နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်းပြီး၊ နံနက် ၁၁ နာရီတွင် သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။
ကြွရောက်လာကြသော ဧည့်ပရိသတ်အား ကိုတင်ဝင်း-မစန္ဒာ မိသားစု၊ မောင်နှမများက မုန့်ဟင်းခါး၊ မြန်မာအချိုမုန့်များဖြင့် ကျွေးမွေး ဧည့်ခံကြ၏။
မွန်းလွဲ ၁-နာရီတွင် သံဃာတော်များက ဘုရားအနေကဇာတင်ခြင်းနှင့် ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ကြပြီး၊ ပရိသတ်များက လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓဝင် ဘုရားရှိခိုး လင်္ကာများကို ရွတ်ဆို ပူဇော်ကြသည်။
ထိုနောက် လောကချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ ခေတ္တသီတင်းသုံးနေသော မြန်မာနိုင်ငံ၊ ချောက်မြို့၊ အေးစေတီရပ်၊ မဟာဝိဇိတာရုံ ဆင်ဖြူကျွန်းကျောင်းတိုက်၏ ပဓာနနာယက ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာနိန္ဒက အနုမောဒနာတရား ချီးမြှင့်၏။
ပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို ရေစက် သွန်းချ အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။










No comments:
Post a Comment