Tuesday, November 20, 2012

အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထု၊ ကမ္မစတုက္ကနှင့် `သတိပဋ္ဌာန်သာ လမ်းမှန်ပါ´

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍

သူကျလိုရာ၊ ကျတတ်ပါသည့်

ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို

ထူးသိုင်းဖြေချွတ်၊ ထင်တိုင်းလွှတ်၍

မကွပ်မထိန်း၊ ညွတ်တိုင်းယိမ်းက

အေးငြိမ်းချမ်းသာ၊ မရပါဘဲ

ပူဗျာဆင့်ကဲ၊ လွန်ဆင်းရဲသည်

မိုက်မဲသူတို့ လမ်းစဉ်တည်း။

+++++

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍

သူကျလိုရာ၊ ကျတတ်ပါသည့်

ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို

ချင့်နှိုင်းဉာဏ်ယှဉ်၊ သမ္ပဇဉ်နှင့်

အစဉ်ချွန်းအုပ်၊ သတိချုပ်၍

မလှုပ်မယိုင်၊ ကောင်းစွာနိုင်သော်

ဖွံ့ခိုင်ဖြိုးဖြိုး၊ ချမ်းသာတိုးသည်

ကောင်းကျိုးကြွယ်လိမ့်မည်သာကို။

(ချမ်းမြေ့ဆရာတော်ဘုရားကြီး)

+++++

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီကျော်တွင် လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ချီးမြှင့်ဟောကြားပြီး မွန်းလွဲ ၃ နာရီထိ တရားရှုမှတ် ပွားများကြ၏။

+++++

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ စိတ္တ၀ဂ်၊ ဂါထာ ၃၆၊ အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထုကို သင်ကြား၏။

+++++

ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲထိ အဘိဓမ္မသင်တန်း၊ ၀ီထိမုတ်သင်္ဂဟ၊ ကမ္မစတုက္က သင်ခန်းစာများကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ရှင်းလင်း ပို့ချပေး၏။

+++++

ညနေ ၆ နာရီ၊ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဉာဏိဿရ(မော်လူး)က `သတိပဋ္ဌာန်သာ လမ်းမှန်ပါ´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် တနေ့တာ ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

No comments: