Sunday, June 16, 2013

ဝိသာခါဝတ္ထု၊ သမုစ္စည်းပိုင်း-အကုသလသင်္ဂဟနှင့် ဓမ္မစကြာအခါတော်နေ့ အစမ်းလေ့ကျင့်ခြင်း

၂၀၁၃ ခုနှစ် ဇွန်လ (၁၅)ရက် စနေနေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ကျင်းပ ပြုလုပ်ရာ၊ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

IMG_1760

ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒသင်တန်းအဖြစ် ဝိသာခါဝတ္ထုအဆက်ကိုလည်းကောင်း၊

အဘိဓမ္မာသင်တန်းအဖြစ် သမုစ္စည်းပိုင်း၊ အကုသလသင်္ဂဟကိုလည်းကောင်း သင်ကြား ပို့ချပေးလေသည်။

ညနေတွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနား အစမ်းလေ့ကျင့်ခြင်းအဖြစ် ဓမ္မစကြာနှင့် ဟေမဝတသုတ်တို့ကို ရွတ်ဆို ပူဇော်ကြ၏။

IMG_1764
IMG_1766
IMG_1769

Sunday, June 9, 2013

ဝိသာခါ၊ ရုပ်ဖြစ်စဉ်နှင့် `တာဝန်ကိုယ်စီ ရှိကြသည်´

၂၀၁၃ ခုနှစ် ဇွန်လ (၈)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် - ဓမ္မပဒသင်တန်း၊ ပုပ္ဖဝဂ် ဂါထာ-၅၃ ဝိသာခါဝတ္ထုအဆက်ကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေးပြီး၊

အဘိဓမ္မာသင်တန်း ရုပ်ပိုင်း၊ ရုပ်ဖြစ်စဉ်ကိုလည်း ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် သင်ကြားပေးကာ၊

ညနေ လောကချမ်းသာဆည်းဆာတရားပွဲတွင် တိပိဋကဓရဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရက `တာဝန်ကိုယ်စီ ရှိကြသည်´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

DSC04819
DSC04820
DSC04821
DSC04827