Monday, April 11, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၀၉-ဧပြီ-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ စနေနေ့ ဓမ္မသင်တန်းများကို ၂၀၁၆-ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် ပြုလုပ်မြဲ ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ ဂါထာ ၁၃၅ ကို သင်ကြား ပို့ချပေး၏။

ပြီးသော် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာနှင့် ဆဆက္ကသုတ်တော်တို့ကို ပို့ချပေးလေသည်။

ညနေ ၅-နာရီခွဲတွင် မြန်မာနှစ်သစ်အကြို လောကချမ်းသာဘုရားကျောင်းဆရာတော်များအား ပူဇော် ကန်တော့ခြင်း၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဝေယျာဝစ္စအဖွဲ့မှ အသက်ကြီးသူများအား ကန်တော့ခြင်း၊ ဓမ္မသင်တန်းသူ သင်တန်းသားများအနက် အသက်ကြီးသူများအား ကန်တော့ခြင်း ဆောင်ရွက်ကြ၏။

ထိုနောက် မင်္ဂလသုတ်တရားတော်ကို ရွတ်ဖတ် ပူဇော်ကြပြီး -

ဆည်းဆာတရားပွဲတွင် အရှင်ဉာဏိဿ ရ (မော်လူး)က ဓမ္မဒါန ပြု၏။

Monday, April 4, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၀၂-ဧပြီ-၂၀၁၆)

၂၀၁၆-ခုနှစ် ဧပြီလ (၂)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီထိ တရားရှုမှတ်ကြပြီး၊ ဓမ္မပဒ ဂါထာ ၁၃၃-၁၃၄ ကောဏ္ဍဓာနတ္ထေရ၀တ္ထုကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

အဘိဓမ္မာနှင့် ဆဆက္ကသုတ် သင်တန်းကို ဆရာတော် အရှင်ပညာဇောတက ဆက်လက် သင်ကြား ပို့ချပေးကာ -

ဆည်းဆာတရားပွဲကို မတ်လ (၂၉)ရက်နေ့တွင် မြန်မာပြည်မှ ကြွရောက်လာသော ညောင်ကန်အေး-လောကချမ်းသာ ပရဟိတကျောင်း ဆရာတော် အရှင်ဉာဏိဿ ရ(မော်လူး)က ဓမ္မဒါနပြုလေသည်။