Tuesday, March 8, 2016

30th ABBA Htamane Pwe (06-Mar-2016)

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အကြိမ် ၃၀-မြောက် ထမနဲပွဲကို ၂၀၁၆-ခုနှစ် မတ်လ ၅-၆ ရက်များတွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။

မတ်လ (၅)ရက် စနေနေ့တွင် ထမနဲထိုးကြရာ နယူးယောက်မြို့ မြန်မာလူငယ်များက လာရောက် ကူညီ စုပေါင်း ထမနဲ ထိုးကြ၏။

2016-Htamane_01 2016-Htamane_02 2016-Htamane_03 2016-Htamane_04 2016-Htamane_05 2016-Htamane_06 2016-Htamane_07 2016-Htamane_08 2016-Htamane_09 2016-Htamane_10 2016-Htamane_11 2016-Htamane_12 2016-Htamane_13 2016-Htamane_14 2016-Htamane_15

(ဓာတ်ပုံများကို ကိုဝင်းရွှေက ရိုက်ကူး မှတ်တမ်းတင်ပေး၏။)

ထမနဲထိုးပြီးကြသောအခါ မြန်မာလူငယ်များက လောကချမ်းသာဆရာတော်ကြီးအား ကန်တော့ကြရာ ဆရာတော်ကြီးက သြ၀ါဒ ချီးမြှင့်၏။

အကြိမ် (၃၀)မြောက် ထမနဲပွဲတော်ကို မတ်လ (၆)ရက် တနင်္ဂနွေနေ့၌ ကျင်းပရာ လောကချမ်းသာဆရာတော်ကြီးက အနုမောဒနာတရား ချီးမြှင့်ပေးပြီး ဘုန်းကြီး ဦးအဘယာလင်္ကာရက ရေစက်ချ အမျှပေးဝေခြင်း ပြုလုပ်ပေး၏။

No comments: