Monday, March 31, 2014

ဝိသုဒ္ဓိမဂ်မိတ်ဆက် (၈)၊ ကမ္မဋ္ဌာန်းပိုင်း နှင့် `ချမ်းသာရကြောင်း နည်းလမ်းကောင်း´

လောကချမ်းသာဆရာတော်ကြီးသည် မတ်လ (၂၄)ရက်နေ့က ဖလော်ရီဒါသို့ ကြွရောက်နေပြီး နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ဧပြီလ (၂)ရက်နေ့မှ ပြန်လည် ကြွရောက်လာမည်ဖြစ်ရာ၊ ၂၀၁၄-ခုနှစ် မတ်လ (၂၉)ရက်နေ့တွင် တစ်ရက်တရားစခန်းမရှိဘဲ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် ဆရာတော် အရှင်ပညာဇောတက ဝိပဿ နာဆိုင်ရာ တရားတော်ကို ဟောကြား၏။

မွန်းလွဲ ၃း၁၅ နာရီတော် ဆရာတော် အရှင်ဝဏ္ဏိတက ဝိသုဒ္ဓိမဂ်မိတ်ဆက် အပိုင်း(၈)ကို သင်ကြား ပို့ချပြီး၊

DSC01632 (1024x768) DSC01634 (1024x768)
DSC01637 (1024x639) DSC01640 (1024x613)
DSC01642 (1024x610)

ဒုတိယ စာသင်ချိန်တွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ၊ ကမ္မဋ္ဌာန်းပိုင်းကို ဆက်လက် ပို့ချကာ၊

DSC01645 (1024x639) DSC01646 (1024x637)
DSC01649 (1024x669)
DSC01650 (1024x679)

လောကချမ်းသာ ဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ပညာဇောတက `ချမ်းသာရကြောင်း နည်းလမ်းကောင်း´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။

DSC01651 (1024x768)
DSC01655 (1024x768)

Tuesday, March 25, 2014

ဝိသုဒ္ဓိမဂ်မိတ်ဆက် (၇)၊ ကမ္မဋ္ဌာန်းပိုင်းနှင့် `အသိသည် တန်ဖိုး´

၂၀၁၄-ခုနှစ် မတ်လ ၂၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿ နာဆိုင်ရာတရားတော်ကို ချီးမြှင့်၏။

DSC01613 (1024x768)

+++++

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဝဏ္ဏိတက ဝိသုဒ္ဓိမဂ်မိတ်ဆက် အပိုင်း(၇)ကို ဟောကြား ပို့ချပြီး၊

DSC01616 (1024x768)
DSC01619 (1024x768)

ဒုတိယ စာသင်ချိန် အဘိဓမ္မာသင်တန်း၌ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ ကမ္မဋ္ဌာန်းပိုင်းကို သင်ကြား ပို့ချလေသည်။

DSC01623 (1024x768)
DSC01625 (1024x768)

ညနေ လောကချမ်းသာဆည်းဆာတရားပွဲဝယ် ဆရာတော် အရှင်ပညာဇောတက `အသိသည် တန်ဖိုး´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

DSC01631 (1024x768)