၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် စနေနေ့ ဓမ္မသင်တန်း
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် စနေနေ့ ဓမ္မသင်တန်း
+++++
ဆွမ်းအလှူများအဖြစ် -
ဖေဖော်ဝါရီလ ၂၆ ရက် စနေနေ့ နေ့ဆွမ်းကို ဒေါက်တာဗစ်တာဝင်းအောင်၊ ဒေါ်ညိုညိုဝင်း မိသားစုနှင့် မိတ်ဆွေမိသားစုများ, မိတ်ဆွေများက ကွယ်လွန်သူ ‘Anthony’, ‘ဦးမြင့်ဇော်’, ‘ကိုဝေဖြိုးလွင်’, ‘ကိုပြည့်စုံ’, ‘ဦးတင်အောင်ခင်’တို့အား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား ကပ်လှူ ပူဇော်ကြ၏။
လောကချမ်းသာဆရာတော်က ဆွမ်းအလှူ အနုမောဒနာတရား ဟောကြား၏။
ဖေဖော်ဝါရီလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ကွယ်လွန်သူ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဥက္ကဌ ဦးဟန်ကြူ (၁၉၃၃-၂၀၀၇)၊ သိရီသုဓမ္မမဏိဇောတဓရ-မြန်မာနိုင်ငံ (၂၀၀၂)၊ ဂုဏ်ထူးဆောင်-အာရှနှင့် ပစ္စဖိတ်နွယ်ဖွား နယူးယောက်မြို့တော်သားများ (၂၀၀၃) ၏ ကျန်ရစ်သူ ဇနီး ဒေါ်ခင်ဝါကြူ၊ သားသမီးများဖြစ်ကြသော ဒေါ်ဌေးဌေးဝင်း၊ ဦးသိန်းဝင်း-ဒေါ်စန်းစန်းဌေးဝင်းမိသားစုတို့က ဦးဟန်ကြူကွယ်လွန်ခြင်း ၄-နှစ်ပြည့် ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ဇနီးဖြစ်သူ ဒေါ်ခင်ဝါကြူက နယူးဂျာစီ၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၊ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွင်း ဘုရားခန်းမအတွက် အလှူတော်ငွေ ဒေါ်လာတစ်သိန်း လှူဒါန်းရာ၊ ပထမဦး အရစ်ကျ ဒေါ်လာတစ်သောင်းကို ရေစက်ချ လှူဒါန်းသွား၏။
လောကချမ်းသာဆရာတော်က ဆွမ်းအလှူ၊ ကျောင်းအလှူ အနုမောဒနာတရား ချီးမြှင့်၏။




သာဓု ... သာဓု ... သာဓု။
No comments:
Post a Comment