Sunday, January 10, 2016

ကုက္ကုဋမိတ္တငှက်မုဆိုးနှင့် ဘုရားပေးတဲ့ မကြောက်ဆေး

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ ၉-ရက် စနေနေ့ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်ပေး၏။

မွန်းလွဲ ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ အမှတ် ၁၂၄-ကုက္ကုဋမိတ္တနေသာဒ၀တ္ထုကို ပို့ချပေး၏။

ဓမ္မပဒသင်တန်းအပြီး ခေတ္တနားချိန်တွင် ဘုရားခန်း၌ ဆင်ယင်ထားသော တန်ဆောင်တိုင်နှင့် နှစ်သစ် ရောင်စုံမီးများကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းကြ၏။

ပြီးသော် ဘော်စတွန်ကျောင်းသို့ ခေတ္တ ကြွရောက်နေသာ ဆရာတော် ဦးပညာဇောတ ပြန်လည် ရောက်ရှိနေသဖြင့် အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချပေးသည်။

အဘိဓမ္မာသင်တန်းပြီးသော် ဘုရားခန်း သန့်ရှင်းရေးကုသိုလ် ယူကြပြန်၏။ ညနေ ၇-နာရီတွင် လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက `ဘုရားပေးတဲ့ မကြောက်ဆေး´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

No comments: