Monday, July 26, 2010

ဒေါက်တာဒေါ်တင်လှိုင် (၈၉-နှစ်) ရက်လည်ဆွမ်း အနုမောဒနာတရားတော်

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးကို စတင် တည်ထောင်ရာတွင် ပါဝင်သော ဒေါက်တာဦးလှဖေ၏ ဇနီးဖြစ်သူ ဒေါက်တာဒေါ်တင်လှိုင် (အသက် ၈၉-နှစ်)သည် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်တွင် ကွယ်လွန် အနိစ္စရောက်သွားခဲ့ပါသည်။

၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အသုဘရှုအစီအစဉ် ပြုလုပ်ပြီး၊ မီးသင်္ဂြိုဟ်ခဲ့ရာ မိတ်ဆွေများနှင့် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အမှုဆောင်များ လိုက်ပါ ပို့ဆောင်ခဲ့ကြပါသည်။

၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း တည်ရာ လောကချမ်းသာဘုရားကျောင်း၌ ကျန်ရစ်သော ခင်ပွန်းဖြစ်သူ ဒေါက်တာဦးလှဖေနှင့် မိတ်ဆွေများ၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အမှုဆောင် မိသားစုများက ဘုရားအမှူးရှိသော သံဃာတော်များအား ရက်လည်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။




ရက်လည်ဆွမ်း အနုမောဒနာတရားတော်ကို လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တ ရောက်ရှိ သီတင်းသုံးနေသော ဓမ္မဘေရီဆရာတော် အရှင်ဝိရိယ (တောင်စွန်း)က ဟောကြား ချီးမြှင့်သွားခဲ့ပါသည်။


No comments: