Monday, May 23, 2016

ကဆုန်လပြည့် ဗုဒ္ဓနေ့ (၂၁-မေ-၂၀၁၆)

၂၀၁၆-ခုနှစ် မေလ (၂၁)ရက် စနေနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၈-ခုနှစ် ကဆုန်လပြည့်နေ့ ဖြစ်သောကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်မှုများအဖြစ် နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။



ထိုနောက် လောကချမ်းသာဘုရားကျောင်းရှိ သံဃာတော်များအား ဒေါက်တာမြတ်မြတ်မွန်နှင့် မိတ်ဆွေများက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။



မွန်းလွဲ ၁-နာရီတွင် နယူးယောက်မြို့သို့ ကြွရောက်ရှိနေသော လှိုင်မဟာစည်ဆရာတော်ကြီးက ဆွမ်းအနုမောဒနာတရား ချီးမြှင့်ပြီး -



လှိုင်မဟာစည်ဆရာတော်ကြီးနှင့်အတူ လိုက်ပါလာကြသော ဆရာတော် အရှင်ပညာသာမိနှင့် ဆရာလေး ဒေါ်ကဉ္စနသိရီတို့က လမ်းလျှောက်တရားရှုမှတ်ပုံကို ပြသ သင်ကြားပေးကြ၏။





ညနေ ၄-နာရီတွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ကာ ကောင်းမှုကုသိုလ် ပွားများကြလေသည်။

Tuesday, May 17, 2016

ကဆုန်လပြည့် ဗုဒ္ဓနေ့ - အေဘီဘီအေ (၁၅-မေ-၂၀၁၆)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော်ကို ၂၀၁၆-ခုနှစ် မေလ (၁၅)ရက် တနင်္ဂနွေနေ့တွင် အသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။



ပွဲတော်၌ ဒေါက်တာတင်မြင့်+ဒေါက်တာခင်ခင်လှ မိသားစုက ကော်ရည်ခေါက်ဆွဲနှင့် မြန်မာအချိုမုန့်များဖြင့် အဟာရဒါန ပြု၏။

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၁၄-မေ-၂၀၁၆)

၂၀၁၆-ခုနှစ် မေလ ၁၄-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်မြဲ ဓမ္မသင်တန်းများကို ပြုလုပ် ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြပြီး ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ ၁၄၁၊ ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထုကို ပို့ချပေး၏။



ထိုနောက် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချပေးပြီး



ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါန ပြု၏။

Monday, May 9, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၇-မေ-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၆-ခုနှစ် မေလ (၇)ရက် စနေနေ့၌ ဓမ္မသင်တန်းများကို ပြုလုပ် ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။



မွန်းလွဲ ၃-နာရီခွဲ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ ၁၃၇-၁၄၀ မဟာမောဂ္ဂလ္လာနတ္ထေရ၀တ္ထုကို ပို့ချပေးပြီး -



ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်းနှင့် ဥက္ကစေလသုတ်တို့ကို သင်ကြား ပို့ချပေးသည်။



ညနေ ဆည်းဆာတရားပွဲ မစမီ လယ်တီဆရာတော်ကြီးနှင့် လယ်တီ အရှင်ကေလာသ (ပါဠိပါရဂူ)တို့၏ ဗုဒ္ဓ၀င်လင်္ကာများကို ရွတ်ဆို ပူဇော်ကြပြီး၊



ဆရာတော် အရှင်ဝိမလက တရားဓမ္မဟောကြား ဓမ္မဒါနပြုလေသည်။