Monday, October 17, 2011

အေဘီဘီအေ စုပေါင်း ဘုံကထိန်ပွဲတော် (၁၆-အောက်တိုဘာ-၂၀၁၁)

နယူးယောက်မြို့ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၉-ကြိမ်မြောက် စုပေါင်း ဘုံကထိန်ပွဲတော်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း ရေချမ်း ဆီမီး ဆွမ်းတို့ဖြင့် ဆက်ကပ် ပူဇော် လှူဒါန်းကြပြီး၊ နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

ပွဲတော်သို့ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့အား အလှူရှင် ဒေါက်တာတင်မြင့် + ဒေါက်တာခင်ခင်လှ မိသားစုတို့က မုန့်ဟင်းခါး၊ မြန်မာမုန့်မျိုးစုံတို့ဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။

မွန်းလွဲ ၁ နာရီတွင် ဆရာတော် ဦးစက္ကိန္ဒက အနုမောဒနာတရား ဟောကြားပြီး၊ ကထိန်သင်္ကန်း စုပေါင်း ကပ်လှူကြကာ ကောင်းမှုကုသိုလ်တို့ကို အမျှပေးကြလေသည်။

သာဓု ... သာဓု ... သာဓု။















No comments: