မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပုပ္ဖဝဂ်လာ ဂါထာ ၅၆-မဟာကဿပတ္ထေရပိဏ္ဍပါတဒိန္နဝတ္ထုအကြောင်းကိုလည်းကောင်း၊ ၄-နာရီခွဲတွင် ဆရာတော် အရှင်ဝိမလက အဘိဓမ္မာပိဋကလာ ဝိဘင်္ဂကျမ်းအကြောင်းကိုလည်းကောင်း၊ ညနေ ၅-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတ အဘိဓမ္မာသင်တန်းအဖြစ် သမုစ္စည်းပိုင်း၊ သဗ္ဗသင်္ဂဟကိုလည်းကောင်း သင်ကြား ပို့ချပေးကြ၏။
ညနေ ၇-နာရီ လောကချမ်းသာဆည်းဆာတရားပွဲဝယ် ဆရာတော်အရှင်ဝိမလက `ကိလေသာနည်းပါးစေရေး´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။





No comments:
Post a Comment