မှတ်တမ်းများအရ အတ္တလန်တစ်ဟာရီကိန်းတွေထဲမှာ အကြီးဆုံး၊ ပျက်စီးဆုံးရှူံးမှုအနေနဲ့ ၂၀၀၅-ခုက တိုက်ခတ်သွားတဲ့ ကက်တရီနားဟာရီကိန်းပြီးရင် ဒုတိယ ပျက်စီးဆုံးရှူံးမှု အများဆုံးဖြစ်တဲ့ စန္ဒီဟာရီကိန်းဟာ ကာရစ်ဘီယံပင်လယ်အနောက်ဘက်အပိုင်းမှာ အပူပိုင်းဒေသလှိုင်းအနေနဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့ပါတယ်။
စတင်ဖြစ်ပေါ်ပြီး ခြောက်နာရီလောက်ကြာတယ်ဆိုရင်ပဲ အပူပိုင်းဒေသမုန်တိုင်းငယ်အဖြစ် အားကောင်းလာပါတယ်။
မြောက်ဘက်ကို တဖြည်းဖြည်း ရွေ့လျားလာရင်း အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဟာရီကိန်းမုန်တိုင်းဖြစ်လာပါတယ်။ အဲဒီနေ့မှာပဲ ဂျမေကာနိုင်ငံ၊ ကင်စတန်မြို့အနီး ကုန်းတွင်းသို့ ဝင်ရောက် ဖြတ်သန်းပြီး၊ ကာရစ်ဘီယံပင်လယ်အတွင်း ပိုမို အားကောင်းတဲ့ အဆင့်(၂) ဟာရီကိန်းမုန်တိုင်း ဖြစ်လာပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျူးဘားနိုင်ငံကို ဝင်ရောက် တိုက်ခတ်ပြီး၊ အဆင့်(၁)မုန်တိုင်းအဖြစ် အားနည်းသွားပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ ဘဟားမားနိုင်ငံကို ဖြတ်သန်းတိုက်ခတ်ပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ် ခဏမျှ အားနည်းသွားပြီး အဆင့်(၁)ဟာရီကိန်းအဖြစ် အားကောင်းလာပြန်တယ်။
အောက်တိုဘာလ ၂၉ ရက်မှာတော့ နယူးဂျာစီ၊ အတ္တလန်တစ်မြို့အနီးကနေ ကုန်းတွင်းသို့ ဝင်ရောက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၂၄ ခုမှာ ထိခိုက် ပျက်စီးမှုတွေ ရှိပြီး၊ နယူးဂျာစီနဲ့ နယူးယောက် ၂-ပြည်နယ်ကတော့ ပျက်စီးမှု အများဆုံး ဖြစ်ပါတယ်။ နယူးယောက်မြို့ရဲ့ ကမ်းခြေနဲ့နီးတဲ့ အနိမ့်ပိုင်းဒေသတွေ၊ မြို့ဝန်းကျင်တွေမှာ ရေကြီး၊ သစ်ပင်တွေ ပြိုလဲ၊ မီးတွေပျက်၊ မီးလောင်၊ မြေအောက်လှိုင်ခေါင်းတွေ ရထားလမ်းတွေ ရေမြုပ် အတော်လေး ဒုက္ခရောက်ကြပါတယ်။
စန္ဒီဟာရီကိန်းကြောင့် အမေရိကန်ပြည်မှာ လူတစ်ရာကျော် အသက်ဆုံးရှူံးပြီး၊ ပျက်စီး ဆုံးရှူံးမှုအနေနဲ့ ခန့်မှန်းချေ ဒေါ်လာ ၅၀ ဘီလီယံကျော်တယ်လို့ ဆိုပါတယ်။
+++++နယူးဂျာစီ၊ မနာလပန် (အင်္ဂလစ်ရှ်တောင်း)က မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်းမှာလည်း သစ်ပင်အချို့ ပြိုလဲ ပျက်စီးပါတယ်။
မုန်တိုင်း မလာမီ -


မုန်တိုင်း တိုက်ခတ်ပြီး -












No comments:
Post a Comment