Sunday, November 3, 2013

မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထုနှင့် ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာ သြဝါဒတရားတော် ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဗာလဝဂ်၊ ဂါထာ ၆၁၊ မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထုကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်အကြောင်းကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက သင်ကြား ပို့ချပေး၏။

ဆရာတော် အရှင်ဝိမလမှာ အောက်တိုဘာလ ၂၁-ရက်နေ့က မြန်မာပြည်သို့ ခေတ္တ ပြန်လည် ကြွရောက်သွားပြီး၊ ဆရာတော် အရှင်ပညာဇောတမှာ နိုဝင်ဘာလ ၅-ရက်နေ့တွင် မြန်မာပြည်မှ ပြန်လည် ရောက်ရှိမည်ဖြစ်ရာ ဆည်းဆာတရားပွဲ မရှိပေ။

DSC00646 (1024x768)
DSC00649 (1024x768)
DSC00654 (1024x768)

Thursday, October 31, 2013

(၃၁)ကြိမ်မြောက် ဘုံကထိန်ပွဲတော် (၂၀-အောက်တိုဘာ-၂၀၁၃)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ (၃၁)ကြိမ်မြောက် ကထိန်ပွဲတော်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၀-ရက်နေ့တွင် ကျင်းပပြုလုပ်၏။ အလှူရှင် ကိုမျိးသန်းတင်နှင့် မခိုင်ဇင်ဦး မိသားစုတို့က ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပွဲတော်လာ ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးနှင့် မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေး လှူဒါန်းကြ၏။

ကထိန်အနုမောဒနာတရားတော်ကို လောကချမ်းသာဆရာတော်ကြီးက ချီးမြှင့်ရာ `သင်္ဂဟတရားလေးပါး´တရားတော်ကို ဟောကြား၏။

(လင်္ကာ)

ပေးကမ်းရက်ရော၊ အပြောချိုသာ

သူ့ကျိုးဆောင်ရွက်၊ မပျက်စေရာ

တန်းတူကိုယ်နှင့်၊ အသင့်ထားပါ

ကြီးပွားရေး မနှေးဤလေးဖြာ။

+++++

DSC00569 (1024x768)
DSC00573 (1024x768)
DSC00574 (1024x768)
DSC00582 (1024x768)
DSC00584 (1024x768)
DSC00596 (1024x768)
DSC00604 (1024x768)
DSC00611 (1024x768)
DSC00620 (1024x768)
DSC00626 (1024x768)