Wednesday, March 26, 2008

သန့်ရှင်းရေး လုပ်အားပေးပွဲ - ၂၀၀၈ မတ် (၂၃)


နယူးဂျာစီ မဟာသတိပဋ္ဌာန်ရိပ်သာ လောကချမ်းသာ ဆုတောင်းပြည့် စေတီတော်ဝင်းအတွင်း ၂၀၀၈-ခုနှစ် မတ်လ (၂၃)ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် သန့်ရှင်းရေးလုပ်အားပေးပွဲသို့ လောကချမ်းသာကျောင်း ပဓာနနာယကဆရာတော် ဦးဣန္ဒက၊ ဆရာတော်ဦးပညာသီဟ၊ ဦးပဉ္စင်း ဦးသောဘန၊ ဦးပဉ္စင်း ဦးခေမိဿရ - သံဃာတော် (၄)ပါး

အသင်းအမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ဌေးဌေးဝင်းမိသားစု၊ ဦးမောင်မောင်နှင့် ဇနီးဒေါ်မြတ်မြတ်၊ ဦးအောင်ကျော်မိုးနှင့် ဇနီးဒေါ်ဌေးဌေးမိသားစု၊ ဦးဓာတ်ကျော်၊ ဦးစောကြင်၊ ဦးကျော်သူမြတ်၊ ဦးခင်မောင်ဝင်း -

ဒေါ်ပြုံးပြုံးနှင့် ဝေယျာဝစ္စအဖွဲ့၊ ဦးလှဖူးနှင့် ဇနီး ဒေါ်အေမီကြူ၊ ကိုထွန်းထွန်း မကြည်ကြည်စိုးတို့အပါအဝင် စေတနာ စိတ်အားထက်သန်ကြသူများ စုစုပေါင်း (၅၀)ခန့် သန့်ရှင်းရေး လုပ်အားပေးကြပါသည်။

ဦးမောင်မောင်၊ ဦးအောင်ကျော်မိုးနှင့် ကိုထွန်းထွန်းတို့က လောကချမ်းသာစေတီတော်မြတ်ကြီး၏ ခေါင်းလောင်းအပေါ်ပိုင်းတွင် ဘီလူးမပန်းဆွဲများ ပြုလုပ်ရန်အတွက် ပုံစံခွက်များကို တိုင်းထွာလုပ်ကိုင်ကြပါသည်။

ဘုရားကြီး၏ လေးဖက်လေးတန်သော မုခ်ဝများတွင် ဘုရားပန်းအိုးများ လေပြင်းတိုက်က မလဲနိုင်ရန် အထိန်းအကွပ်များကို ဦးခင်မောင်ဝင်းမှ ပြုပြင် လုပ်ဆောင်သည်။

ခြံစည်းရိုးတလျှောက်ရှိ သစ်ပင်ငယ်များ၊ ခြုံနွယ်ပိတ်ပေါင်းများကို စုပေါင်း ခုတ်ထွင်ရှင်းလင်းကြရာ မွန်းလွဲ (၄)နာရီတွင် လုပ်အားပေးပွဲကို ရုပ်သိမ်းကြပါသည်။

နေ့လယ်စာများကို ဦးစောကြင်မှ တရုတ်ထမင်းဟင်းလျာများဖြင့်လည်းကောင်း၊ ဦးအောင်ကျော်မိုး-ဒေါ်ဌေးဌေးမိသားစုမှ နန်းကြီးသုတ်၊ တို့ဟူးသုတ်များဖြင့်လည်းကောင်း ကျွေးမွေး ဧည့်ခံကြပါသည်။


ခင်မောင်ဝင်း (နယူးယောက်)

















No comments: