ရှေးဦးစွာ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီ၊ ၀ါဆိုပန်း ကပ်လှူ ပူဇော်ခြင်းနှင့် တရားရှုမှတ်ခြင်းတို့ဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။
ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ညနေ ၄-နာရီခွဲမှ ၇ နာရီအထိ ကျင်းပ ပြုလုပ်ပြီး ဓမ္မစကြာပါဠိတော်နှင့် သပြေကန်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ နှိုးဆော်ချက်လင်္ကာ၊ အမေး-အဖြေလင်္ကာတို့ကို ရွတ်ဆို ပူဇော်ခြင်း၊ ဟေမ၀တသုတ် ပါဠိတော်၊ မြန်မာ၊ ညောင်ကန်အေးဆရာတော် အရှင်ဣန္ဒက ရေးဖွဲ့သော အမေး လင်္ကာများနှင့် မဟာစည်ဆရာတော်ဘုရားကြီး၏ အဖြေ လင်္ကာများကို ရွတ်ဆို ပူဇော်ခြင်း၊ အနတ္တလက္ခဏသုတ် ပါဠိတော်နှင့် အရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်)၏ အနတ္တလက္ခဏသုတ် လင်္ကာများကို ရွတ်ဆို ပူဇော်ကြ၏။





No comments:
Post a Comment