Tuesday, April 26, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၂၃-ဧပြီ-၂၀၁၆)

၂၀၁၆-ခုနှစ် ဧပြီလ (၂၃)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်မြဲ ဓမ္မသင်တန်းများကို ကျင်းပပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဒဏ္ဍ၀ဂ်၊ ဂါထာအမှတ် ၁၃၆-အဇဂရပေတ၀တ္ထုကို သင်ကြားပေးပြီး၊

ဆရာတော် အရှင်ဉာဏိဿ ရ(မော်လူး)က အနာထပိဏ္ဍိကောဝါဒသုတ္တန်ကို ပို့ချပေး၏။

အဘိဓမ္မာသင်တန်းပို့ချပေးနေသော ဆရာတော် အရှင်ပညာဇောတ ခရီးထွက်နေသဖြင့် သင်တန်းမရှိပေ။

ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

Monday, April 18, 2016

မြန်မာနှစ်သစ်-၁၃၇၈ မင်္ဂလသုတ်ပူဇာ

၂၀၁၆-ခုနှစ် ဧပြီလ ၁၆-ရက်၊ ၁၃၃၇-ခုနှစ် နှောင်းတန်ခူးလဆန်း ၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မြန်မာနှစ်သစ်မင်္ဂလာအဖြစ် မြတ်စွာဘုရားအမှူးရှိသော လောကချမ်းသာဘုရားကျောင်း ဆရာတော်များအား နေ့ဆွမ်း စုပေါင်း ဆက်ကပ်ကြ၏။

မွန်းလွဲ ၁-နာရီတွင် ဆရာတော် အရှင်ဉာဏိဿရ (မော်လူး)က အနာထပိဏ္ဍိကကောဝါဒသုတ်ကို သင်ကြား ပို့ချပေးပြီး -

မွန်းလွဲ ၂း၁၅ မှ ၃း၀၀ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ညနေချမ်းတွင် မင်္ဂလသုတ်တော်ကို ရွတ်ဖတ် ပူဇော်ကြပြီး -

လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။