - ၂၀၁၄

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ (၂၈)ကြိမ်မြောက် ထမနဲပွဲတော်ကို နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၄-ခုနှစ် မတ်လ (၂)ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။

ထမနဲပွဲတော်အလှူရှင် Myanmar Cultural Club, United Nations Staff Recreation Council (UNSRC) မိသားစုများက မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား မန္တလေးကြာဆံချက်နှင့် ထမနဲတို့ဖြင့် ဧည့်ခံ ကျွေးမွေး၏။

အခမ်းအနားတွင် ဆရာတော် ဦးအဘယာလင်္ကာရထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး၊ သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော် ချီးမြှင့်၏။ လောကချမ်းသာဆရာတော်ကြီးက အနုမောဒနာတရား ဟောကြား ချီးမြှင့်ကာ ဆရာတော် ဦးပညာဇောတက ရေစက်ချ တိုင်ကြား ဆောင်ရွက်ပေး၏။

DSC01503 (1024x768)
DSC01507 (1024x768)

No comments: