ကထိန်အနုမောဒနာတရားတော်ကို လောကချမ်းသာဆရာတော်ကြီးက ချီးမြှင့်ရာ `သင်္ဂဟတရားလေးပါး´တရားတော်ကို ဟောကြား၏။
(လင်္ကာ)
ပေးကမ်းရက်ရော၊ အပြောချိုသာ
သူ့ကျိုးဆောင်ရွက်၊ မပျက်စေရာ
တန်းတူကိုယ်နှင့်၊ အသင့်ထားပါ
ကြီးပွားရေး မနှေးဤလေးဖြာ။
+++++










ကထိန်အနုမောဒနာတရားတော်ကို လောကချမ်းသာဆရာတော်ကြီးက ချီးမြှင့်ရာ `သင်္ဂဟတရားလေးပါး´တရားတော်ကို ဟောကြား၏။
(လင်္ကာ)
ပေးကမ်းရက်ရော၊ အပြောချိုသာ
သူ့ကျိုးဆောင်ရွက်၊ မပျက်စေရာ
တန်းတူကိုယ်နှင့်၊ အသင့်ထားပါ
ကြီးပွားရေး မနှေးဤလေးဖြာ။
+++++
မြန်မာနှစ် ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့လည်း ဖြစ်ရာ၊ အမေရိကန် အရှေ့ပိုင်းဒေသ သံဃာတော်များ ပ၀ါရဏာပွဲပြုလုပ်ရာ မေရီလင်းပြည်နယ်ရှိ မင်္ဂလာရာမကျောင်းသို့ ကြွရောက် ပ၀ါရဏာပြုကြ၏။ ဘုရားကျောင်း၌ လောကချမ်းသာဆရာတော်ကြီးတစ်ပါးသာ ကျန်ရစ်၏။
နံနက်တွင် လောကချမ်းသာဆရာတော်ကြီးအား စုပေါင်း ဆွမ်းကပ်လှူကြ၏။
မွန်းလွဲပိုင်းတွင် ထပ်မံ မှာယူထားသော သီတင်းကျွတ်မီးပုံးများကို ပြင်ဆင် ချိတ်ဆွဲကြပြီး၊ ၁း၃၀ နာရီမှ ၂း၃၀ နာရီအထိ တစ်နာရီ တရားရှုမှတ်ကြ၏။
မွန်းလွဲ ၃ နာရီတွင် တတိယအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ပြီး -
စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကြ၏။
ဘုရားမီး ပူဇော်ရန် ရောင်စုံမီးများ ပြင်ဆင်နေကြစဉ် ကြွရောက်လာသော ဘင်္ဂလားဒေ့ရှ်ဆရာတော်က ဓမ္မစကြာပုံ ပြုလုပ်ရန် အကြံပြုသဖြင့် ပြန်လည် နေရာချ ပြင်ဆင်ကြ၏။
သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် အရှင်သာရိပုတ္တသုတ်ကိုလည်း စုပေါင်း ရွတ်ဖတ် ပူဇော်ကြပြီး၊ ရတနာသုံးပါး မိဘ ဆရာသမားတို့ကိုလည်းကောင်း၊ လောကချမ်းသာဆရာတော်နှင့် ဘင်္ဂလားဒေ့ရှ်ဆရာတော်တို့ကိုလည်းကောင်း ၀ါကျွတ် ပူဇော်ကန်တော့ကြလေသည်။
အခမ်းအနားသို့ ၂၀၁၃ ခုနှစ် အဘိဓမ္မာသင်တန်းသူ သင်တန်းသားများအပြင် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အသင်းအမှုဆောင်များ၊ အသင်း၏ ဝေယျာဝစ္စ အဖွဲ့သူ အဖွဲ့သားများ၊ ဓမ္မမိတ်ဆွေများလည်း လာရောက်ကြသည်အနက် အသက်အရွယ် အကြီးဆုံးဖြစ်သော ဝေယျာဝစ္စအဖွဲ့မှ ဦးဘိန်ချွန်းအား ၀ါကျွတ် ကန်တော့ကြ၏။
သီတင်းကျွတ် မီးထွန်းပွဲကို တွေ့မြင်ကြလိုသော ကလေးငယ်များလည်း လာရောက်ကြရာ နောင်ဆယ်စုနှစ်များ ကြာလျှင် ဤကလေးငယ်များကိုယ်တိုင် ဦးဆောင် ပါဝင်လျက် သီတင်းကျွတ်ပွဲတော်များ ဆင်နွှဲကြလိမ့်မည်ဟု မျှော်လင့်ရပေသည်။
မွန်းလွဲ ၃ နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတနှင့် အရှင်ဉာဏိဿရ(မော်လူး)တို့ အပါအ၀င်၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို အစမ်း လေ့ကျင့် ပြုလုပ်ကြ၏။
ညနေ ၆ နာရီခွဲတွင် သီတင်းကျွတ်မီးပုံးများ ပြင်ဆင် ချိတ်ဆွဲကြပြီး၊ ညနေ ၇ နာရီတွင် ဆရာတော်များအား စုပေါင်း ကန်တော့ကြရာ ဆရာတော်များ အသီးသီးက သြ၀ါဒ ချီးမြှင့်ကြ၏။