Monday, September 12, 2011

မဟာစည်သတိပဋ္ဌာန်ရိပ်သာ(နယူးဂျာစီ)၏ တိုးတက်မှု

နယူးဂျာစီ မဟာစည် သတိပဋ္ဌာန်ရိပ်သာအတွင်း၌ စေတီတော်နှင့် ကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပြီးစီးသော လုပ်ငန်းများမှာ -

(၁) စေတီတော်အတွက် ကုန်းတော်မြေဖို့ခြင်း။
(၂) မိုးရေစစ်ကန် တည်ဆောက်ခြင်း။
(၃) ကားရပ်ရန်နေရာ အကြမ်းထည် ဆောက်လုပ်ခြင်း။
(၄) မီးသတ်ပိုက်၊ ရေသန့်ပိုက်လိုင်း မြှုပ်ခြင်း။
(၅) လက်ရှိကျောင်းတွင် မြေထိမ်းနံရံ ဆောက်လုပ်ခြင်း။
(၆) စေတီတော်အောက်ခြေပလ္လင် တည်ခြင်း။
(၇) စေတီတော်အတွက် ပိုင်တိုင်၊ အုတ်မြစ်တိုင် ၁၉-တိုင် ရိုက်သွင်းခြင်း။
(၈) မြေအောက်တွင် မိုးရေထွက်ပိုက်လိုင်းကြီးများ မြှုပ်ခြင်း။
(၉) မြေအောက်လျှပ်စစ်မီးလိုင်းနှင့် လမ်းဘေးဘောင်များ တည်ဆောက်ခြင်း။
(၁၀) ရေပန့်အသစ် တပ်ဆင်ခြင်း၊ မီးသတ်ပိုက်ခေါင်း တပ်ဆင်ခြင်း။
(၁၁) မြေအောက်လျှပ်စစ်မီးကြိုး မြှုပ်ခြင်း၊ မီးတိုင်ကြီး ၇-တိုင် တပ်ဆင်ခြင်း။
(၁၂) ဘုရားအလယ်ပစ္စယံ အကြမ်းထည် တည်ဆောက်ခြင်းတို့ ဖြစ်ပါသည်။

၂၀၁၁ ခုနှစ်တွင် တည်ဆောက်ပြီးသော လုပ်ငန်းများမှာ -

(၁) စေတီတော်၏ အထက်ပစ္စယံတွင် စိန်တောင် ခေါ် ဆင်းတုတော်နှင့်ကျောင်းဆောင်လေးများ တည်ဆောက်ခြင်း။
(၂) စေတီတော်၏ ပလ္လင်တွင် ကနုတ်ပန်းများ တပ်ဆင်ခြင်း။
(၃) အိမ်သာပိုက်လိုင်း ဆက်သွယ်ခြင်း။
(၄) ဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ခြင်း။
(၅) ယောဂီကျောင်းဆောင်အတွက် မြေအောက်ခန်းနှင့် ပထမထပ် အကြမ်းထည် ဆောက်လုပ်ခြင်းတို့ ဖြစ်ပါသည်။

စေတီတော်နှင့် ကျောင်းဆောင်သစ်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မပျက် ဆက်လက် ဆောင်ရွက်မည်ဖြစ်ရာ အလှူငွေ များစွာ လိုအပ်နေပါသေးသည်။
ထို့ကြောင့် စေတနာရှင်များအနေဖြင့် စေတီတော်နှင့် ကျောင်းဆောင် ပြီးမြောက်ရန် စေတနာ ထက်သန်စွာဖြင့် ဆက်လက် လှူဒါန်းကြပါရန် မေတ္တာရှေးထား ပန်ကြား နှိုးဆော် တိုက်တွန်းလိုက်ပါသည်။

စေတီတော်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည့်စုံအောင် အကောင်အထည် ဖော်လျက်ရှိရာ -

စေတီတော်၏ရင်ပြင် ပတ်လည်တွင် တံတိုင်းအကာအရံ တည်ဆောက်ရန်နှင့် လှေကားအကာအရံတံတိုင်းများ တည်ဆောက်ရန် စီစဉ်နေပါသည်။

စေတီတော်တံတိုင်း အကာအရံတွင် ဗုဒ္ဓဝင်ဖြစ်စဉ်တော်နှင့် မှတ်သားဖွယ်ရာ ဗုဒ္ဓဘာသာ ဆုံးမစာများကို ထည့်သွင်း ပူဇော်ထားမည် ဖြစ်ပါသည်။
အလှူရှင်အမည်များကိုလည်း ထည့်သွင်း ရေးထိုးထားပါမည်။
တံတိုင်းအကာအရံတစ်ခုတွင် မျက်နှာပြင်နှစ်ဘက် ပါရှိမည် ဖြစ်ပါသည်။
ထို့ကြောင့် တစ်စုံလျှင် ဒေါ်လာတစ်ထောင်နှုန်းဖြင့် အလှူခံရန် စီစဉ်နေပါသည်။

တည်ဆောက်မည့် စေတီတော်ရင်ပြင် တံတိုင်းပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။



စေတီတော်၏ အတွင်းဘက်ပိုင်းရှိ တံတိုင်းပုံစံမှာ အောက်ပါအတိုင်းဖြစ်ပြီး၊ ပုံစံ၏ အလယ်တွင် ဗုဒ္ဓဝင်ရုပ်စုံနှင့် ဗုဒ္ဓဘာသာဆိုင်ရာ မှတ်သားဖွယ်ရာများကို ထည့်သွင်း ပူဇော်မည် ဖြစ်ပါသည်။
ကောင်းမှုရှင်၏အမည်ကို အောက်ခြေတွင် ရေးထိုးထားပါမည်။



စေတီတော်၏အပြင်ဘက်ပိုင်းရှိ တံတိုင်းပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။





စေတီတော်ရင်ပြင်တံတိုင်းအတွက် နယူးယောက်ကျောင်းတွင်ဖြစ်စေ၊ နယူးဂျာစီကျောင်းတွင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ အလှူငွေလှူဒါန်းပါက အလှူရှင်အမည်ကို အင်္ဂလိပ်အက္ခရာအကြီးဖြင့် ပီသစွာ ရေး၍ pyinnya50@yahoo.com သို့ အကြောင်းကြားစေလိုပါသည်။
အလှူရှင်အမည်ရေးထိုးရာ၌ မှားယွင်းခြင်း မရှိစေရန် ဖြစ်ပါသည်။

အရှင်ပညာသီဟ

No comments: