Wednesday, April 8, 2009

တရားတော်မြတ်


တတိယသင်္ဂါယနာကို တင်တော်မူကြတဲ့အခါ အသောကမင်းတရားကြီးက ပစ္စည်းလေးပါး ပြည့်စုံအောင် ထောက်ပံ့ခဲ့တယ်။

သံဃာတော် အရှင်သူမြတ်များကို မေးလျှောက်တာတစ်ခုက - “အရှင်သူမြတ်တို့ဘုရား၊ ဗုဒ္ဓမြတ်စွာ ဟောပြတော်မူခဲ့တဲ့ တရားတွေဟာ ဘယ်လောက်ရှိပါသလဲ ဘုရား” တဲ့။

အဲဒီတော့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သူမြတ်က အဖြေ ပေးတော်မူတယ်။

“ပိဋကတ်အားဖြင့် သုံးပုံတဲ့ - သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ ပါပဲ။
နိကာယ်အားဖြင့် ငါးရပ် - ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ ခုဒ္ဒကနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တုရနိကာယ် တို့ပါပဲ။
အင်္ဂါအားဖြင့် ကိုးတန် - သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန၊ ဣတိဝုတ္တက၊ ဇာတက၊ အဗ္ဘုတဓမ္မ၊ ဝေဒလ္လ လို့ (၉)ပါး ဖြစ်ပါတယ်။
ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိတယ်” လို့ ဖြေကြားခဲ့ပါတယ်။


ဂန္ထဝင်စာပေမှ ၂၀၀၈ ခုနှစ် မေလတွင် ပထမအကြိမ် ထုတ်ဝေသော ရေစကြိုဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာရိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ “ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ” ဒုတိယတွဲ၊ စာ-၂၄၉-၂၅၀

No comments: