Thursday, October 17, 2013

အညတရပုရိသ၀တ္ထု၊ ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်နှင့် `သာရိပုတ္တသုတ္တန်´

၂၀၁၃ ခုနှစ် အောက်တိုဘာလ (၅)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။ မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလ၀ဂ် ဂါထာ ၆၀ - အညတရပုရိသ၀တ္ထုအကြောင်းကိုလည်းကောင်း၊ ၄း၃၀ နာရီတွင် ဆရာတော် အရှင်ဉာဏိဿရ(မော်လူး)က အဘိဓမ္မာခုနစ်ကျမ်းမှ ယမိုက်နှင့် ပဋ္ဌာန ပါဠိတော် ကောက်နုတ်ချက်တို့ကို သင်ကြား ပို့ချပေးကြပြီး၊ ညနေ ၅း၄၀ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း ပဋိစ္စသမုပ္ပါဒ်ကို သင်ကြားကာ ညနေ ၇ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲဝယ် ဆရာတော် အရှင်ဝိမလက အရှင်သာရိပုတ္တထေရ်သုတ္တန်ကို ဓမ္မဒါနပြု ဟောကြား၏။

DSC00380 (1024x768)
DSC00387 (1024x640)
DSC00390 (1024x653)
DSC00393 (1024x649)
DSC00396 (1024x721)
DSC00398 (1024x604)
DSC00401 (1024x768)

Monday, October 14, 2013

အညတရပုရိသ၀တ္ထု၊ ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်နှင့် အာဒိတ္တသုတ္တန်

၂၀၁၃ ခု စက်တင်ဘာလ ၂၁-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများတွင် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ချိန်၌ လောကချမ်းသာဆရာတော်ကြီး ကိုယ်လက် မအီမသာရှိ၍ တရား မချီးမြှင့်နိုင်ပေ။ မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီအထိ ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလ၀ဂ်၊ ဂါထာ ၆၀-အညတရပုရိသ၀တ္ထုအကြောင်းကိုလည်းကောင်း၊ ၄း၄၅ နာရီမှ ၅း၄၀ နာရီထိ ဆရာတော် ဦးဝိမလက ကထာဝတ္ထုပါဠိတော်ကောက်နုတ်ချက်တို့ကိုလည်းကောင်း၊ ညနေ ၆ နာရီမှ ၆း၅၀ နာရီထိ ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်ပိုင်းကိုလည်းကောင်း သင်ကြား ပို့ချပေးကြပြီး၊ ၇း၁၅ နာရီတွင် ဆရာတော် ဦးဉာဏိဿရ(မော်လူး)က အာဒိတ္တသုတ္တန်တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။
DSC00347
DSC00351
DSC00353
DSC00357
DSC00361
DSC00365
DSC00366
DSC00369
DSC00371