Monday, June 27, 2011
Sunday, June 26, 2011
ချောက်မြို့ ဆင်ဖြူကျွန်းကျောင်းတိုက် ဆရာတော်ကြီးအား နှုတ်ဆက်ပူဇော်ပွဲ
Monday, June 20, 2011
လုပ်အား ငွေအား အရင်းတည်၊ ကောင်းမှုပြုကြသည် - အရှင်ပညာသီဟ
“အရှင်ဘုရား ... နိဗ္ဗာန်ဈေးကျင်းပရတာနဲ့ အလုပ်များပြီး ပင်ပန်းသွားပြီလား ဘုရား”
“အေး ... နိဗ္ဗာန်ဈေးတစ်ပွဲလုပ်ရင် အလုပ်များလို့ တစ်လလောက်တော့ ပင်ပန်းတာ အမှန်ပဲ။ နောက်ပွဲတွေ လုပ်မှ လုပ်နိုင်ပါတော့မလားလို့တောင် တွေးနေမိတယ်”
“ပင်တော့ ပင်ပန်းတာပေါ့ဘုရား၊ စေတီတော်နဲ့ ကျောင်းဆောင်တည်ဆောက်ရေးအတွက် တစ်ပွဲကို ဒေါ်လာတစ်သောင်းကျော် ရတော့ ပင်ပန်းရကျိုးနပ်ပါတယ်။ ဒေါ်လာတစ်သောင်းရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး ဘုရာ့။ တပည့်တော်တောင် နိဗ္ဗာန်ဈေးလုပ်တိုင်း ပါဝင်ရောင်းချပြီး ကုသိုလ်ယူတာ ခု .. ခြောက်ကြိမ်မြောက် ပြီးသွားတဲ့အခါ ဒေါ်လာသုံးထောင် လှူလိုက်နိုင်ပြီ။ ဒီလောက်ငွေကို တစ်ကြိမ်တည်း တစ်ခါတည်း လှူပါဆိုရင် လှူဖြစ်ချင်မှ လှူဖြစ်မှာ။ ခုလို နိဗ္ဗာန်ဈေးကျင်းပတိုင်း ကျင်းပတိုင်း ပါဝင်ရောင်းချပြီး လှူတဲ့အခါ တစ်လုံးတခဲတည်း ငွေထုတ်ပြီး လှူရတာလောက် မပင်ပန်းဘူးပေါ့ ဘုရား။ ပျော်စရာလည်း ကောင်းပါတယ်။ ကိုယ်လှူပြီးတဲ့ နိဗ္ဗာန်ဈေးက ရတဲ့ အလှူငွေကို ပြန် စဉ်းစားမိတိုင်း စဉ်းစားမိတိုင်း တပည့်တော်မှာ ဝမ်းသာပီတိ ဖြစ်မိပါတယ် ဘုရား”
“အေး ... ဒကာသာ ပျော်နေ၊ ပီတိဖြစ်နေ၊ ဘုန်းကြီးမှာတော့ နိဗ္ဗာန်ဈေးလုပ်ဖို့ ရက်နီးလာပြီဆိုရင် နိဗ္ဗာန်ဈေးမှာ ရောင်းမယ့်လူကို မျှော်ရ၊ လာပြီး ဝယ်စားမယ့်သူ ရှိမှ ရှိပါ့မလားဆိုတာ ပူရ၊ ရာသီဥတုကောင်းဖို့အရေးကို ဆုတောင်းပေးရ၊ တဲထိုးခြင်း, စားပွဲ ကုလားထိုင် ခင်းခြင်း ကိစ္စတွေလုပ်ဖို့ လုပ်အားပေးမယ့်သူတွေ ရှိမှ ရှိပါ့မလား၊ ရောင်းတဲ့သူတွေကို ဘယ်နေရာမှာ နေရာချပေးပြီး ဝယ်စားမယ့်သူတွေကို ဘယ်နေရာမှာ ထားရမလဲ၊ လာသမျှ ကားတွေ အဆင်တပြေ ရပ်နားနိုင်အောင် ကားရပ်ဖို့ နေရာအတွက် စီစဉ်ရ၊ ကားရပ်ဖို့ အဆင်ပြေအောင် နေရာချပေးတဲ့အခါ တချို့ကားပိုင်ရှင်တွေက စေတနာ့ဝန်ထမ်း လုပ်အားပေး ကူညီသူတွေကို စိတ်ပျက်အောင် ငါရပ်ချင်တဲ့ နေရာ ရပ်မယ် .. မင်းပြောစရာမလိုဘူးဆိုတဲ့ သဘောထားနဲ့ ပြုမူ ဆက်ဆံကြတော့ လုပ်အားပေးသူတွေက မလုပ်ချင်ကြတော့လို့ အကူအညီပေးနိုင်မယ့်သူကို ရှာရ ဖွေရ ... စတဲ့ စတဲ့ ကိစ္စတွေနဲ့ အလုပ်များပြီး စိတ်ပင်ပန်းလှတယ် ဒကာရဲ့”
အဲဒီလို ကိုယ်တိုင် ပင်ပန်းလို့ နိဗ္ဗာန်စေးပွဲ ပြီးတိုင်း ပြီးတိုင်း ပြုလုပ်တဲ့ တရားနာ ရေစက်ချအပြီးမှာ ‘ကဲ ... ဒကာတွေ ဒကာမတွေ၊ ဘယ်လိုလဲ ... နောက်တစ်ပွဲ လုပ်ကြဦးမလား၊ မပင်ပန်းကြသေးဘူးလား’လို့ စီစဉ်သူ ရောင်းချသူတွေကို မေးတဲ့အခါ၊ ရတဲ့အလှူငွေကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်ကာ မောပန်းရမှန်း မသိဘဲ ...
“လုပ်ဦးမှာပါ ဘုရာ့။ ပင်ပန်းပေမယ့် ပွဲတစ်ပွဲ အောင်မြင်သွားတော့ ပျော်လည်းပျော်ကြ၊ ကုသိုလ်လည်း ရကြတာပေါ့။ လုပ်အား ငွေအား စေတနာအားတွေ အရင်းတည်ပြီးရတဲ့ ကုသိုလ်ကြောင့် ဖြစ်ရတဲ့ ပီတိဟာ အခြား အရာတွေမှာ ဖြစ်ရတဲ့ ပီတိနဲ့ မတူဘူးဘုရာ့။ ဒါကြောင့် တပည့်တော်တို့ ကြိုးစားပြီး တစ်နှစ်ကို နှစ်ပွဲဖြစ်အောင် လုပ်မှာပါ။ တပည့်တော်တို့ ကျောင်းဝိုင်းထဲမှာ နိဗ္ဗာန်ဈေးလုပ်ဖို့ အဆင်ပြေ မပြေ သိရအောင် ၂၀၀၈-ခုနှစ်က စမ်းသပ် လုပ်ကိုင်ကြည့်ရာကနေ ခု ခြောက်ကြိမ်မြောက်အထိ ကျင်းပခဲ့တဲ့ပွဲတွေက ရတဲ့ငွေဟာ ခြောက်သောင်းကျော်သွားပါပြီ။ စေတီတည်ရာ ကျောင်းဆောက်ရာမှာ အများကြီး လှူနိုင်ခဲ့ လှူနိုင်ပြီမို့ တပည့်တော်တို့ ဘုရားဒကာ ဘုရားအမ၊ ကျောင်ဒကာ ကျောင်းအမတွေ ဖြစ်ပြီလို့ ဆိုနိုင်တာပေါ့။ နိဗ္ဗာန်ဈေးကို လာရောက် ဝယ်ယူ အားပေးသူတွေကိုလည်း ကျေးဇူးတင်ရဦးမယ်။ ဝယ်သူမရှိရင် ဒီလောက် ဘယ်လှူနိုင်ပါ့မလဲ ဘုရား။ ဒီခြောက်သောင်းကျော်မှာ သူတို့အလှူလည်း ပါဝင်တာပေါ့ ဘုရား”
“အေး ... မင်းတို့ လုပ်နိုင်တယ်ဆိုရင် ဝမ်းသာပါတယ်ကွာ။ ဆက်လုပ်ကြပေါ့။ မင်းပြောသလို နိဗ္ဗာန်ဈေး ခြောက်ကြိမ်ကျင်းပရာက အလှူငွေ ခြောက်သောင်းကျော် ရတယ်ဆိုတာ သိရတာနဲ့ ပင်ပန်းတာတွေ မေ့ပျောက်သွားပြီး ဘုရားရှင်လက်ထက်က လုပ်အားကို အရင်းတည်ကာ ပေါင်းမြက်ရှင်းရာက ကျောင်းဒကာဖြစ်သွားတဲ့ အဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်”
ဒကာတစ်ယောက်ဟာ တစ်နေ့ နံနက်စောစော အိမ်က ထွက်လာတော့ ရွာအပြင်မှာ ဆွမ်းခံထွက်ဖို့ ပြင်နေတဲ့ ရဟန်းတော်တွေ သင်္ကန်းရုံ(ပြင်ဝတ်)နေတာကို တွေ့တော့ ရပ်ပြီး ကြည့်နေမိတယ်။
ရဟန်းတော်တွေ သင်္ကန်းရုံတဲ့ နေရာမှာ မြက်တွေ ပေါက်နေတော့ ရဟန်းတော်တွေရဲ့ သင်္ကန်းအောက်နားစွန်းတွေဟာ နှင်းစိုနေတဲ့ မြက်ပင်တွေနဲ့ ထိမိတယ်။ ဒါကြောင့် သင်္ကန်းကို နှင်းရည်စိုတာ မြင်တဲ့ အဲဒီဒကာက ‘ဒီမြက်ပင်တွေကို ရှင်းပစ်ရရင် ကောင်းမှာပဲ’လို့ စိတ်ကူးပြီး မြက်တွေကို ရှင်းပစ်လိုက်တယ်။ ဘာမှ အကုန်အကျမရှိဘဲ လုပ်အားဒါနသက်သက်နဲ့ ကောင်းမှုပြုလိုက်တာ အဆောင်နှစ်ဆယ်ပတ်လည်ခန့်ကျယ်တဲ့ နေရာဟာ မြက်တွေ ရှင်းသွားတယ်။
နောက်နေ့ အဲဒီနေရာကို သွားပြီး ရဟန်းတော်တွေ သင်္ကန်းရုံနေတာ အဆင်ပြေ မပြေ စောင့်ကြည့်ပြန်တော့ သူ မြက်ရှင်းလိုက်လို့ ဖြစ်ပေါ်လာတဲ့ ပွစာကြဲနေတဲ့ မြေကြီးနဲ့ ရဟန်းတော်တွေရဲ့ သင်္ကန်းစွန်းတွေ ထိမိတဲ့အခါ သင်္ကန်းမှာ မြေမှုန့်တွေ ပေတာကို တွေ့ရပြန်တယ်။ ဒါကြောင့် ‘အင်း ... ဒီမြေကြီးပေါ်မှာ သဲခင်းလိုက်ရင် သင်္ကန်းကို မြေမှုန့်ပေမှာ မဟုတ်ဘူး’လို့ အကြံရပြီး သဲခင်းလိုက်တယ်။
နောက်တစ်နေ့ သွားကြည့်ပြန်တော့ ပူပြင်းတဲ့ နေရောင်အောက် လွင်တီးခေါင်မှာ သင်္ကန်းရုံနေကြတဲ့ ရဟန်းတော်တွေ ချွေးတွေ စိုနေတာ မြင်ရလို့ စိတ်မကောင်းဘူး။ ဒါကြောင့် ‘အင်း ... ဒီနေရာမှာ အမိုးပါတဲ့ အဆောက်အဦလေး ဆောက်ပေးထားရင် ရဟန်းတော်တွေ သက်သက်သာသာနဲ့ သင်္ကန်းရုံရမှာပဲ’လို့ စိတ်ကူးပြီး အမိုးပါတဲ့ အဆောက်အဦလေး ဆောက်လိုက်တယ်။
နောက်အတော်ကြာလို့ ရဟန်းတော်တွေ အဆင်ပြေ မပြေသိဖို့ သွားကြည့်တဲ့အခါ လေရော မိုးပါ ပြင်းထန်စွာ တိုက်ခတ် ရွာသွန်းနေတဲ့ အချိန်နဲ့ တိုက်ဆိုင်လို့ ရဟန်းတော်တွေ မိုးစိုနေတာကို တွေ့ရပြန်တယ်။ ဒါကြောင့် ‘အင်း ... လေလုံ မိုးလုံ အဆောက်အဦလေးဖြစ်အောင် အကာအရံ လုပ်ပေးလိုက်ရင် ရဟန်းတော်တွေအတွက် အစစ အရာရာ အဆင်ပြေသွားမှာပဲ’လို့ စိတ်ကူးပြီး လေလုံမိုးလုံ အဆောက်အဦ(ကျောင်း)ဖြစ်အောင် အကာပါ ကာလိုက်တယ်။ အဲဒီတော့ ရဟန်းတော်တွေမှာ ရာဦဥတုမရွေး မပင်းပန်းဘဲနဲ့ သင်္ကန်းရုံစရာ ကျောင်းလေး ရရှိသွားတယ်။ ဒါကို ကြည့်ပြီး ကျောင်းဒကာဟာ ဝမ်းသာ ကြည်နူးမှုကို အထူးခံစားမိတယ်။
လုပ်အားကို အရင်းတည်ကာ မြက်ရှင်းပြီး ကောင်းမှု ပြုလုပ်ရာက တစတစ ကုသိုလ်စေတနာတွေ တိုးပြီး ကျောင်းအဆောက်အဦလေး လှူဖြစ်သွားလို့ သူ့ကောင်းမှုကို ရေစက်သွန်ချ အမျှပေးဝေချင်တယ်။ ဒါကြောင့် ဘုရားရှင်နဲ့ သံဃာတော်အရှင်မြတ်တွေကို ပင့်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းတယ်။
ဆွမ်းလှူပြီးတဲ့အခါ ကောင်းမှုကုသိုလ်ကို သူဘယ်လိုပြုခဲ့တယ်ဆိုတာ ဘုရားရှင်အား ဝမ်းသာအားရ လျှောက်ကြားတော့ ဘုရားရှင်က -
အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေခဏေ။
ကမ္မာရော ရဇတေဿဝ၊ နိဒ္ဓမေ မလမတ္တနော။
(အညတြဗြဟ္မဏဝတ္ထု၊ မလဝဂ်၊ ဓမ္မပဒ)
ကမ္မာရော - ရွှေပန်းထိမ်သည်သည်၊
ရဇဿ - ရွှေငွေ၏၊
မလံ - အညစ်အကြေးကို၊
နိဒ္ဓမတိ ဣဝ - မိမိတတ်ရာ မြတ်ပညာဖြင့် ထုတ်ခါဖယ်လစ် သန့်စင်ပစ်သကဲ့သို့၊
မေဓာဝီ - ထက်မြက်သော ပညာရှိသူသည် (တနည်း - ကံ ကံ၏အကျိုးကို ယုံကြည်သည့် ကြောင်းကျိုးမြင်သိ ပညာရှိသည်)၊
အနုပုဗ္ဗေန - အစဉ်အားဖြင့်၊
ခဏေခဏေ - အခွင့်ရတိုင်း အခွင့်ရတိုင်း၊
ထောကံ ထောကံ - အနည်းငယ်သော အနည်းငယ်သော ကောင်းမှုကုသိုလ်ကို၊
ကရောန္တော - ကြိုးပမ်းအားထုတ် ပြုလုပ်လျက်၊
အတ္တနော - မိမိ၏၊
မလံ - ရာဂစသော အညစ်အကြေးကို (တနည်း - မေ့လျော့သဖြင့် ပြုလုပ်မိငြား မကောင်းမှုများကို)၊
နိဒ္ဓမေ - ထုတ်ပယ်သဖြင့် သန့်ရှင်းစင်ကြယ်အောင် လုပ်ဆောင်ရာ၏ ... လို့ အနုမောဒနာ(ဝမ်းမြောက်ဖွယ်) စကား မိန့်ကြားတော်မူတယ်။
ရွှေပန်းထိမ်သည်ဟာ သူ့အတတ်ပညာ ကိရိယာနဲ့ ရွှေငွေတွေမှာ ရှိတဲ့ အညစ်အကြေးကို ဖယ်ထုတ် သန့်စင်ပစ်သလို၊ ကံ ကံ၏အကျိုးကို ယုံကြည်သူ ပညာရှိဟာ အစဉ်အမြဲ အခါအခွင့်သင့်တိုင်း ကောင်းမှုကုသိုလ်ကို နည်းနည်း ပြုခြင်းဖြင့် မိမိမှာ ရှိနေတဲ့ မကောင်းမှု အညစ်အကြေးကို တဖြည်းဖြည်း ဖယ်ထုတ်ပြီး ကိုယ့်ကိုယ်ကို စင်ကြယ်အောင် လုပ်နိုင်တယ်လို့ အဓိပ္ပာယ်ရတယ်။
တရားဒေသနာအဆုံးမှာ ကျောင်းဒကာဟာ သောတာပန်အဆင့် ရောက်သွားပြီး၊ ငြိမ်းအေးတဲ့ဓာတ် နိဗ္ဗာန်မြတ်ကို ရရှိသွားတယ်။
မြက်သစ်ပင်ရှင်းပြီး ပြုလုပ်တဲ့ ကောင်းမှုကုသိုလ် အနည်းငယ်က စပြီး ကြီးကျယ် မြင့်မြတ်တဲ့ အကျိုးထူးတရား ရရှိသွားပုံဟာ နမူနာယူစရာ ကောင်းလှတယ်။
အဲဒီဇာတ်လမ်းထဲက ကျောင်းဒကာလိုပဲ နိဗ္ဗာန်ဈေး ကျင်းပရာမှာ စီစဉ်သူ၊ ရောင်းချသူ၊ ဝယ်ယူစားသောက်သူ၊ အဘက်ဘက်က ပါဝင် ကူညီ ဆောင်ရွက်ပြီး လုပ်အားပေးသူ၊ ကံစမ်းမဲလက်မှတ်ရောင်းပေးသူ၊ ဝယ်ယူကံစမ်းသူတွေလည်း ကိုယ်ပြုလုပ်လို့ရတဲ့ ကုသိုလ်ကောင်းမှုကို အကြောင်းပြုပြီး ဝမ်းသာပီတိဖြစ်ကာ၊ ထိုပီတိကို အခြေခံပြီး ဝိပဿနာတရား ရှုပွားခြင်းဖြင့် ငြိမ်းအေးရာမှန် မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ ကိုယ်ပိုင်ဉာဏ်အစဉ်ဖြင့် သိမြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
နိဗ္ဗာန်ကိုရည်
ကောင်းမှုတည်
ရွှင်ကြည် သာဓုခေါ်စေသော်။
သာဓု ... သာဓု ... သာဓု။
အရှင်ပညာသီဟ
+++++
နိဗ္ဗာန်ဈေးမှ ငွေကြေးအလှူ သာဓုခေါ်တော်မူ
မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်းရှိ စေတီတော်နှင့် တရားရိပ်သာကျောင်းဆောင် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်နေသော ငွေကြေးပြည့်စုံစေရန် နယူးဂျာစီကျောင်းဝင်းအတွင်း၌ နိဗ္ဗာန်ဈေး ကျင်းပပြုလုပ်၍ အလှူငွေ ရှာဖွေကြရာ -
၂၀၁၁ ခု ဇွန်လ ၁၉၊ ယခု ဆဋ္ဌမအကြိမ်မြောက်ပွဲတွင် အလှူငွေ ဒေါ်လာ ၁၃,၈၅၅
၂၀၁၀ ခု အောက်တိုဘာလ ၁၀၊ ပဉ္စမအကြိမ်မြောက်ပွဲတွင် အလှူငွေ ဒေါ်လာ ၁၄,၅၀၈
၂၀၁၀ ခု ဇွန်လ ၂၇၊ စတုတ္ထအကြိမ်မြောက်ပွဲတွင် အလှူငွေ ဒေါ်လာ ၁၀,၀၆၄
၂၀၀၉ ခု ဇွန်လ ၂၈၊ တတိယအကြိမ်မြောက်ပွဲတွင် အလှူငွေ ဒေါ်လာ ၁၀,၀၇၉
၂၀၀၈ ခု စက်တင်ဘာလ ၂၂၊ ဒုတိယအကြိမ်မြောက်ပွဲတွင် အလှူငွေ ဒေါ်လာ ၁၁,၂၂၅
၂၀၀၈ ခု ဇွန်လ ၂၂၊ ပထမအကြိမ်မြောက်ပွဲတွင် အလှူငွေ ဒေါ်လာ ၇,၆၀၇
စုစုပေါင်း - ဒေါ်လာ ၆၇,၃၃၈ လှူဒါန်းနိုင်ကြပြီး ဖြစ်ပါသည်။
ထိုအလှူငွေများသည် စီစဉ်ဆောင်ရွက်သူ၊ တဲထိုးခြင်း ခုံခင်းခြင်း/သိမ်းဆည်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ကားရပ်ရန် နေရာချထားပေးခြင်း စသည့် လုပ်အားပေးသူ၊ ရောင်းချသူ၊ ဝယ်ယူစားသုံးသူ၊ နိဗ္ဗာန်ဈေးသို့ လာရောက် စားသောက်ရန် တိုက်တွန်း အားပေးသူတို့၏ အလှူဖြစ်ပါကြောင်း ဝမ်းမြောက်စေရန် အသိပေးလိုက်ရပါသည်။

စဉ် | အမည် | အစားအစာ | အလှူငွေ ဒေါ်လာ |
၁ | ဒေါ်ခင်မေပြုံး၊ မအိသက်မွန် မိသားစု | ထောပတ်ထမင်း-ဆိတ်သားဟင်း၊ ဟင်းမွှေးမဆလာ၊ သံပုရာသီးသနပ်၊ ဘိန်းမုန့် | ၆၇၀ |
၂ | အေဘီဘီအေ | မုန့်ဟင်းခါး၊ ငပိကြော် | ၁,၂၆၅ |
၃ | ဒေါ်ဂရေ့စ် မိသားစု | မုန်ညင်းချဉ် | ၂၄၀ |
၎ | ဦးသန်းဝင်း-ဒေါ်အေး မိသားစု | မန္တလေးပဲကြော်၊ ကော်ပြန့်ကြော် | ၄၃၂ |
၅ | ဒေါ်မွှေး၊ မခင်လေးမြင့် မိသားစု | အာလူးကက်တလိပ်၊ နန်းကြီးသုတ်၊ ခေါက်ဆွဲသုတ်၊ စာကလေးခွေကြော် | ၁,၁၁၁ |
၆ | ဒေါ်စီစီချို မိသားစု | ပဲကြော်၊ ပဲပြုတ် | ၄၀၁ |
၇ | ကိုစည်သူ-မခိုင်ခိုင်ကျော် | ဖွာလူဒါ | ၃၄၇ |
၈ | စန္ဒာနှင့်မိသားစု | အကြော်စုံ | ၃၁၆ |
၉ | မြန်မာဆရာဝန်များ | ငါးထမင်းချဉ် | ၃၃၀ |
၁၀ | ကိုသက်ဝင်းမိသားစု | သောက်ရေ၊ ဆိုဒါ | ၂၃၅ |
