Tuesday, April 12, 2011

နှစ်သစ်မှာ အချစ်စစ် ရှာခြင်း

၂၀၁၁ ခုနှစ် ဧပြီလ ၉ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် တစ်နာရီ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းနှင့် တရားပွဲတို့ကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တရားထိုင်ကြပြီး၊ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ဆရာတော် အရှင်စက္ကိန္ဒက အနတ္တလက္ခဏသုတ်တော်ကို သင်ကြား ပို့ချပေး၏။ ဗဟုသုတ တိုးပွားဖွယ် နိဗ္ဗာန်ရောက်ရန် ဝိသုဒ္ဓိခုနစ်တန်နှင့် “ဝိသုဒ္ဓိ ၇-ပါးနှင့် ဉာဏ်စဉ် ၁၀-ပါး/၁၆-ပါးတို့ ဆက်စပ်ပုံ”ကိုလည်း သင်ကြား ပြသသွား၏။



ညနေ ၅ နာရီတွင် စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ပညာနန္ဒက “နှစ်သစ်မှာ အချစ်စစ်ရှာမယ်” တရားတော်ဖြင့် ဓမ္မဒါနပြု ဟောကြား ချီးမြှင့်ရာ မြန်မာနှစ်သစ် အခါသမယ၌ ဒါန၊ သီလ၊ ဘာဝနာ အချစ်စစ်တို့ကို ရှာဖွေ အရယူသွားကြရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်း၏။




ငါ၏ကိုယ်တွင် လောဘဝင်က
ဝင်လာလောဘ အနိုင်ရအောင်
လောဘကင်းစင် ဘုရားရှင်ကို
ငါ .. အလျင် ကြည်ညိုမိပါ၏။

ငါ၏ကိုယ်တွင် ဒေါသဝင်က
ဝင်လာဒေါသ အနိုင်ရအောင်
ဒေါသကင်းစင် ဘုရားရှင်ကို
ငါ .. အလျင် ကြည်ညိုမိပါ၏။

ငါ၏ကိုယ်တွင် မောဟဝင်က
ဝင်လာမောဟ အနိုင်ရအောင်
မောဟကင်းစင် ဘုရားရှင်ကို
ငါ .. အလျင် ကြည်ညိုမိပါ၏။

တရားပွဲပြီးသော် ခေတ္တ တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

No comments: