တစ်လမှာ နောက်ဆုံး စနေနေ့တစ်ရက် တရားစခန်း ကျင်းပပြုလုပ်ခြင်း ဖြစ်၏။




အမှုကိစ္စ အထွေထွေ မအားလပ်သည့်ကြားမှ၊ တနည်းဆိုသော် လောကီပစ္စည်းဥစ္စာများ ရှာဖွေခြင်းမှ လောကုတ္တရာပစ္စည်းဥစ္စာများကို ရှာဖွေ စုဆောင်းကြခြင်းပင် ဖြစ်သည်။
တနည်းဆိုသော် အိုတတ် နာတတ် သေတတ်သော ပစ္စည်း ဥစ္စာများ ရှာဖွေခြင်းမှ အအို အနာ အသေကင်းသော ပစ္စည်း ဥစ္စာ ရှာဖွေခြင်းသို့ ဦးလှည့် ခေါင်းပြောင်းကာ ရှာဖွေခြင်းပင် ဖြစ်ပေသည်။
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဟု ဆိုရိုး ရှိ၏။
သို့ ဆိုရိုးရှိလင့်ကစား တစ်နေ့တစ်လံမှ မလျှောက်လှမ်းသူအတွက် ပုဂံနန်းမြို့ဆီသို့ ရောက်နိုင်မည် မဟုတ်ပါ။
ပုဂံနန်းမြို့ဆီသို့ ရောက်လိုသူတိုင်း တစ်နေ့တစ်လံ မှန်မှန် လျှောက်လှမ်းကြရပါမည်။
လောကုတ္တရာ ပစ္စည်းဥစ္စာ ရတနာများ ရှာဖွေ စုဆောင်းထားသူ မဟုတ်ပါလျှင် ထိုလောကုတ္တရာ ရတနာဥစ္စာနှင့်မှ လဲလှယ်ယူရသည့် နိဗ္ဗာန်တည်းဟူသော တန်ဖိုးကြီးစွာ အမြတ်ရတနာကို အဘယ်သို့ ရနိုင်မည်နည်း။
အားလည်း မအား၊ နားလည်း မနားရဘဲ နိစ္စဓူဝ (နေ့တဓူဝ) လောကသံသရာ အလုပ်ခွင်ထဲ တဝဲလည်လည် လည်ရင်း ဒီလိုနဲ့ပဲ သင့်ဘဝ မိမိဘဝ အချိန်ကုန်စေမည်လား?
တိုတောင်းလှသော လူ့ဘဝ၊ ကြုံခဲလှသော သာသနာနှင့် တွေ့ကြုံဆုံခိုက်မှာ သံသရာလွတ်လမ်း ပါရမီအမြိုက်စခန်းမှာ လျှောက်လှမ်းဖို့ လောကချမ်းသာတရားစခန်းဆီသို့ လျှောက်လှမ်းခဲ့ကြပါဟု ဓမ္မယောဂီအပေါင်းအား အသိပေး နှိုးဆော်လိုက်ရပါသည်။
တစ်နေ့တစ်လံ
လျှောက်မှန်မှန်
ပုဂံနန်းမြို့ ရောက်မည်သာ။
+++++
နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း
လစဉ် နောက်ဆုံး စနေနေ့ တရားရှုမှတ်ခြင်း အစီအစဉ်
- နံနက် ၈း၀၀ မှ နံနက် ၉း၁၅ - သီလယူ၊ အလုပ်ပေးတရား၊ ထိုင်မှတ်
- နံနက် ၉း၁၅ မှ နံနက် ၁၀း၀၀ - စင်္ကြန်လျှောက်မှတ်
- နံနက် ၁၀း၀၀ မှ နံနက် ၁၀း၄၅ - ထိုင်မှတ်
- နံနက် ၁၀း၄၅ မှ နေ့လယ် ၁၂း၀၀ - နေ့လယ်စာ*၊ သန့်ရှင်းရေး (စားရင်း, ပြုရင်း ရှုမှတ်)
- နေ့လယ် ၁၂း၀၀ မှ မွန်းလွဲ ၁း၀၀ - စင်္ကြန်လျှောက်မှတ်
- မွန်းလွဲ ၁း၀၀ မှ မွန်းလွဲ ၂း၀၀ - ထိုင်မှတ်
- မွန်းလွဲ ၂း၀၀ မှ မွန်းလွဲ ၃း၀၀ - စင်္ကြန်လျှောက်မှတ်
- မွန်းလွဲ ၃း၀၀ မှ ညနေ ၄း၀၀ - တရားစစ်, တရားဆွေးနွေး
- ညနေ ၄း၀၀ မှ ညနေ ၄း၃၀ - စင်္ကြန်လျှောက်မှတ်
- ညနေ ၄း၃၀ မှ ညနေ ၆း၀၀ - အပတ်စဉ် စနေနေ့ တရားပွဲ
မည်သူမဆို အချိန်ပြည့် (နံနက် ၈ မှ ညနေ ၆) သော်လည်းကောင်း၊ သင့်လျော်ရာ အချိန်အပိုင်းအခြား အလိုက်သော်လည်းကောင်း လာရောက် ရှုမှတ်နိုင်ပါသည်။ ဣရိယာပုထ်တစ်ခုကို အချိန်ရှည်ကြာစွာ ရှုမှတ်လိုသူများ မိမိအစီအစဉ်ဖြင့် ရှုမှတ်နိုင်ပါသည်။
No comments:
Post a Comment