၁၁ | ဦးစိုးဝင်း-ဒေါ်ကြင်ရွှေမိသားစု | ဝက်သားကောက်ညှင်းထုပ်၊ ကြက်သားကောက်ညှင်းထုပ် | ၃၀၅ |
၁၂ | ဦးကေ-မညိုညိုကြည်မိသားစု | ဒန်ပေါက် | ၅၈၅ |
၁၃ | ဒေါ်ခင်မလေးမိသားစု | ဝက်သားတုတ်ထိုး၊ မုန့်ဆီကြော်၊ သံပုရာရည် | ၅၀၁ |
၁၄ | မဖြူဖြူမြင့်မိသားစု | ဆန်တိုဟူး၊ ရှမ်းတိုဟူးသုတ် | ၂၆၂ |
၁၅ | ကိုအောင်ဇေယျ-မဇင်မာလေး | အုန်းနို့ခေါက်ဆွဲ | ၁၀၈ |
၁၆ | ဒေါ်စန်းရီမိသားစု | တောင်ငူမုန့်အာလူး | ၂၂၅ |
၁၇ | ကိုထွန်းအေး-ဒင်ပဲယ်မိသားစု | ကော်ပြန့်စိမ်း | ၁၁၁ |
၁၈ | ပြုံးပြုံးရည် | ရှာလပတ်ရည် | ၃၂ |
၁၉ | မီရှဲလ် | ဘရောင်နီ | ၁၅ |
၂၀ | မအေးအေးသိန်းနှင့် ဒေါ်မူမူရှိန် | ရခိုင်မုန့်တီ | ၁၉၄ |
၂၁ | ဒေါ်ခင်ခင်ဆွေ | ဆီထမင်း | ၉၁ |
၂၂ | ဒေါ်ဌေးမိသားစု | ပုဇွန်ခွက်ကြော်သုတ် | ၅၂၂ |
၂၃ | မနီနီအေး | မုန့်ဖက်ထုပ်၊ တိုဟူးကြော်၊ တိုဟူး-ခေါက်ဆွဲသုတ် | ၄၄၇ |
၂၄ | မြန်မာ အမေရိကန် ဂီတ အနုပညာအသင်း | ဆမူဆာသုတ် | ၁၈၀ |
၂၅ | မိုးကြိုးလူမှုကူညီရေးအဖွဲ့ | ရေခဲသုတ်၊ မုန့်လုံးရေပေါ်၊ မကျည်းသီးဘာလချောင် | ၇၀၉ |
၂၆ | ဟင်နရီလီးမိသားစု | ကိတ်မုန့် | ၆၂ |
၂၇ | အေဘီဘီအေ | ဖက်ရှင်အသုံးအဆောင်များ | ၅၀ |
၂၈ | အေဘီဘီအေ | ငွေအကြွေစေ့ဖြင့် ကလေးကစားဖွယ် စက် | ၅ |
၂၉ | မစ္စတာချီလို | တရုတ်ဆေး | ၅၉ |
အစားအစာရောင်းရငွေ စုစုပေါင်း | ၉,၈၁၀ | ||
Raffle tickets ရောင်းရငွေ | ၂,၀၆၁ | ||
အလှူခံရငွေ | ၂,၅၆၅ | ||
အစားအစာရောင်းရငွေနှင့် အလှူခံရငွေ စုစုပေါင်း | ၁၄,၄၃၆ | ||
အသုံးစရိတ် | ၅၈၁ | ||
အသားတင် အလှူခံရရှိငွေ | ၁၃,၈၅၅ |
Raffle Prize Donor | Prize |
ဒေါက်တာမောင်မောင်ဦး-လီလီဝင်း | Seiko Men Automatic Wach |
ဒေါက်တာမြတ်မြတ်မွန် | iPod Touch |
ဦးအောင်ကျော်မိုးမိသားစု | လောကချမ်းသာစေတီတော်ပန်းချီကား |
အေဘီဘီအေ | HP Office Jet 4500 Printer |
အေဘီဘီအေ | HP Laptop |
Sunday, June 19, 2011
ဓမ္မပဒသင်တန်း - ၃ (၁၈-ဇွန်-၂၀၁၁)
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် ဇွန်လ ၁၈ ရက် စနေနေ့၌ အပတ်စဉ် တရားရှုမှတ်ခြင်း၊ အဘိဓမ္မာနှင့် ဓမ္မပဒသင်တန်း၊ တရားပွဲတို့ကို ပုံမှန် ကျင်းပ ပြုလုပ်ရာ ဦးစွာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တစ်နာရီခန့် တရားရှုမှတ်ကြ၏။
ယခုအပတ်တွင် လောကချမ်းသာဆရာတော် အနားယူရန် လိုအပ်သဖြင့် အရှင်ပညာနန္ဒက အဘိဓမ္မာနှင့် ဓမ္မပဒသင်တန်းကို မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီခန့်အထိ အဘိဓမ္မာလာ ကာမာဝစရသောဘနစိတ်များအကြောင်း ပြန်လည် သင်ကြားပြီး၊ ဓမ္မပဒ ယမကဝဂ် ဂါထာ အမှတ် ၃ နှင့် ၄ တို့ကို သင်ကြား ပို့ချပေးသွား၏။
ညနေ ၅ နာရီခွဲတွင် အရှင်ပညာနန္ဒကပင် တုဝဋ္ဋကသုတ်တရားတော်ကို ဟောကြား ချီးမြှင့်၏။

Wednesday, June 15, 2011
ချောက်မြို့ ဆင်ဖြူကျွန်းကျောင်းတိုက်ဆရာတော်၏ သန္တိသစ္စာတရားစခန်း
Monday, June 13, 2011
မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ၏ သံဝေဂသြဝါဒကထာ
