မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ၊ ရုပ်ပိုင်း - ရုပ်ဖြစ်စဉ်အကြောင်းကိုလည်းကောင်း -
ညနေ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ဓမ္မပဒ၊ ပုပ္ဖဝဂ် - ဂါထာ ၅၃ ဝိသာခါဝတ္ထုအကြောင်းကိုလည်းကောင်း သင်ကြား ပို့ချပြီး၊
ညနေ ၇ နာရီ လောကချမ်းသာ ဆည်းဆာဓမ္မသဘင်အဖြစ် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒက `ဘဝရထား မနားသေးခင်´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

No comments:
Post a Comment