'ဖွား' 'ပွင့်' 'နိဗ္ဗာန်'၊ စံချိန်တန်၍
သုံးတန်ဆုံဆည်း၊ အံ့ချီးမကုန်
လောကထွန်းလင်း၊ အေးမြခြင်းနှင့်
ကြည်လင်စိတ်ထား၊ မေတ္တာပွားစို့။
မြတ်စွာ ဗုဒ္ဓ၊ တရားပြလျက်
လောက ချမ်းသာ၊ အဖြာဖြာကို
ရရှိပိုင်စိုး၊ ကုသိုလ်တိုး၍
ဘေးရန်ခပ်သိမ်း၊ အေးငြိမ်းကြပါစေ။
ဇယမဏိ
No comments:
Post a Comment