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် (၃)တိုက်တို့၏ အဓိပတိ မဟာနာယကချုပ် ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသသည် ၂၀၁၁ ခုနှစ် မေ-ဇွန်-ဇူလိုင် လများအတွင်း အမေရိကဓမ္မခရီး ကြွလျက်ရှိရာ ၂၀၁၁ ခုနှစ် ဇွန်လ ၁၂ ရက် တနင်္ဂနွေနေ့ ညနေ ၆ နာရီခွဲ၌ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် သံဝေဂသြဝါဒကထာ ဟောကြား ချီးမြှင့်ခဲ့ပါသည်။
တရားပွဲ မစမီ တပည့်ဖြစ်သူ အရှင်ပညာနန္ဒက ဆရာတော်၏ ဘဝပုံရိပ်ကို ဖတ်ကြား၏။
၁၃၁၅ ခုနှစ် ပထမဝါဆိုလဆန်း ၅ ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိ ဖြစ်သည်။
အင်တိုင်းရွာ တောင်ကျောင်းဆရာတော် ဦးရဝိန္ဒ၊ ဆရာတော် ဦးကောဝိဒတို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင် ပညာသင်ခဲ့သည်။
၁၃၁၂ ခုနှစ် နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမစာသင်တိုက်သို့ ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။
၁၃၁၄ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၂ ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်းသို့ ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။
၁၃၁၅ ခုနှစ် နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။
မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟစာချတန်းများကို အောင်မြင်သဖြင့် မစိုးရိမ်တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချအဖြစ်သို့ ရောက်ရှိခဲ့သည်။
မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ်တိတိ စာချပြီး ၁၃၂၉ ခုနှစ် တပို့တွဲလ၌ စိန်ပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ်ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။
ထိုအချိန်က မစိုးရိမ်တိုက်သစ် တစ်တိုက်လုံး စာသင်သား သံဃာ ၆၃-ပါးမျှသာ ရှိသည်။
သံဃာဦးရေ တဖြည်းဖြည်း တိုးပွားလာရာ ၁၃၅၀ ခုနှစ်၌ သံဃာ တစ်ထောင်ကျော်အထိ တိုးတက်လာသည်။
ယခုအချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။
စိန်ပန်း မစိုးရိမ်တိုက်သစ်၌ သံဃာများလွန်းသဖြင့် ပြည်ကြီးတံခွန်မြို့နယ်၌ မစိုးရိမ်တိုက်သစ် တစ်တိုက် တည်ထောင်ခဲ့သည်။
ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀ ကျော်ခန့် နေထိုင် သီတင်းသုံးလျက် ရှိသည်။
ယင်းတိုက်သစ်၌လည်း စာသင်သား သံဃာများ တဖြည်းဖြည်း တိုးတက်လာပြီး၊ သောက်သုံးရေ အဆင်မပြေလှသောကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရားအနောက်ဖက်၌ မစိုးရိမ်တိုက်သစ် အမှတ်(၃)ကို တည်ထောင်ပေးခဲ့သည်။
ယင်းတိုက်၌ စာသင်သား သံဃာ ၁၀၀ ကျော် သီတင်းသုံး နေထိုင်လျက် ရှိသည်။
ဆရာတော်သည် ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ နေ့စဉ် ကိုယ်တိုင် စာပေပို့ချ သာသနာပြုလျက် ရှိသည်။
ယခုအခါ သက်တော် (၇၈)နှစ်ပြည့်ရန် တစ်လကျော်မျှသာ လိုတော့သည်။
