နံနက်တွင် ဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ ဆက်ကပ်လှူဒါန်း ပူဇော်ကြပြီး၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။




ထိုနောက် မွန်းလွဲ ၁-နာရီမှ ၂-နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားဟောကြား၏။
မွန်းလွဲပိုင်းတွင် ၄-ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ကြ၏။





အချိန်ရခိုက် - နောက်ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် နိဗ္ဗာန်ဈေးအတွက် သစ်သီးစုံဗူးများ ပြင်ဆင် လုပ်အားပေးကြသေး၏။

ဆရာစောက အဆာပြေ စားကြဖို့အတွက် ဟင်းအဖြစ် ၀က်ခေါင်းသုတ် လက်စွမ်းပြ၏။
ညနေတွင် သီတင်းကျွတ်မီးထွန်းပွဲနှင့် အာစရိယပူဇော်ပွဲတို့ကို ဆက်လက် ပြုလုပ်ကြကာ -






ဆရာတော် ဘဒ္ဒန္တစိန္တိတာလင်္ကာရက ဓမ္မဒါန တရားဟောကြား၏။

No comments:
Post a Comment