နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း
စနေနေ့ ပြုလုပ်မြဲ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ စုပေါင်း တရားရှုမှတ်ခြင်း မတိုင်မီ မွန်းလွဲ ၁း၄၅ နာရီ၌ ဆရာတော် ဦးစက္ကိန္ဒက သူရေးသားပြုစုထားသော “တရားဘယ်လိုရှုပွားမလဲ” စာအုပ်များ ဓမ္မဒါနပြုပွဲ ကျင်းပ၏။
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၊ နယူးဂျာစီ မဟာစည်ရိပ်သာကျောင်း၊ ဘော်စတွန် မဟာသတိပဋ္ဌာန်ကျောင်းများနှင့် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အမှုဆောင်များ၊ ဓမ္မသင်တန်းသူ သင်တန်းသားများတို့အား စာအုပ်များကို ဓမ္မလက်ဆောင်အဖြစ် ပေးအပ်၏။



အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အမှုဆောင်များ ကိုယ်စား အတွင်းရေးမှူး ဦးစောဝင်းက လက်ခံယူ၏။

မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ စုပေါင်း တရားရှုမှတ်ကြပြီးနောက် ဆရာတော် ဦးစက္ကိန္ဒက ဓမ္မပဒ ဂါထာ အမှတ် ၇-၈ တို့ကို အဆုံးသတ်၍ ဂါထာ အမှတ် ၉-၁၀ တို့ကို အစပျိုး သင်ကြား ပို့ချပေး၏။

သင်တန်းအပြီးတွင် သင်တန်းသူ သင်တန်းသားများအား “တရားဘယ်လိုရှုပွားမလဲ”စာအုပ်ကို ဓမ္မလက်ဆောင်အဖြစ် ပေး၏။

မွန်းလွဲ ၄ နာရီခွဲတွင် အရှင်ဝဏ္ဏိတက အဘိဓမ္မာ လောကီစိတ် (၈၁)ပါး သရုပ်ခွဲကို သင်တန်းသူ သင်တန်းသားများ ကိုယ်တိုင်ကိုယ်ကျ သရုပ်ခွဲ လေ့ကျင့်စေ၏။ ယခုအပတ်တွင် ခရီးသွားမည့်သူများ၊ ခရီးသွားနေသူများ၊ မအားလပ်သူများကြောင့် သင်တန်းသား အရေအတွက် နည်းပါး၏။


ညနေ ၆ နာရီတွင် လောကချမ်းသာ ဆည်းဆာတရားပွဲ ကျင်းပရာ အရှင်ပညာနန္ဒက မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မဟာယမကဝဂ်မှ မဟာဂေါသိင်္ဂသုတ်ကို “အလှတွင် အယဉ်ဆင့်တရားတော်” အမည်ပေး၍ ဟောကြား ချီးမြှင့်၏။

တရားပွဲပြီးသော် မေတ္တာပို့၍ ကောင်းမှု ကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
No comments:
Post a Comment