ဆရာတော်ကိုယ်တိုင် သံဝေဂဉာဏ် အထူးပွားများ၍ တကာ တကာမတို့ကိုလည်း သံဝေဂဖြစ်အောင် သံဝေဂတရားများသာ ဟောကြားလေ့ရှိသည်။
+++++
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ သံဝေဂသြဝါဒကထာ ဟောကြား ချီးမြှင့်ရာ အရှင်ရဋ္ဌပါလနှင့် ကောရဗျမင်းကြီးတို့၏ အမေးအဖြေကို ကောက်နုတ်ကာ လင်္ကာများဖြင့် ဟောကြားပြီး၊ ၁၉၃၅ ခုနှစ်က ဆရာဇော်ဂျီ ဖွဲ့ဆို ရေးစပ်ခဲ့သော “သင်သေသွားသော်” ကဗျာကိုလည်း မှတ်သားဖွယ် ထည့်သွင်း ဟောကြားသွား၏။
သံဝေဂသြဝါဒကထာ လင်္ကာများ
သြော် ... လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁၊ ဒီဇင်ဘာ ၁၉၃၅)
တရားပွဲ မစမီ တပည့်ဖြစ်သူ အရှင်ပညာနန္ဒက ဆရာတော်၏ ဘဝပုံရိပ်ကို ဖတ်ကြား၏။
ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ဘဝပုံရိပ်
ဆရာတော်ကို မြန်မာသက္ကရာဇ် ၁၂၉၅ ခု ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ခရစ်နှစ် ၁၉၃၃ ခု ဇူလိုင်လ ၁၉ ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအစ်ကို မောင်နှမ ငါးယောက်အနက် တတိယမြောက် သားရတနာ ဖြစ်သည်။ ၁၃၀၈ ခုနှစ် နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။၁၃၁၅ ခုနှစ် ပထမဝါဆိုလဆန်း ၅ ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိ ဖြစ်သည်။
အင်တိုင်းရွာ တောင်ကျောင်းဆရာတော် ဦးရဝိန္ဒ၊ ဆရာတော် ဦးကောဝိဒတို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင် ပညာသင်ခဲ့သည်။
၁၃၁၂ ခုနှစ် နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမစာသင်တိုက်သို့ ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။
၁၃၁၄ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၂ ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်းသို့ ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။
၁၃၁၅ ခုနှစ် နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။
မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟစာချတန်းများကို အောင်မြင်သဖြင့် မစိုးရိမ်တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချအဖြစ်သို့ ရောက်ရှိခဲ့သည်။
မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ်တိတိ စာချပြီး ၁၃၂၉ ခုနှစ် တပို့တွဲလ၌ စိန်ပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ်ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။
ထိုအချိန်က မစိုးရိမ်တိုက်သစ် တစ်တိုက်လုံး စာသင်သား သံဃာ ၆၃-ပါးမျှသာ ရှိသည်။
သံဃာဦးရေ တဖြည်းဖြည်း တိုးပွားလာရာ ၁၃၅၀ ခုနှစ်၌ သံဃာ တစ်ထောင်ကျော်အထိ တိုးတက်လာသည်။
ယခုအချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။
စိန်ပန်း မစိုးရိမ်တိုက်သစ်၌ သံဃာများလွန်းသဖြင့် ပြည်ကြီးတံခွန်မြို့နယ်၌ မစိုးရိမ်တိုက်သစ် တစ်တိုက် တည်ထောင်ခဲ့သည်။
ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀ ကျော်ခန့် နေထိုင် သီတင်းသုံးလျက် ရှိသည်။
ယင်းတိုက်သစ်၌လည်း စာသင်သား သံဃာများ တဖြည်းဖြည်း တိုးတက်လာပြီး၊ သောက်သုံးရေ အဆင်မပြေလှသောကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရားအနောက်ဖက်၌ မစိုးရိမ်တိုက်သစ် အမှတ်(၃)ကို တည်ထောင်ပေးခဲ့သည်။
ယင်းတိုက်၌ စာသင်သား သံဃာ ၁၀၀ ကျော် သီတင်းသုံး နေထိုင်လျက် ရှိသည်။
ဆရာတော်သည် ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ နေ့စဉ် ကိုယ်တိုင် စာပေပို့ချ သာသနာပြုလျက် ရှိသည်။
ယခုအခါ သက်တော် (၇၈)နှစ်ပြည့်ရန် တစ်လကျော်မျှသာ လိုတော့သည်။
ဆရာတော်ကိုယ်တိုင် သံဝေဂဉာဏ် အထူးပွားများ၍ တကာ တကာမတို့ကိုလည်း သံဝေဂဖြစ်အောင် သံဝေဂတရားများသာ ဟောကြားလေ့ရှိသည်။
+++++
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ သံဝေဂသြဝါဒကထာ ဟောကြား ချီးမြှင့်ရာ အရှင်ရဋ္ဌပါလနှင့် ကောရဗျမင်းကြီးတို့၏ အမေးအဖြေကို ကောက်နုတ်ကာ လင်္ကာများဖြင့် ဟောကြားပြီး၊ ၁၉၃၅ ခုနှစ်က ဆရာဇော်ဂျီ ဖွဲ့ဆို ရေးစပ်ခဲ့သော “သင်သေသွားသော်” ကဗျာကိုလည်း မှတ်သားဖွယ် ထည့်သွင်း ဟောကြားသွား၏။
သံဝေဂသြဝါဒကထာ လင်္ကာများ
- ဆိုးပင်ပျိုးက၊ ဆိုးကျိုးရ၊ လောကဓမ္မတာ။
- ပူရုပ်ဖြစ်လာ၊ အေးရုပ်မှာ၊ သေချာ ပျက်ပေသည်။
- အေးရုပ်ဖြစ်လာ၊ ပူရုပ်မှာ၊ သေချာ ပျက်ပေသည်။
- မီးတောက်သေရာ၊ မီးရောင်ဝါ၊ မကွာ ပျက်စီး၏။
- ထို့တူမခြား၊ ရုပ်ပျက်ငြား၊ ဓာတ်သား နာမ်ပျက်၏။
- ‘ဇရာ’‘ဗျာဓိ’၊ ‘ဘော’‘ဉာတိ’၊ ပါရိဇုည လေး။ (ပါရိဇုည = ပျက်စီးခြင်း)
- နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊ အိုခြင်းနောက်ဆုံး ရှိချေ။
- ခန္ဓကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍ မပျို၊ အိုသာ အိုခဲ့။
- ရောဂါကင်းရှင်း၊ ကျန်းမာခြင်းကား၊ နာခြင်းနောက်ဆုံး ရှိချေ၏။
- ဝိညာဉ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏။
- ပုခက်နှင့်ပေ၊ ဝေးလေလေ၊ နီးလေ သင်္ချိုင်းပေတကား။
သြော် ... လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁၊ ဒီဇင်ဘာ ၁၉၃၅)
Sunday, June 12, 2011
ဓမ္မပဒသင်တန်း - ၂ (၁၁-ဇွန်-၂၀၁၁)
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် ဇွန်လ ၁၁ ရက် စနေနေ့ မွန်းလွဲ ၃ နာရီခွဲ၌ ဓမ္မပဒသင်တန်း အပတ်စဉ် (၂)ကို ကျင်းပ ပြုလုပ်ရာ လောကချမ်းသာဆရာတော်က မာဂဏ္ဍိယသုတ်လာ မှတ်သားဖွယ်ရာများ၊ အဘိဓမ္မာ အဟိတ်စိတ်များအကြောင်းနှင့် ဓမ္မပဒဂါထာ အမှတ် (၂)တို့ကို ပို့ချ သင်ကြားပေး၏။
ညနေတွင် လောကချမ်းသာ စနေနေ့ တရားပွဲအဖြစ် အရှင်ပညာနန္ဒက “အကြောင်းကင်း အကျိုးရှင်း”တရားတော်ကို အဆုံးသတ်အပိုင်းကို ဟောကြား ချီးမြှင့်၏။
သာဓု ... သာဓု ... သာဓု။
ညနေတွင် လောကချမ်းသာ စနေနေ့ တရားပွဲအဖြစ် အရှင်ပညာနန္ဒက “အကြောင်းကင်း အကျိုးရှင်း”တရားတော်ကို အဆုံးသတ်အပိုင်းကို ဟောကြား ချီးမြှင့်၏။
သာဓု ... သာဓု ... သာဓု။
Tuesday, June 7, 2011
Subscribe to:
Posts (Atom)