Monday, January 12, 2009

အေဘီဘီအေ ၂၀၀၉ နှစ်သစ်ဆုတောင်းမေတ္တာပို့သပွဲ


၂၀၀၉-ခုနှစ် ဇန်နဝါရီလ ၄-ရက် တနင်္ဂနွေနေ့တွင် နယူးယောက် လောကချမ်းသာဘုရားကျောင်းတော်ကြီး၌ နှစ်သစ်ဆုတောင်းမေတ္တာပို့သပွဲ ကျင်းပခဲ့၏။

အလှူရှင်များဖြစ်ကြသော Dr. Jonathan Chang & Veronica Chang, (son) Michael Chang, (daughter) Cassie Chang, “Chang Family Medical Center” မှ ဒန်ပေါက်ထမင်းနှင့် အချိုမုန့်မျိုးစုံတို့ဖြင့် ဧည့်ခံ၏။

လောကချမ်းသာဘုရားကျောင်းတော်၏ အထပ်တိုင်းတွင် ဧည့်ပရိတ်သတ်များဖြင့် ပြည့်နေပြီး၊ ဒန်ပေါက်ထမင်းပြတ်သွားသဖြင့် ထမင်းထပ်ချက်ရကြောင်း သိရ၏။

သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ် မေတ္တာပို့၍ သာယာကုန်းဆရာတော် ဘဒ္ဒန္တ ဝိစာရိန္ဒမှ တရားချီးမြှင့်ပေးလေသည်။

နှစ်သစ်ဆုတောင်းမေတ္တာပို့သပွဲအပြီးတွင် အေဘီဘီအေအသင်း၏ လစဉ်အစည်းအဝေးကို ဆက်လက် ပြုလုပ်ရာ နယူးဂျာစီ မဟာစည်ရိပ်သာဝင်းအတွင်း လောကချမ်းသာဓမ္မာရုံကြီး တည်ဆောက်ရေးအတွက် အဓိကထား ဆွေးနွေးကြကြောင်း၊ ဓမ္မာရုံကြီးအတွက် ငွေကြေးများ လိုအပ်လျက်ရှိကြောင်း သိရ၏။

လစဉ်အစည်းအဝေးကို အမြန်ဆုံး ကျင်းပကာ အေဘီဘီအေဆရာတော်များမှာ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာ အရှင်ကောဝိဒ သီတင်းသုံးလျက်ရှိသော နန္ဒသစ္စာ ဗုဒ္ဓဘာသာ တရားရိပ်သာ၏ သိမ်သမုတ်ပွဲသို့ ကြွရောက်ကြလေသည်။

အိုးခွက်တွေ ဆေးကြောနေတဲ့ ဦးခင်မောင်ဝင်း


စကားလက်ဆုံ ပြောကြရအောင်


သန့်ရှင်းရေး လုပ်အားပေးနေတဲ့ ဦးစောကြင်


ဒန်ပေါက်ပြတ်သွားလို့ ထမင်းထပ်ချက်ကြပါအုန်း


ထမင်းမကျက်သေးလို့ ခဏစောင့်ကြပါအုန်း


စားသောက်ရင်း ဆွေးနွေး


ထမင်းထပ်ချက်ထားတာ ကျက်ခါနီးပါပြီ


သာယာကုန်းဆရာတော်မှ တရားချီးမြှင့်


တရားနာပရိတ်သတ်များ








နန္ဒသစ္စာဗုဒ္ဓဘာသာတရားရိပ်သာ သိမ်သမုတ်ပွဲ







သာယာကုန်းဆရာတော်မှ သြဝါဒမြွက်ကြား



မဇ္ဈိမဂုဏ်ရည်ဆရာတော်မှ သိမ်အောင်သြဘာစာ ဖတ်ကြား၍ ရေစက်ချချီးမြှင့်ပေး





သိမ်ဆင်း လှူဒါန်းနေကြစဉ်













No comments: