Monday, November 18, 2013

သာမညဖလအခါတော်နေ့

မြန်မာနှစ် ၁၃၇၅-ခု တန်ဆောင်မုန်းလဆန်း ၁၄-ရက်၊ ခရစ်နှစ် ၂၀၁၃-ခု နိုဝင်ဘာလ ၁၆-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းသူ သင်တန်းသားများသည် ဘုရားအမှူးရှိသော သံဃာတော်များအား ဒေါက်တာဦးလှဖေ၏ (၉၄)နှစ်မြောက် မွေးနေ့အလှူနှင့်အတူ ပါဝင် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ကြပြီး၊ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ အဘိဓမ္မာသင်တန်း ပြုလုပ်ရာ ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ပစ္စည်းပိုင်း၊ ပဋ္ဌာန်းနည်းကို သင်ကြား ပို့ချပေး၏။

DSC00715 (1024x768)

ညနေ ၄-နာရီခွဲမှ ၆-နာရီထိ မြန်မာပြည် တန်ဆောင်တိုင် နိဗ္ဗာန်ဈေးအမှတ်တရ မယ်ဇလီဟင်းချိုနှင့် အစုံသုတ် ပြုလုပ် စားသောက်ကြပြီး၊ ညနေ ၆-နာရီတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ကျင်းပ ပြုလုပ်၏။

DSC00732 (1024x768)
DSC00734 (1024x768)
DSC00741 (1024x768)
DSC00744 (1024x768)
DSC00750 (1024x768)
DSC00758 (1024x768)

ညနေ ၆ နာရီခွဲတွင် သာမညဖလသုတ် ပါဠိတော်ကောက်နုတ်ချက်ကို ရွတ်ဆို ပူဇော်ကြပြီး၊ လောကချမ်းသာဆရာတော်က သာမညဖလအခါတော်နေ့တရားတော်ကို ဟောကြား ချီးမြှင့်လေသည်။

DSC00764 (1024x768)
DSC00768 (1024x768)
DSC00777 (1024x768)

မဟာစည်ဆရာတော်ဘုရားကြီး၏ နီဝရဏ ၅-ပါး တရားတော်ဆောင်ပုဒ်

၁။ နှစ်သက်လိုချင်၊ ကြွေးမြီတင်၊ အလျင် ပယ်ဖျောက်လေ။

၂။ စိတ်ပျက်စိတ်ဆိုး၊ ရောဂါမျိုး၊ နှိပ်ချိုး ပယ်ဖျောက်လေ။

၃။ ထိုင်းမှိုင်းပျင်းရိ၊ ချုပ်နှောင်မိ၊ မှတ်သိ ပယ်ဖျောက်လေ။

၎။ ပျံ့လွင့်ပူပန်၊ သူ့ကျွန်ခံ၊ အမြန် ပယ်ဖျောက်လေ။

၅။ ယုံမှားဒွိဟ၊ လမ်းနှစ်ခွ၊ တွေ့က ပယ်ဖျောက်လေ။

ဒေါက်တာဦးလှဖေ၏ (၉၄)နှစ်မြောက် မွေးနေ့မင်္ဂလာ

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အစဦးတည်ထောင်ခဲ့စဉ် ဒါရိုက်တာအဖွဲ့တွင် ပါဝင်ခဲ့သော ဒေါက်တာဦးလှဖေ၏ ၉၄-နှစ်မြောက် မွေးနေ့ကို ၂၀၁၃-ခုနှစ် နိုဝင်ဘာလ ၁၆-ရက် စနေနေ့တွင် ကျင်းပ ပြုလုပ်ရာ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး၊ ကြွရောက်လာသော ဧည့်ပရိသတ်များအားလည်း ဒန်ပေါက်ထမင်းဖြင့် ဧည့်ခံ ကျွေးမွေး၏။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ပဓာန နာယကဆရာတော် လောကချမ်းသာဆရာတော်က မွေးနေ့မင်္ဂလာတရားတော်ကို ဟောကြား ချီးမြှင့်၏။

