နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ အကြိမ်(၃၀)မြောက် ကထိန်ပွဲတော်ကို ၂၀၁၂-ခုနှစ် နိုဝင်ဘာလ (၁၁)ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့၏။ ပွဲတော်အလှူရှင်မိသားစုမှာ (ဦးသိန်းထူးအောင်)+ဒေါ်စီစီသန်း၊ ဒေါက်တာမြတ်မြတ်မွန်၊ ဒေါက်တာတူးတူးမွန် မိသားစု ဖြစ်၏။ နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားအား ပန်း, ရေချမ်း, ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ကြပြီး၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ၏။ ဧည့်ပရိသတ်များအားလည်း မုန့်ဟင်းခါး၊ မြန်မာအချိုမုန့်များဖြင့် ကျွေးမွေး ဧည့်ခံ၏။

မွန်းလွဲ ၁ နာရီတွင် လောကချမ်းသာဆရာတော်က သြ၀ါဒစကား၊ ကထိန်နှင့်စပ်၍ သိမှတ်ဖွယ်အကြောင်းများ မိန့်ကြား၏။

ထိုနောက် ဘုန်းကြီး ဦးအဘယာလင်္ကာရက သီလပေး၊ ရေစက်ချတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး၊ ကထိန်သင်္ကန်း ကပ်လှူကြ၏။




ဘဒ္ဒ၀ဂ္ဂီညီနောင်မင်းသားသုံးကျိပ်တို့ ရဟန်းပြုခြင်းအကြောင်း (မဟာဗုဒ္ဓ၀င် - မင်းကွန်းဆရာတော်ကြီး)
+++++
တုဏ္ဍိလဇာတ်
+++++
တိံသမတ္တသုတ်
+++++
တစ်နှစ်မှတစ်ကြိမ် မြတ်ကထိန် (သဒ္ဓမ္မရံသီရိပ်သာဆရာတော်ကြီး)
+++++
လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုရွယ် (ချမ်းမြေ့ဆရာတော်ကြီး)
No comments:
Post a Comment