DSC00694 (1024x768)
DSC00699 (1024x768)
DSC00701 (1024x768)
DSC00702 (1024x768)

Friday, November 15, 2013

တန်ဆောင်မုန်းလ (မြန်မာ့ဆယ့်နှစ်လအကြောင်း - မောင်ထင်)

ဆီမီးမြင်းမိုရ်၊ ကထိန်သင်္ကန်း မသိုးသင်္ကန်း - လုံးတော်ဆရာတော်

သာမညဖလသုတ်တော် မြန်မာပြန် - အရှင်ဇနကာဘိဝံသ

သာမညဖလသုတ်တော် (ပါဠိ)

သာမညဖလသုတ်တော် (မြန်မာ)

အဇာတသတ်မင်းအကြောင်း (မဟာဗုဒ္ဓဝင်-မင်းကွန်းဆရာတော်ဘုရားကြီး)

အာနန္ဒသေဋ္ဌိဝတ္ထု၊ ပစ္စည်းပိုင်း-ပဋ္ဌာန်းနည်းနှင့် `ပူးတွဲကျင့်သုံး အကောင်းဆုံး´

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၉-ရက် စနေနေ့ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ဓမ္မသင်တန်းများတွင် မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာ သြဝါဒတရားတော်ကိုလည်းကောင်း၊ မွန်းလွဲ ၃း၁၅ နာရီ ဓမ္မပဒသင်တန်းဝယ် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဗာလဝဂ်၊ ဂါထာ ၆၂ အာနန္ဒသေဋ္ဌိဝတ္ထုကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲ၌ အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း ပဋ္ဌာန်းနည်းကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင်လည်းကောင်း၊ ညနေ ၆ နာရီခွဲ ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ပညာဇောတက `ပူးတွဲကျင့်သုံး အကောင်းဆုံး´တရားတော်ကိုလည်းကောင်း ချီးမြှင့်၊ ပို့ချ၊ သင်ကြား၊ ဓမ္မဒါနပြု ဟောပြောကြလေသည်။

လင်္ကာ

နှစ်တစ်ရာတမ်း၊ သက်တမ်းယူကာ

ဖြစ်ကြရသည့်၊ များဘိလူဟာ

ကုသိုလ်မေ့ပြီး၊ ငိုက်မြည်းနေတာ

ဝဋ်ဒုက္ခ လွတ်ကြ ဘယ်အခါ။

သက်တမ်းတိုလှ၊ လူ့ဘဝ၊ မေ့ကြမသင့်ပြီ။

ကုသိုလ်တရား၊ ကျင့်ကြံပွား၊ အားထုတ်သင့်လှပြီ။

ဘဝတခွင်၊ သက်ရှင်စဉ်၊ ကျင့်စဉ် ပူးတွဲသုံးရမည်။

+++++

DSC00665 (1024x768)
DSC00673 (1024x768)
DSC00677 (1024x768)
DSC00681 (1024x768)

Sunday, November 3, 2013

မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထုနှင့် ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာ သြဝါဒတရားတော် ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဗာလဝဂ်၊ ဂါထာ ၆၁၊ မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထုကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်အကြောင်းကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက သင်ကြား ပို့ချပေး၏။

ဆရာတော် အရှင်ဝိမလမှာ အောက်တိုဘာလ ၂၁-ရက်နေ့က မြန်မာပြည်သို့ ခေတ္တ ပြန်လည် ကြွရောက်သွားပြီး၊ ဆရာတော် အရှင်ပညာဇောတမှာ နိုဝင်ဘာလ ၅-ရက်နေ့တွင် မြန်မာပြည်မှ ပြန်လည် ရောက်ရှိမည်ဖြစ်ရာ ဆည်းဆာတရားပွဲ မရှိပေ။

DSC00646 (1024x768)
DSC00649 (1024x768)
DSC00654 (1024x768)